Main menu

Background

တရုတ်နိုင်ငံက ပြောင်းနဲ့ပဲပုပ်ထပ်မံသိုလှောင်မယ်

Mon, 11/19/2012 - 04:27 -- Anonymous (not verified)

တရုတ်အစိုးရဟာယခုနှစ် သီး နှံရိတ်သိမ်းမှုထဲမှ ပြည်တွင်း ပြောင်း နဲ့ပဲပုပ် သိုလှောင်မှု စတင်တော့မှာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ထက် ဈေးပိုပြီး၊ တောင်သူတွေကို ထောက်ပံ့သွား မယ်လို့ သိရပါတယ်။ တရုတ်အစိုးရ ဟာ အဓိကပဲပုပ် စိုက်ပျိုးရာ အရှေ့ မြောက်ဒေသမှာ ပဲပုပ်စိုက်ပျိုးသူများ ကို ပြီးခဲ့တဲ့ဈေး တစ်တန် ယွမ် ၄၀၀၀ (ကန်ဒေါ်လာ ၆၄၂)ထက် ၁၅ ရာခိုင်နှုန်းပိုပြီး၊ တစ်တန်ယွမ် ၄၆၀၀ (ကန်ဒေါ်လာ ၇၃၈)ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း ပြောင်းရောင်းချသူတွေကိုလည်း ပြီးခဲ့တဲ့နှစ်ထက် ၇ ရာခိုင်နှုန်းခန့်ဈေး တိုးပြီး၊ တစ်တန် ယွမ် ၂၁၀၀ မှ ၂၁၄၀ (ကန်ဒေါ်လာ ၃၃၇ မှ ၃၄၃) အတွင်းပေးမယ်လို့ ရိုက်တာသတင်း မှာ ဖော်ပြထားပါတယ်။

၁၅ နှစ်တာရှိခဲ့ပြီဖြစ်တဲ့ တရုတ် နိုင်ငံရဲ့ ပဲပုပ် ယာယီသိုလှောင်မှု စီမံ ကိန်းအစီအစဉ်အရ ပြည်တွင်းပဲပုပ် ဝယ်ယူမှုဟာ တန်ချိန် ၁၄ ဒသမ ၆ သန်းရှိတယ်လို့ ဆိုပါတယ်။ သို လှောင်မှု အစီအစဉ်ကို ပုံမှန်အားဖြင့် ဧပြီလကုန်ထိ ဆောင်ရွက်ပါတယ်။ ယခုလိုသိုလှောင်မှုအစီအစဉ်ဆောင် ရွက်ခြင်းဟာ တင်သွင်းဖို့ အတွက် ပြည်တွင်း ကြိတ်ခွဲသူများရဲ့ ဝယ် လိုအားကိုအထောက်အပံ့ပြုဖို့နဲ့ တင်သွင်းပဲပုပ်ဈေးထက် ပြည်တွင်း ဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။အစိုးရရဲ့ပဲပုပ်ဈေး ဟာ တရုတ်ဆိပ်ကမ်းများမှာ တင် သွင်းပဲပုပ် လက်ရှိရောင်းဈေးထက် ၄ ရာခိုင်နှုန်း ခန့်ပိုမိုပါတယ်။ မကြာသေးခင်က ပဲပုပ်ကြိုပွိုင့် ဈေးလျော့ကျခဲ့တဲ့အတွက် ကုန်သည် များပိုမိုတင်သွင်းလာခဲ့လို့ အောက် တိုဘာလမှာ တန်ချိန် ၄ ဒသမ ၀၃ သန်းတင်သွင်းခဲ့ရာမှ နိုဝင်ဘာလမှာ တန်ချိန် ၄ ဒသမ ၈ သန်းအထိ မြင့် တက်လိမ့်မယ်လို့ တရုတ်နိုင်ငံသီးနှံနဲ့ ဆီသတင်းအချက်အလက်ဌာနမှ ခန့်မှန်း ထားပါတယ်။ ဘရာဇီးပဲပုပ် စိုက်ပျိုးမှုမှာ ပုံမှန်နှုန်းထက် တိုး တက်လာခဲ့ပေမယ့် ပဲပုပ်ရိတ်သိမ်းမှု ဟာ ဒီဇင်ဘာလနှောင်းပိုင်းမှ ဖြစ် မယ်လို့ဆိုပါတယ်။ အာဂျင်တီးနား နိုင်ငံရဲ့ အဓိက ပဲပုပ်စိုက်ပျိုးရာဒေသ တွေမှာတော့ မိုးများပြီး၊ ရေလွှမ်းမိုး မှု တွေကြောင့် စိုက်ပျိုးမှု ကျဆင်းနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင် လများအတွင်း ကမ္ဘာ့ပြောင်းဈေးမြင့်တက်မှုနဲ့ ပြည် တွင်းပြောင်းအမြောက်အမြား ထွက် ရှိမှုတွေကြောင့် ကမ္ဘာ့ ဈေးကွက် အတွင်းသို့တရုတ်ပြောင်းဝင်ရောက် မှု ရပ်တန့်ခဲ့ပါတယ်။ CNGOIC မှ ခန့်မှန်းချက်အရ ၂၀၁၂  ခုနှစ်မှာ တရုတ်ပြောင်းထုတ်လုပ်မှုက တန် ချိန်၂၀၁ သန်းရှိမယ်လို့ဆိုပြီး၊ အမေ ရိကန်စိုက်ပျိုးရေးဌာနမှ တန်ချိန် သန်း ၂၀၀ ထွက်မယ်လို့ခန့်မှန်းထား ပါတယ်။              ယမင်းခင်