Main menu

Background

တရုတ်နိုင်ငံ ဝယ်လိုအားကြောင့် စားအုန်းဆီဈေးမြင့်တက်

Wed, 11/07/2012 - 07:33 -- Anonymous (not verified)

လာမယ့်သီတင်းပတ်များမှာ စားဆီပိုမိုမှာယူမယ့်မျှော်လင့်ချက်များအရ တရုတ် နိုင်ငံမှ ပဲပုပ်ဝယ်လိုအား ကောင်းနေတာကြောင့် နိုဝင်ဘာလ ၁ ရက် မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ တရုတ် ပုဂ္ဂလိက ကဏ္ဍစက်ရုံများဟာ အောက်တိုဘာလမှာ ၈ လအတွင်း အလုပ်အများဆုံး ဖြစ်တဲ့အတွက် စီးပွားရေး တိုးတက်တဲ့ လက္ခဏာရှိလာပါတယ်။ တရုတ်အမှာများပုံမှန်ရှိနေပြီး၊ အီးယူမှ ဝယ် လိုအားကောင်းတာကြောင့် မလေးရှားနိုင်ငံရဲ့ ယခင်လ စားအုန်းဆီတင်ပို့မှုဟာ ယခုနှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

ယခုနှစ်မှာ သိုလှောင်မှု စံချိန်တင်မြင့်တက်တာကြောင့် စားအုန်းဆီဈေးဟာ ယခုနှစ် လက်ရှိအချိန်ထိ ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဈေးသက်သာတဲ့ စားအုန်းဆီ ဝယ်လိုအားမြင့်တက်ပေမယ့် ထုတ်လုပ်မှုက မြန်ဆန်စွာ တိုးတက်နေတဲ့ အတွက် အောက်တိုဘာလ သိုလှောင်မှုကလည်း စံချိန်တင်ဦးမယ်လို့ ဆိုပါတယ်။ အကယ်လို့ ဝယ်လိုအားမြင့်တက်နေဦးမယ်ဆိုရင် လက်ကျန် အခြေအနေ မဆိုးနိုင် ဘူးလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ အခြေခံစံနှုန်းစာချုပ်ဈေးဟာ ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရင်းဂစ် ၂၅၃၇ (ကန်ဒေါ်လာ ၈၃၁) ဈေး ရှိခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ စားအုန်းဆီအထွက် မြင့်တက်နေတာကြောင့် ဒုတိယအများဆုံး တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ သိုလှောင်လက်ကျန်ဟာ စက်တင် ဘာလမှာ တန်ချိန် ၂ ဒသမ ၄၈ သန်းအထိ စံချိန်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ထုတ်လုပ်မှုကလည်း မြင့်တက်နေတဲ့အတွက် အောက်တို ဘာလကုန် သိုလှောင် လက်ကျန်ဟာတန်ချိန် ၂ ဒသမ ၆ သန်း - ၂ ဒသမ ၇ သန်းခန့်အထိ ရှိနိုင်မယ် လို့ ကုန်သည်များက ဆိုပါတယ်။ အခြားအသီးအရွက်ဆီဈေးကွက်အနေနဲ့ ဒီဇင်ဘာလပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေးဟာ တရုတ်ဝယ်လိုအားကြောင့် သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ မေလပဲပုပ်ဆီစာချုပ်ဈေးက သုည ဒသမ ၉ ရာခိုင် နှုန်းပိုမိုလာတယ်လို့ သိရပါတယ်။                   ယုဇန၊Source: Recorder