မကွေးတိုင်းဒေသကြီး ဆန်၊ စပါး ဈေးနှုန်းဈေးကွက်
နွေစပါး
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်တွင် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအနေဖြင့် စပါးများကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချ တိုက်ရိုက်ချ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက် ဧက ၆၇၁၇ ဧကရှိပြီး တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းသည့် ဆာဖိုးသာ စပါးမျိုး၊ ရတနာတိုးစပါးမျိုးနှင့် မနောသုခစပါးမျိုးများ စိုက် ပျိုးလျက်ရှိကြောင်း သိရသည်။