Main menu

Background

နိုင်ငံတကာသတင်း

ဗီယက်နမ်ကုမ္ပဏီ ငါးခု အင်ဒိုနီးရှား၏ ဆန်အဝယ်တင်ဒါ အောင်မြင်

Mon, 03/04/2024 - 12:04 -- journal_editor

၂၀၂၄ ခုနှစ်အတွက်    ရေးဆွဲထားသော စီမံချက်နှင့်အညီ  ဆန် တန်ချိန် ၃ သန်းခန့် တင် သွင်းရန် အင်ဒိုနီးရှားနိုင်ငံ၏ လျာထားချက်သည် ဖိလစ်ပိုင်နိုင်ငံက   တင်သွင်းရန် စီစဉ်ထားသော ဗီယက်နမ် ဆန်ပမာဏနှင့် တူညီလုနီးပါးရှိကြောင်း၊ ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသော နိုင်ငံတစ်ခု ဖြစ်လာမည့် အင်ဒိုနီးရှားသည် ဗီယက်နမ် ဆန် တင်ပို့မှုနယ်ပယ်အတွက်လည်း  အဓိက  ဖောက် သည်တစ်ဦး   ဖြစ်လာမည်ဖြစ်ကြောင်း ဟနွိုင်း အခြေစိုက် Vietnam News သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရသည်။ ဇန်နဝါရီလတွင်      အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ(BULOG) သည် နိုင်ငံ၏ အရန်စားနပ်ရိက္ခာများ   အားကောင်း လာစေရန်    ဆန

ဆန်တန်ချိန် ၁ ဒသမ ၆ သန်း အင်ဒိုနီးရှား ထပ်မံ တိုးမြှင့်တင်သွင်းမည်

Mon, 03/04/2024 - 11:11 -- journal_editor

အင်ဒိုနီးရှားနိုင်ငံတွင်  နိုင်ငံတော်ထောက်ပံ့ ပို့ဆောင်ရေးအေဂျင်စီ (Bulog)၏  စီမံခန့်ခွဲမှုဖြင့် အရန်ဆန်များ    ဖြည့်တင်းနိုင်ရေးအတွက်  ဆန် တန်ချိန် ၁ဒသမ၆သန်း ထပ်မံတင်သွင်းရန် အစိုးရ အနေဖြင့်   ပြင်ဆင်လျက်ရှိသည်ဟု  အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ   Bapanas)က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယမှ ဆန်လုံးညိုများ ဗီယက်နမ် တင်သွင်းမှုပြု

Mon, 03/04/2024 - 11:01 -- journal_editor

ဗီယက်နမ်နိုင်ငံသည်  ကမ္ဘာ့ဆန်ဝယ်လိုအား ခိုင်မာ ကောင်းမွန်နေမှုအပေါ် ဝင်ငွေတိုးတက်ရရှိရန် ကြိုးပမ်းလျက် ရှိရာ ပြန်လည်ပြုပြင်ကြိတ်ခွဲပြီး  သန့်စင်ထားသော ဆန်ဖြူ အမျိုး အစားများကို ပြည်ပသို့ ပြန်လည်တင်ပို့ရန်အတွက် ဆယ်စုနှစ် များစွာအတွင်း အိန္ဒိယမှ စပါးခွံချွတ်ပြီးသော ဆန်လုံးညိုများကို ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့ကြောင်း ကုန်သွယ်ရေးနှင့် အစိုးရ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ တင်ပို့မှု စံချိန်တင်မြင့်တက်

Mon, 02/05/2024 - 09:57 -- journal_editor

ပြည်ပဈေးကွက်များတွင် တရုတ် နိုင်ငံ၏ စွမ်းအင်သစ်သုံး  မော်တော် ယာဉ် (NEV) များ  တစ်ရှိန်ထိုးနာမည် ကျော်ကြားလာမှုကြောင့် တရုတ်နိုင်ငံ ၏မော်တော်ယာဉ်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ သည် (NEV) ၁ဒသမ၂ သန်း တင်ပို့ခဲ့ ပြီး ၂၀၂၂ ခုနှစ်ကထက် ၇၇ ဒသမ၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ် နိုင်ငံ   မော်တော်ကားထုတ်လုပ်သူ အသင်း အဆိုအရ သိရသည်။  ၎င်းပမာ ဏသည် လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ မော်တော်ကားတင်ပို့မှု၏ ၂၄  ရာခိုင် နှုန်းရှိကြောင်း သိရသည်။ တရုတ်ကား ကုမ္ပဏီ  BYD သည်  ၂၀၂၃ ခုနှစ် စတုတ္ထ သုံးလပတ်ကာလတွင် လျှပ်စစ် စွမ်းအင်သ

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု အခြေအနေ

Mon, 02/05/2024 - 09:55 -- journal_editor

အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကို တားမြစ် ထား၍   ထိုင်းနိုင်ငံဆန်ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်တွင် အမြင့်ပိုင်းတွင် ဆက်လက်ရှိနေမည်ဟု ဒေသခံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက  သုံးသပ်လျက်ရှိသည်။

ရှိန်းက Zara နှင့်H&M တို့ကို နောက်ကောက်ချနိုင်ခဲ့

Wed, 12/20/2023 - 13:39 -- journal_editor

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီတစ်ခု ဖြစ်သည့် ရှိန်းShein))သည် Zara နှင့်H&M တို့ကို နောက် ကောက်ချနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ရောင်းအား အကောင်းဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ ကြောင်း ရိ်ုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ရေးသားဖော်ပြထားသည်။ 
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ကမ္ဘာ တစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံဖိုး ရောင်းချနိုင်ခဲ့သည့်  ရှိန်း(Shein)သည် အဝတ် အစား ဖက်ရှင်လောကတွင် ကမ္ဘာ့ဈေးကွက်ဝေစု ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည် ဟု ဆိုသည်။

အိုပက်က ရေနံထုတ်လုပ်မှုကို လျှော့ချသွားမည်

Wed, 12/20/2023 - 13:35 -- journal_editor

ရေနံ အဓိကထုတ်လုပ်တင်ပို့  ရောင်းချသည့်နိုင်ငံများ အဖွဲ့ အစည်းဖြစ်သည့် (Organization of the Petroleum Exporting Countries-OPEC) လာမည့်နှစ်များတွင် ရေနံထုတ်လုပ်မှုကို လျှော့ ချသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ပထမပတ်က ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

နိုင်ငံ ခြောက်နိုင်ငံမှ နို့လုပ်ငန်းများ စီမံကိန်းဖြင့် အဆင့်မြှင့်တင်မည်

Wed, 12/20/2023 - 10:26 -- journal_editor

လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ မြန်မာနိုင်ငံ အပါအဝင် တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ နို့စား နွား မွေးမြူရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေး ကို စီမံကိန်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်းမှ ထုတ်ပြန်ထားချက်အရ သိရ သည်။

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းတွင် လုပ်ခလစာ အငြင်းပွားမှု ဖြစ်ပေါ်နေ

Mon, 11/20/2023 - 13:58 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းတွင် ကာလကြာ ရှည်လုပ်ခလစာ အငြင်းပွားမှုဖြစ်ပေါ်နေသောကြောင့်     နိုင်ငံ၏အရေးကြီးသော စီးပွားရေးမောင်းနှင်ပေးသည့်ကဏ္ဍကို  ပျက်ယွင်း စေလျက်ရှိသည့်အနေအထား၌  မကြာသေးမီ  ရက်သတ္တပတ်များ အတွင်း  နိုင်ငံရေး မတည်ငြိမ်မှုများပါ   ထပ်မံဖြစ်ပေါ်နေသည်။  အတိုက်အခံများက ဦးဆောင်သည့်ဆန္ဒပြပွဲများနှင့် ငွေကြေးဖောင်းပွ မှုကြောင့် ထိခိုက်နေသော အလုပ်သမားများ၏  ဆန္ဒပြပွဲများကြား တွင် ဆက်နွှယ်မှုရှိနေသည်ဟု အာဏာရအစိုးရက စွပ်စွဲထားသည်။

အိန္ဒိယနိုင်ငံတွင် ၄ နှစ်အတွင်း အဆိုးရွားဆုံးမိုးခေါင်မှု ကျရောက်ခဲ့သဖြင့် ယခုနှစ်တွင် ပဲပုပ်အထွက်နှုန်းကျဆင်းနိုင်

Mon, 10/23/2023 - 14:15 -- journal_editor

အိန္ဒိယနိုင်ငံတွင် ၂၀၂၃-၂၀၂၄ ခုနှစ်များအတွင်း  ပဲပုပ်ရိတ်သိမ်းမှု အခြေအနေများအကြောင်းကို  ှီ့ဗ ၏ ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအစီရင် ခံစာတွင် ဖော်ပြထားရာ  ယခုနှစ်အတွင်း မက်ထရစ်တန်ချိန် ၁၁ သန်းထွက်ရှိနိုင်ကြောင်းနှင့် ယခင်လကထက် ၈ ရာခိုင် နှုန်း၊ ယခင်နှစ်ကထက် ၁၁ ရာခိုင်နှုန်း သိသာစွာ ကျဆင်းနိုင် ကြောင်း၊  ပဲပုပ်စိုက်ပျိုးသည့် ဧရိယာမှာ ဟက်တာ ၁၃ သန်း ခန့်ရှိပြီး ယခင်လနှင့် ယခင်နှစ်ကထက်စာလျှင် တည်ငြိမ် ကြောင်း၊ သို့ရာတွင် ခန့်မှန်းအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ဝ ဒသမ ၈၅ မက်ထရစ်တန်သာဖြစ်ရာ ယခင်မျှော်မှန်းထား သည်နှင့် နှိုင်းယှဉ်ပါက  ဆုတ်ယုတ်သွားကြောင်း ဖော်ပြထား

Pages

Subscribe to RSS - နိုင်ငံတကာသတင်း