Main menu

Background

တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ပဲပုပ်စေ့ ဈေးနှုန်းမြင့်မားလာ

Wed, 11/07/2012 - 07:31 -- Anonymous (not verified)

တရုတ်နိုင်ငံမှ ပဲပုပ်ဝယ်လိုအား ရှိ နေခြင်း၊ တောင်အမေရိကမှာ မိုးအလွန် အမင်း ရွာသွန်းခြင်းကြောင့် ပဲပုပ်စေ့ စိုက်ပျိုးမှုအပေါ် စိုးရိမ်မှုတွေရှိလာခြင်းနဲ့ မလေးရှား စားအုန်းဆီ တင်ပို့မှု မြင့်မား ခြင်းတို့ကြောင့် ကမ္ဘာအနှံ့ ပဲပုပ်စေ့ ဈေး နှုန်းတွေနဲ့အတူ အိန္ဒိယပဲပုပ်စေ့နဲ့ ပဲပုပ် စေ့ဆီကြိုပွိုင့်ဈေးနှုန်းတွေလည်း  မြင့် မား လာတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ ဂရင်းနစ်စံတော်ချိန် ၀၈း၂၄ နာ ရီမှာ အမေရိကန်နိုင်ငံ ချီကာဂိုကုန် သွယ်ရေးမှာ ပဲပုပ်စေ့ဈေးနှုန်းက တစ် ကွမ်တယ်ကို သုည ဒသမ ၆၇ ရာခိုင် နှုန်း မြင့်မားပြီး ၁၅ ဒသမ ၄၄ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၅၇၁ ဝန်း ကျင်)အထိ ရောက်ရှိခဲ့တယ်လို့ သိရ တယ်။

အိန္ဒိယနိုင်ငံ အမျိုးသား ကုန်စည် ရောင်းဝယ်ရေး (NCDEX) မှာလည်း ပဲပုပ်စေ့ရဲ့ နိုဝင်ဘာလ စာချုပ်ဈေးနှုန်း က ၁၀၀ ကီလိုဂရမ်ကို ၃၂၈၃ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၆၀၇ ဝန်း ကျင်) အထိ ၁ ရာခိုင်နှုန်း မြင့်မားလာ တယ်။ မဒရာပရာဒေ့ရှ် ပြည်နယ် အင်ဒိုး လက်ငင်းဈေးကွက်မှာလည်း ပဲပုပ်စေ့ ဈေးနှုန်းက ၁၀၀ကီလိုကို ၁၈ ရူပီး မြင့် မားကာ ၃၂၇၃ ရူပီး (တစ်တန်ကို ကန် ဒေါ်လာ ၆၀၆ ဝန်းကျင်) ဖြစ်လာတယ် လို့ သိရတယ်။ ကမ္ဘာမှာ ဆီထွက် သီးနှံသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံက ကမ္ဘာ့စတုတ္ထ မြောက် ပဲပုပ်စေ့ထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်သလို အမေရိကန်ရဲ့ ပဲပုပ်စေ့ ကို အများဆုံး ဝယ်ယူတင်သွင်းတဲ့ နိုင်ငံ လည်းဖြစ်တယ်။ယခုနှစ်အတွင်း တရုတ် နိုင်ငံရဲ့ ပဲပုပ်စေ့စိုက်ပျိုးထုတ်လုပ်မှုက ယခင်နှစ် ကထက် လျော့နည်းသွားနိုင် ရာ ယခုနှစ်မှာ ပြည်ပမှပဲပုပ်စေ့ ပိုမို တင်သွင်းသွားနိုင်တယ်လို့ ခန့်မှန်းလာ ကြတယ်။ ၎င်းအချက်က ပဲပုပ်စေ့ ဈေး နှုန်းကို အထောက်အပံ့ ပေးထားတယ်။ အာဂျင်တီးနားနိုင်ငံမှ ပြောင်းစိုက်ပျိုး ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ဝန်းကျင် လျော့နည်းဆုံးရှုံးနိုင်တယ်ဆိုတဲ့ သတင်း ကလည်း ပဲပုပ်စေ့ဈေးနှုန်းကို မြင့်မား စေခြင်းအကြောင်းရင်းတစ်ရပ် ဖြစ်လာ တယ်။Source:af.reuters.com, brecorder.com,ပပ