(၁၁-၉-၂၀၂၀) မှ (၁၇-၉-၂၀၂၀)ထိဆန်ပြည်တွင်းစျေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ
ပြည်ပဆန်စျေးကွက်ကိုလေ့လာကြည့်ပါက၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၁၄ ရက်နေ့ တွင် International Rice Market Website တွင်ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်းများမှာဧည့်မထ(၅%)တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၁၆ဖြင့်လည်းကောင်း၊ ဧည့်မထ(၂၅%)တစ်တန်လျှင်အမေရိကန်ဒေါ်လာ၃၆၃ဖြင့်လည်းကောင်းဖြစ်ပေါ်ခဲ့သည်ကိုသိရှိရ ပါသည်။ ထိုင်းဆန်စျေးနှုန်းများမှာ (၁၀၀%)ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၂ဖြင့်လည်းကောင်း၊ဧည့်မထ(၅%) တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၁၅ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅%) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၄၉၅ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင်အမေရိကန်ဒေါ်လာ၅၂၅ဖြင့်လည်းကောင်းအသီးသီးဖြစ်ပေါ်ခဲ့သည်ကို