Main menu

Background

အာဆီယံနှင့် သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတို့အကြား ဆန်ဈေးကွက်

Wed, 02/10/2010 - 04:59 -- Anonymous (not verified)

အာဆီယံ- သြစတြေးလျ၊  နယူးဇီလန် လွတ်လပ်သော ကုန်သွယ်ရေး ဒေသ တည်ထောင်ခြင်း သဘောတူ စာချုပ် (Agreement Establishing the ASEAN-Austraie-New Zaland Free Trade Area-AANZ-FTA) အာဆီယံ - သြစတြေးလျ၊  နယူးဇီ လန် လွတ်လပ်သော ကုန်သွယ်ရေးဒေသ တည်ထောင်ခြင်း  သဘောတူစာ ချုပ် (AANZ - FTAသဘောတူ စာချုပ်) ကို အာဆီယံ စီးပွားရေးဝန်ကြီး များနှင့် သြစတြေးလျ၊ နယူးဇီလန် စီးပွားရေး ဝန်ကြီးများသည်  ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက ်နေ့တွင် ထိုင်းနိုင်ငံ ချအမ်(Cha-am)မြို့၌ လက်မှတ် ရေးထိုးခဲ့ကြပါသည်။ AANZ-FTA သဘောတူ စာချုပ်သည် သြစတြေးလျ၊ နယူးဇီလန်နှင့် အနည်းဆုံး အာဆီယံ (၄)နိုင်ငံက အတည်ပြုကြောင်း အကြောင်း ကြားပြီးပါက ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ စတင်အသက်ဝင်မည် ဖြစ်ပါသည်။ အကောက်ခွန် နှုန်းများ လျှော့ချ၊ ဖယ်ရှားခြင်းကို သဘောတူ စာချုပ် အသက်ဝင်သည့် ၂၀၀၉ ခုနှစ် မှစ၍ လျှော့ချ ဖယ်ရှားပေးရန် စီစဉ် ထားပါသည်။တစ်ခုတည်းသော ကတိကဝတ် (Single Undertaking) AANZ-FTA သဘောတူ စာချုပ် သည် ကုန်စည်ကုန်သွယ်ရေး (Trade in Goods)၊ ဝန်ဆောင်မှု ကုန်သွယ်ရေး (Trade in Services)၊ ရင်းနှီးမြှုပ်နှံမှု (Investment)၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Economic Cooperation) နှင့် ယင်းတို့နှင့် ဆက်စပ်လျက် ရှိသော ကိစ္စရပ်များ ပြည့်ပြည့်စုံစုံပါဝင် သည့် သဘောတူစာချုပ် ဖြစ်ပါသည်။ ယင်းသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းသည် ကုန်စည်ကုန်သွယ်မှု ဆိုင်ရာ ကတိကဝတ်များ၊ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကတိကဝတ်များကို တစ်ပေါင်းတည်း တစ်ခုတည်း ကတိကဝတ်များ အဖြစ် လိုက်နာအကောင်အထည်ဖော်ရန် သ ဘောတူခြင်း ဖြစ်ပါသည်။ အာဆီယံက ဆွေး နွေးဖက်နိုင်ငံများနှင့် CEP/FTA တည်ထောင်ရန် ဆွေးနွေး ညှိ နှိုင်းခဲ့သည့် သဘောတူ စာချုပ်များ အနက်AANZ-FTA သဘောတူ စာချုပ်သည် အပြည့်စုံဆုံးနှင့် ခေတ် အမီဆုံးသဘောတူစာချုပ်ဖြစ်ပါသည်။ကုန်စည်ကုန်သွယ်ရေး (Trade in Goods) သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့သည် လယ်ယာ၊ သားငါးနှင့် သစ်တောထုတ်ကုန်များ၊ စက်မှုထုတ် ကုန်များနှင့် ဓာတ်သတ္တုများ ထုတ်လုပ် တင်ပို့ရောင်းချရာ၌ ထိပ်တန်းနိုင်ငံများ ဖြစ်ပါသည်။ လယ်ယာသားငါးထုတ် ကုန်များ ထုတ်လုပ်တင်ပို့ရာ၌လည်း ကောင်း၊ ပြည်ပ တင်ပို့ ရောင်းချရာ၌ လည်းကောင်း၊ အစိုးရ ငွေကြေး အ ထောက်အပံ့ (Subsidy) မပေးသည့် နိုင်ငံများဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ (WTO) ၏ဖွံ့ဖြိုးပြီး အဖွဲ့ဝင် နိုင်ငံများ ဖြစ်သည် နှင့်အညီ ကုန်သွယ်မှု အတားအဆီးများကို လျှော့ချလျက်ရှိ ရာ သွင်းကုန်အကောက်ခွန်နှုန်းများ သည် အနိမ့်ဆုံးအဆင့်တွင် ရောက်ရှိ လျက် ရှိပါသည်။ ထို့ကြောင့် AANZ - FTAသဘော တူ စာချုပ် စတင် အသက်ဝင်သည့် အချိန်တွင် သြစတြေးလျ နိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့၏ အကောက်ခွန်လိုင်း အများစု သည် အကောက်ခွန်နှုန်း သုည ရာခိုင် နှုန်း (ဝ%)ရှိနေပြီ ဖြစ်ပါသည်။AANZ-FTA တွင် "ဆန်" ပါဝင်မှုအခြေအနေသြစတြေးလျနိုင်ငံ ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ပြည်ပသို့ ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပါသည်။ အရည်အသွေး မြင့်မားသည့် တန်းမြင့် ဆန်များ တင်ပို့ရောင်းချပါသည်။ ဆန် ကို ကုန်စည်ကုန်သွယ်ရေးတွင် ထည့် သွင်းထားပြီး ဆန်နှင့်ပတ်သက်သောHS.10.06 အောက်ရှိ အကောက်ခွန် လိုင်းအားလုံး၏  အခြေခံအကောက် ခွန်နှုန်းများမှာ သုည(ဝ%) ဖြစ်ပါ သည်။ ထို့ကြောင့် စာချုပ်အသက် ဝင်သည့် အချိန်မှစ၍ဆန်အပေါ်စည်း ကြပ်သည့် အကောက်ခွန်နှုန်းကို ဖယ် ရှားပြီးဖြစ်ပါသည်။နယူးဇီလန်နိုင်ငံ ဆန်ရောင်းနိုင်ငံ  မဟုတ်သော်လည်း ဆန်ကို ကုန်စည်ကုန်သွယ်ရေး တွင် ထည့်သွင်းထားပါ သည်။ ဆန်နှင့် ပတ်သက်သော HS. 10.06 အောက် ရှိ အကောက်ခွန်လိုင်းအားလုံး၏ အ ခြေခံ အကောက်ခွန်နှုန်းမှာ  သုည (ဝ%)ဖြစ်ပါသည်။ ထို့ကြောင့် စာချုပ် အသက်ဝင်သည့် အချိန်မှစ၍ ဆန် အပေါ် စည်းကြပ်သည့် အကောက်ခွန် နှုန်းကို ဖယ်ရှားပြီးဖြစ်ပါသည်။အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံ ဆန် ဝယ်ယူတင်သွင်းမှုများသည့် အာဆီယံ (၃)နိုင်ငံသည် ဆန်နှင့် ပတ် သက်သော HS. 10.06 အောက်ရှိ အကောက်ခွန်လိုင်း  အားလုံးကို ကုန် စည်ကုန်သွယ်ရေးမှ ဖယ်ထုတ်ထား ပါသည်။ တစ်နည်းအားဖြင့် ဆန်ကို အကောက်ခွန်အခွင့်အရေး မပေးခြင်း ဖြစ်ပါသည်။ထိုင်းနိုင်ငံ ဆန်အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်သော်လည်း ဆန်နှင့် ပတ်သက် သော HS. 10.06 အောက်ရှိ အကောက် ခွန်လိုင်းအားလုံးကို  ကုန်စည်ကုန် သွယ်ရေးမှ ဖယ်ထုတ်ထားပါသည်။ သြစတြေးလျနိုင်ငံနှင့် မယှဉ်ပြိုင်လို သည့် သဘောဖြစ်ပါသည်။အာဆီယံအဖွဲ့ဝင်သစ် (၄)နိုင်ငံ အာဆီယံ အဖွဲ့ဝင်သစ် (၄) နိုင်ငံ သည် ဆန်နှင့် ပတ်သက်သော HS. 10.06  အောက်ရှိ အကောက်ခွန်လိုင်း အားလုံးကို ကုန်စည်ကုန်သွယ်ရေးတွင် ထည့်သွင်းထားပါသည်။ ဆန်ကို ဒုတိယအများဆုံး တင်ပို့ ရောင်းချသည့် ဗီယက်နမ်နိုင်ငံသည် ဆန်အပေါ်စည်းကြပ်သည့် အခြေခံ အကောက် ခွန်နှုန်း ၄၀ ရာခိုင်နှုန်းကို ၂၀၁၀ ပြည့်နှစ်မှစ၍ စတင်လျှော့ချ သွားမည်ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင် သုည ရာခိုင်နှုန်း (ဝ%) ကို ရောက်ရှိ မည် ဖြစ်ပါသည်။ ဆန်ရောင်းနိုင်ငံဖြစ်သော ကမ္ဘော ဒီးယားနိုင်ငံ၏ ဆန်အပေါ်စည်းကြပ် သည့် အခြေခံ အကောက်ခွန် နှုန်းမှာ  ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ ဆန်နှင့်ပတ် သက်သောHS. 1006.20.10နှင့်HS.1006.20.90 မှလွဲ၍ ကျန်အကောက်ခွန် လိုင်းအားလုံး၏ အကောက်ခွန်နှုန်း များကိုလျှော့ချသွားမည်ဖြစ်ရာ၂၀၂၁ ခုနှစ်တွင် သုညရာခိုင်နှုန်း (ဝ%) သို့ ရောက်ရှိမည်ဖြစ်ပါသည်။ လာအိုနိုင်ငံ၏ ဆန်အပေါ်စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်း မှာ ၅ ရာခိုင်နှုန်း ဖြစ်ပါသည်။ ဆန်နှင့် ပတ်သက်သောH.S 10.06 အောက်ရှိ အကောက်ခွန်လိုင်း အားလုံး၏ အကောက်ခွန်နှုန်းများကို  လျှော့ချသွားမည်ဖြစ် ရာ ၂၀၂၃ ခုနှစ်တွင်  သုညရာခိုင် နှုန်း (ဝ%)သို့ ရောက်ရှိမည် ဖြစ်ပါ သည်။ မြန်မာနိုင်ငံ ၏ ဆန်အပေါ်စည်း ကြပ်သည့်အကောက်ခွန်နှုန်းမှာ ၅ ရာ ခိုင်နှုန်းဖြစ်ပါသည်။ ဆန်နှင့်ပတ်သက် သော HS. 10.06  အောက်ရှိအကောက် ခွန်လိုင်း အားလုံး၏ အခြေခံ အကောက်ခွန်နှုန်း ကို လျှော့ချဖယ် ရှားခြင်းမရှိဘဲ စာချုပ်သက်တမ်း တစ်လျှောက် ၅ ရာခိုင်နှုန်း ဆက် လက်စည်းကြပ်မည် ဖြစ်ပါသည်။သုံးသပ်ချက်ရေရှည်ကိုမျှော်မှန်း၍ အာဆီယံ ဆန်ဈေးကွက်သို့ သြစတြေးလျ ဆန် များ ဝင်ရောက်ရန် ရည်ရွယ်သည့် သဘောတွေ့ရသည်။  အာဆီယံ ဆန် ဈေးကွက်သို့ ဝင်ရောက်ရန် လွယ်ကူ မည်မဟုတ်သော်လည်း ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ ၏ Agreement on Agricultural  အရ ဝင်ရောက်ခွင့်ရှိပါ သည်။ အာဆီယံဒေသ၏ စဉ်ဆက် မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရ အာဆီယံသည် တန်းမြင့်ဆန် ဈေးကွက် ဖြစ်လာနိုင်ပါသည်။ ယင်း အခါ သြစတြေးလျနိုင်ငံ၏ ရည်ရွယ် ချက်များ အကောင်အထည်ပေါ်လာ ဖွယ်ရှိပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)