Main menu

Background

ကန်ပိုက်တီးမှ ဧည့်မထ ဆန် တန်၂၅၀ နီးပါး အပို့ရှိ

Sun, 03/25/2012 - 06:04 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ  သုည ဒသမ ၁၀၃ သန်း တန်ဖိုးရှိ ဧည့်မထ ၂၅ မှတ် ဆန် တန် ၂၅၀ နီးပါး (၂၄၈ ဒသမ ၇၅ တန်) ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆန်တင်ပု့ိခွင့်ပြုသည့် ၂၀၁၂ ခုနှစ်ဆန်းပိုင်းကစပြီး နယ်စပ်မှ ဆန် တင်ပို့ခြင်းကို မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုရှိနေသော်လည်း ကန်ပိုက်တီးနယ်စပ်က ဆန်တင်ပို့မှုကတော့ မတ်လမှာစတင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ယခုအပတ်မှ နယ်စပ်စခန်း များဖြစ်တဲ့ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၈၉၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၉၈၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်း တန်ဖိုးရှိ ဆန်ကွဲ ၃၂၂ တန်လည်း တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက် တရုတ်နိုင်ငံသို့ ဆန်တင်သွင်းနိုင်မှု  အခြေအနေကြောင့် ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော် လျော့နည်းတင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ ဆန်ကုန်တက်လည်းနည်းတဲ့အပြင် ဆန်ဈေးကလည်း အနည်းငယ်ကျရိပ်သမ်း နေတယ်လို့သိရပါတယ်။ ဆန်ကွဲ ၁ တန် ၃၄၀ ဒေါ်လာ၊ ငစိန် ၂၅ မှတ် ၃၈၂ ဒေါ်လာ၊ ဧည့်မထ ၅ မှတ် ၄၆၄ ဒေါ်လာ၊ ၁၀ မှတ် ၄၄၇ ဒေါ်လာ၊ ၁၅ မှတ် ၄၂၄ ဒေါ်လာ၊ ငစိန် ၂၅ မှတ် ၃၈၂ ဒေါ်လာ အသီးသီး မူဆယ်နယ်စပ်မှာ ဈေးပေါက်နေတယ်လို့ သိရပါတယ်။ MIRT (DOBT)