Main menu

Background

နိုင်ငံတကာသတင်း

ယခုနှစ်အတွင်း လာအိုနိုင်ငံနှင့် ကုန်သွယ်မှု တိုးတက်ပြုလုပ်နိုင်ခဲ့

Tue, 09/26/2023 - 11:54 -- journal_editor

မြန်မာနိုင်ငံနှင့် ကုန်သွယ်‌ရေးအဆက်အဆံ နည်းပါး လှသည့် လာအိုနိုင်ငံနှင့် ယခုနှစ်အတွင်း ကုန်သွယ်မှုတိုးတက် ပြုလုပ်နိုင်ခဲ့ကြောင်း ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
လာအိုနှင့်မြန်မာ      နှစ်နိုင်ငံနယ်နိမိတ်အကြားတွင် မဲခေါင်မြစ် ပိုင်းခြားထားခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ မဖွံ့ဖြိုးနိုင်ခဲ့သော်လည်း လက်ရှိတွင် မြန်မာ-လာအို ချစ်ကြည် ရေးတံတားကို  တည်ဆောက်နိုင်ခဲ့ပြီဖြစ်သောကြောင့် ကုန် သွယ်မှုများကို ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ် ဆင့် ဆောင်ရွက်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံတွင်ဒူးရင်းသီးဝယ်လိုအားမြင့်တက်နေ

Mon, 06/05/2023 - 14:14 -- journal_editor

ဒူးရင်းသီးသည် တရုတ်နိုင်ငံစားသုံးသူများအကြား လူကြိုက် အများဆုံး သွင်း ကုန် သစ်သီးဝလံတစ်မျိုးဖြစ်ကာ တရုတ်နိုင်ငံတွင် ဒူးရင်းသီး ဝယ်လိုအားမှာ မြင့်တက်လျက်ရှိသည်။ ယခုနှစ် မေလအတွင်း ဒူးရင်းသီးရောင်းဝယ်မှု များ အမြင့်ဆုံးရာသီသို့ ရောက်ရှိလာခဲ့ကာ ဈေးကွက်တွင် စုစုပေါင်း ရောင်းလိုအား ဝယ်လိုအား ပမာဏများ မြင့်တက်လာခဲ့သည်။ 

ဥရောပသမဂ္ဂသို့ စားအုန်းဆီကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ

Mon, 06/05/2023 - 14:01 -- journal_editor

ယခင် နှစ်ကုန်ပိုင်း၌    ဥရောပသမဂ္ဂအုပ်စုက   ဥရောပသမဂ္ဂ    သစ်တောပြုန်းတီးမှုစည်းမျဉ်း (နကမ သစနညေ ့ညငသည ီန်သမနျအအေငသည ျွနါကူအေငသည - နျွီ့) ကို ထုတ်ပြန်ခဲ့ရာ စားအုန်းဆီ  ထုတ်လုပ် သောနိုင်ငံများရှိ စားအုန်းဆီလုပ်ငန်းများကို  ထိခိုက်စေပြီး အသေးစား လုပ်ငန်းရှင်များနှင့်  ဆီ အုန်းစိုက် တောင်သူများကို ထောက်ပံ့ရေးကွင်း ဆက်မှ ဖယ်ရှားပစ်သကဲ့သို့  ဖြစ်နေသည်။   ထို့ပြင်  ဆီအုန်းလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးက အသေးစား လုပ်ငန်းရှင်များ  သို့မဟုတ် တောင်သူများကို အကျိုးများစွာ ဖြစ်ထွန်းခြင်းမရှိစေဘဲ သဘာဝ ပတ်ဝန်းကျင်ကို ပျက်ယွင်းစေကြောင်းကိုလည်း စွပ်စွဲထားသည်။

ဂျပန်နိုင်ငံရှိ တိုယိုတာကားထုတ်လုပ်မှု ကျဆင်းဖွယ်ရှိ

Tue, 12/28/2021 - 10:19 -- journal_editor

ဂျပန်နိုင်ငံရှိ  တိုယိုတာမော်တော် ကားထုတ်လုပ်သည့်   စက်ရုံများသည် ထောက်ပံ့ရေးကွင်းဆက် ပြဿနာများ ၏ သက်ရောက်မှုများကို ရင်ဆိုင်နေ ရခြင်းကြောင့် မော်တော်ကားထုတ်လုပ် မှုများမှာ  အတိုင်းအတာတစ်ခုအထိကျဆင်း လာနိုင်ကြောင်း    ဘီဘီစီ သတင်းဌာန၏  ဖော်ပြချက်အရ သိရ သည်။ ကမ္ဘာတစ်ဝန်းတွင်  ကိုဗစ်(၁၉)ရောဂါ  ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် အာရှရှိ  မော်တော်ကားစက်ရုံ များနှင့်  မော်တော်ကားနှင့်သက်ဆိုင် သည့်အစိတ် အပိုင်း များ ထုတ်လုပ်သည့် စက်ရုံများသည်  လတ်တလောကာလ တွင်  အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။  ထို့ကြောင့် မော်တော်ကားထုတ်လုပ်သည့် စက်ရုံ များအနေဖြင့် ထုတ်လုပ်မှုများ ရပ်တန့် မသွားရေးအတွက်

အာရှ အကျပ်အတည်းသင်ခန်းစာ၊ ဝါရှင်တန်ကုထုံးနှင့် ဇာတ်နာ

Tue, 12/28/2021 - 10:10 -- journal_editor

အာရှအံ့ဖွယ်က  အနောက်တိုင်းအတွက်  မနာလိုစရာ  ဖြစ်ခဲ့ ဟန်တူသည်။ အနောက်တိုင်းဆိုသည်မှာ  ဒုတိယကမ္ဘာစစ်အပြီး ဥရောပနေရာကို ဝင်ယူလိုက်သော အမေရိကန်ကို ရည်ညွန်းပါသည်။ အာရှနည်း အာရှဟန် ဒီမိုကရေစီ၊ အာရှဟန် စီးပွားရေးတိုးတက်မှုမော်ဒယ်များက  ၁၉၉၀  ပြည့်နှစ်ကာလများထိ  ကမ္ဘာကို စီးပွားရေး တိုးတက်မှုမော်ဒယ် ခေါင်းလောင်းတီးလိုက်သောအခါ(အလမ့် )အရာရာ ဦးဆောင်ရမည် ဆိုသည့်  အနောက်ဟာ (အထူးသဖြင့် အမေရိကန်) မျက်စိစပါးမွေးစူးလာဟန်တူသည်။  အမေရိကန် ပညာရေး၊ အမေရိကန်ဒီမိုကရေစီ၊ အမေရိကန်လစ်ဘရယ်အယူအဆ၊ အမေရိကန်လူမှုတန်ဖိုး၊အမေရိကန်ရဲ့ စီပွားရေးတိုးတက်မှုမော်ဒယ်၊ ယဉ်ကျေးမှု၊အမေရိကန်အစိုးရ၊ အမေရိကန်ရွေးကောက်ပွဲ၊ အမေရိ ကန်၏ ဘဏ

ကိုရီးယားနိုင်ငံက အရေးပေါ်အရန်ဆန် ယခုလအတွင်းဝယ်ယူမည်

Fri, 09/18/2020 - 15:39 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် အလားအလာရှိ သည့် သဘာဝဘေးအန္တရာယ်များကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရေးပေါ်အရန် ဆန်ထားရှိရန် ယခုနှစ်အတွက်နှစ်စဉ်ဆန်ဝယ်ယူ မှုကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ တတိယပတ် အတွင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၈ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်

နန်နင်းမြို့ မြန်မာလက်ဖက်ယဉ်ကျေးမှုဉယျာဉ်တွင် Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Party ကျင်းပခဲ့

Fri, 09/18/2020 - 15:36 -- journal_editor

တရုတ်နိုင်ငံတွင် နေရာအနည်းငယ်မှအပ ကပ်ရောဂါဖြစ်ပွားမှုမှ နာလန်ထူလာချိန်နှင့် ပြည်တွင်းပြပွဲငယ်များ ပြန်လည်စတင်ချိန်၌ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးတွင် မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့် အနေအထားအား ထင်ရှားစေရန်အတွက်လည်းကောင်း၊ မကြာမီ ကျရောက်တော့မည့် တရုတ်နိုင်ငံ၏ ဆောင်းဉီး ရာသီအလယ်  လမုန့်ပွဲတော်အားလပ်ရက်ရှည်မတိုင်မီ ပြည်သူများ စိတ်လက်ပေါ့ပါး ရွှင်လန်းနေချိန်ဝယ်  မြန်မာလက်ဖက်ယဉ်ကျေးမှုနှင့် တရုတ်လမုန့်တို့ကို အတူယှဉ်တွဲပွဲထုတ်၍ မြန်မာကုန်ပစ္စည်းများအပေါ် တရုတ်ပြည်သူတို့၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်ရန်အတွက်လည်းကောင်းရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမ

အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် စီးပွားရေးကျုံ့ဝင်ကျဆင်းခဲ့ခြင်း

Fri, 09/18/2020 - 15:35 -- journal_editor

အိန္ဒိယနိုင်ငံ စာရင်းအင်းနှင့် စီမံချက်များ အကောင်အထည်ဖော်ရေး ဝန်ကြီးဌာနသည် ၂၀၂၀-၂၁ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်အထိ ပထမသုံးလပတ်အတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်း ချက် အစီရင်ခံစာကို သြဂုတ် ၃၁ ရက်တွင်ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀၁၁-၁၂ ပုံသေဈေးနှုန်းများဖြင့် တွက်ချက်သည့် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးမှာ တိုး တက်မှုမရှိပဲ အနှုတ်လက္ခဏာဖြင့် စီးပွားရေး ကျုံ့ဝင်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ကုမ္ပဏီ ၅၀၀ နီးပါး ဒေဝါလီခံခဲ့ရကြောင်း သိရ

Fri, 09/18/2020 - 15:34 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပထမဆုံး ကူးစက်မှုစတင်နေပြီလို့ အခိုင်အမာသိရှိပြီးအချိန်မှစ၍ လက်ရှိအချိန်အထိ ဒေဝါလီ ခံခဲ့ရသည့် ကုမ္ပဏီပေါင်း ၅၀၀ နီးပါး ရှိလာပြီးဖြစ်ကြောင်း  ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက် ၍ ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုက ဖော်ပြထားကြောင်း သိရပါသည်။

ဂျပန်နိုင်ငံရှိ စျေးဝယ်စင်တာများသည် ကိုရိုနာကပ်ရောဂါ ပြန့်ပွားနေချိန်အတွင်း အင်တာနက်မှ ဝန်ဆောင်မှုပေးခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်နေကြ

Fri, 09/18/2020 - 15:31 -- journal_editor

ဂျပန်နိုင်ငံရှိ စျေးဝယ်စင်တာများသည် ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း နေအိမ် အင်တာနက်မှတစ်ဆင့် စျေးဝယ်ကြသည့် စားသုံးသူများ၏ စိတ်ချယုံကြည်မှုကို ခိုင်မာစေရန်နှင့် အမျိုးမျိုးသော ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ အင်တာနက်ဝန်ဆောင်မှုကို ပိုမို မြှင့် တင်ဆောင်ရွက်နေကြကြောင်း သိရသည်။

Pages

Subscribe to RSS - နိုင်ငံတကာသတင်း