Main menu

Background

ပဲမျိုးစုံသတင်း

ဒီဇင်ဘာလအတွင်း ပဲတန်ချိန် ကိုးသောင်းကျော် တင်ပို့

Mon, 01/15/2024 - 10:55 -- journal_editor

ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လတာ ကာလအတွင်း ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၅၉ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၆၂၀ဝ၀ နီးပါး၊  အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ဝ၉၄ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၂၆၆၀ဝ ခန့်၊ အမေရိကန်ဒေါ်လာ  ၃ ဒသမ ၆၂၂ သန်း တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၃၄၄၀ ခန့်တင်ပို့ခဲ့သဖြင့်  စုစုပေါင်း အမေ ရိကန် ဒေါ်လာ ၈၁ ဒသမ ၇၀၁ သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၉၂၀ဝ၀ ခန့် တင်ပို့ခဲ့ကြောင်း သိရှိရသည်။

ပြည်ပဲနီပြားပဲနှင့် ပဲလွမ်းဖြူသစ် ဈေးနှုန်းဈေးကွက်

Mon, 01/15/2024 - 10:53 -- journal_editor

ပြည်ပဲဈေးကွက်မှာ ပဲသီးနှံအားလုံးလိုလို ဈေးအမြင့် ဖြင့် ရောင်းဝယ်လျက်ရှိကြရာ နှစ်ဆန်းပိုင်းကာလနှင့် ပြည်ပ  ဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများလည်း ဈေးနှုန်းများဆက်တိုက်မြင့်လာသလို ပြည်တွင်းဝယ်လက်များ နှင့် ပြည်တွင်းစားသုံးမှုများသော ပဲနီပြားသီးနှံအနေဖြင့် ဈေး ကွက်မှာ ဈေးတရိပ်ရိပ် ထပ်တက်လာခဲ့သည်။ 

နိုဝင်ဘာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တန်ချိန် ၉၀ဝ၀ဝ ခန့် တင်ပို့

Wed, 12/20/2023 - 11:37 -- journal_editor

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ကာလအတွင်း  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ  တင်ပို့မှုမှာ  တန်ဖိုး အမေရိကန် ဒေါ်လာ ၈၃ ဒသမ ၁၇၈ သန်းနှင့် တန်ချိန် ၉၀ဝ၀ဝ ခန့်ဖြစ် ကြောင်း သိရသည်။
မတ်ပဲ

ကရင်ပြည်နယ်ဒေသထွက် ပဲထောပတ်(ခ)ပဲဖြူပြား ဈေးကွက်

Wed, 12/20/2023 - 10:49 -- journal_editor

ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများကိုလည်း  စိုက်ပျိုးလျက်ရှိ သည်။ စားဖိုဆောင်သီးနှံ  တစ်မျိုးဖြစ် သောပဲထောပတ်များကိုလည်း မိသားစု အပိုဝင်ငွေ ရရှိရေးအတွက် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ်ဧကအလိုက် စိုက်ပျိုးလာကြ သူများလည်းရှိသည်။ စိုက်ပျိုးမှုအနေ ဖြင့် ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် ပဲထောပတ် ၇၄၆၄ ဧက စိုက်ပျိုးထား ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများ အရ သိရှိရသည်။ ကရင်ပြည်နယ်တွင် ပဲထောပတ်ကို မကျီးကျွန်း၊ ဖားနွဲ့ကျွန်း၊ မုက္ကဒိ၊ တောင်က

ပြည်ကုန်စည်ဒိုင်၏ ဒီဇင်ဘာလ ပဲဈေး အခြေအနေ

Wed, 12/20/2023 - 10:37 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များ အဝင်ရှိနေပြီး ရန်ကုန်၊ မန္တလေး ဝယ်လက်များနှင့် လှောင်သမားများအဝယ်ရှိနေသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလပထမပတ်တွင် မတ်ပဲ တစ်တင်း လျှင် ကျပ် ၉၁၀ဝ၀-၉၁၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀ ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၁၀ဝ-၂၀ဝခန့် အဝယ် ရှိသည်။
ပဲတီစိမ်း

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Mon, 12/04/2023 - 10:59 -- journal_editor

ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်း၊ ဗိုလ်ကိတ်ပဲသစ်များ ဝင်စ ပြု နေပြီး ပဲမျိုးစုံအရောင်းအဝယ်မှာ သွက်လျက်ရှိသည်။
မတ်ပဲ
နိုဝင်ဘာလ စတုတ္ထပတ် ပြည်ကုန်စည်ဒိုင်၏ မတ်ပဲဈေးမှာ တစ် တင်းလျှင် ကျပ် ၈၈၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိပြီး ပဲဈေးကျလျက်ရှိသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်ရက်လျှင် အိတ် ၁၅၀-၂၀ဝ ခန့်ရှိသည်။
ပဲတီစိမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲတီစိမ်း(‌ရွှေဝါ) နှင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မှုနှင့်မျိုးပဲပေါက်ဈေး

Mon, 11/20/2023 - 11:17 -- journal_editor

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောင်းပဲတီစိမ်း(ရွှေဝါ) စိုက် ဧက ၃၅၈၈၃၃ ဧက စိုက်ပျိုးခဲ့ပြီး  အထွက်နှုန်း တစ်ဧကလျှင် ၁၅ ဒသမ ၁၂ တင်း  ထွက်ရှိပြီး အထွက် တန်အားဖြင့် တန်ချိန် ၁၆၉၂၉၁ ကျော် ထွက်ရှိခဲ့သည်။ 
၂၀၂၃-၂၀၂၄  ဆောင်းရာသီ၌ ပဲတီစိမ်း (ရွှေဝါ) ၃၆၁၃၅၇ ဧက စိုက်ပျိုးရန်   လျာထား ကြောင်းနှင့် ခန့်မှန်းအထွက်နှုန်း တစ်ဧကလျှင် ၁၄ဒသမ၄၅ တင်း၊ အထွက်တန်အားဖြင့် တန်ချိန် ၁၆၇၀ဝ၀ ကျော် ထွက်ရှိမည်ဟု မျှော်မှန်းထား ကြောင်း သိရှိရသည်။ 

ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းနှင့် ဗိုလ်ကိတ်ပဲများ ဝင်ရောက်မှုများလာ

Mon, 11/20/2023 - 10:38 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ တစ်ရက် အိတ် ၂၀ဝ၊၃၀ဝ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့သည်။ ဈေးနှုန်းအနေဖြင့် ပဲတစ်တင်း ကျပ် ၅၃၅၀ဝ မှ ၅၄၅၀ဝ အထိ ပဲအရည်အသွေးပေါ် မူတည်၍ ရောင်းဝယ်မှုဖြစ်ကြသည်။ 
ပြည်ပဲမျိုးစုံဈေးကွက်သို့ ဗိုလ်ကိတ်ပဲသစ်များ စတင်ဝင်ရောက်လာပြီဖြစ်သည်။ တစ်ရက်လျှင် အိတ် ၄၀-၅၀ ကျော် ဝင်ရောက်ခြင်းရှိခဲ့ပြီး  အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  ဒေသတွင်း လက်လီသမားများအပြင် လက်ကားဝယ်ယူမှုအနေဖြင့် ရန်ကုန်ဝယ်လက် များလည်း အဝယ်ရှိခဲ့တာကြောင့် ဝင်ရောက်လာသမျှ အရောင်း အဝယ်ဖြစ်ခဲ့ကြသည်။ 

ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ ပဲမျိုးစုံဈေးနှုန်း

Mon, 11/20/2023 - 10:37 -- journal_editor

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့် ပဲအရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်းသိရှိရသည်။
မတ်ပဲ
နိုဝင်ဘာလ ဒုတိယပတ်တွင် ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲဈေးတက်နေပြီး   ပဲတစ်တင်းလျှင်  ကျပ် ၉၃၀ဝ၀- ၉၄၀ဝ၀ ခန့်ဖြင့် ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ် ၂၀ဝ ခန့် ရှိသည်။ နိုဝင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ကျပ် ၉၂၅၀ဝ ဖြင့် အရောင်းအဝယ်တစ်ရက်ကို  အိတ် ၁၀ဝ -၂၀ဝ ခန့် အဝယ်ရှိလျက်ရှိသည်။ 
ပဲတီစိမ်း

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Tue, 11/07/2023 - 10:57 -- journal_editor

ပြည်မြို့ရှိ  ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ် လျက်ရှိပြီး ပဲအရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရှိရ သည်။ 
မတ်ပဲ
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၃၀ဝ၀  ဖြင့် ရန်ကုန်အဝယ် တစ် ရက်ကို အိတ် ၁၅၀ ခန့် ရှိခဲ့သည်။ နိုဝင်ဘာ ပထမပတ်တွင် မတ်ပဲဈေး တက်လာပြီး ပဲတစ်တင်းလျှင် ကျပ် ၉၅၅၀ဝ ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၁၅၀-၂၀ဝခန့် အဝယ်ရှိ သည်။ 
ပဲစင်းငုံ

Pages

Subscribe to RSS - ပဲမျိုးစုံသတင်း