Main menu

Background

နိုင်ငံတကာသတင်း

ပြည်တွင်းလုပ်သားများ၏အလုပ်အကိုင်တည်မြဲစေရေးအတွက် စင်ကာပူ အစိုးရက အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးခဲ့ပြီးဖြစ်

Fri, 09/18/2020 - 15:29 -- journal_editor

ကိုဗစ်- ၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်သက်သာစေရန်နှင့် လုပ်သား များ၏ အလုပ်အကိုင်တည်မြဲမှုကို အထောက်အကူပြုစေရန် စင်ကာပူအစိုးရသည် Jobs Support Scheme - JSS အစီအစဉ်ဖြင့် စီးပွားရေးလုပ်ငန်း ၁၅၀၀၀၀ ကျော်သို့ စင်ကာပူဒေါ်လာ ၁၆ ဘီလီယံ ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအထောက်အပံ့ကြောင့် ပြည်တွင်းလုပ်သား ၂ သန်း ကျော်၏ လုပ်ခလစာကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးအပေါ် ကူညီပေးနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံAIO Co.,Ltd ကမြန်မာနိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ဟင်းသီးဟင်းရွက်များကိုအခြောက်ခံ၍ တင်သွင်းလိုကြောင်း

Fri, 09/18/2020 - 15:28 -- journal_editor

ဂျပန်နိုင်ငံ၊ဟီရိုရှီးမားမြို့တွင်အခြေစိုက်သည့် AIO Co., Ltd ကမြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များကိုအခြောက်ခံ၍ဂျပန်နိုင်ငံသို့တင်သွင်းလိုကြောင်း၊ဟင်းသီးဟင်းရွက်အခြောက်ခံသည့် နည်းပညာကိုပါမျှဝေဖလှယ်လိုပြီးလိုအပ်ပါကစက်ရုံတည်ထောင်ဆောင်ရွက်လိုပါကြောင်းနှင့်မြန်မာနိုင်ငံမှထွက်ရှိသည့်ဟင်းသီးဟင်းရွက်အခြောက်ခံထားသည့်ကုန်ကြမ်းများကိုဂျပန်နိုင်ငံသာမကအခြားဒေသတွင်းနိုင်ငံများသို့ပါဖြန့်ဖြူးတင်ပို့နိုင်ရန်အထိ ရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံရှိစီးပွားရေးသံမှူးမှ တဆင့် အကြောင်းကြားလာပါသည်။

အိန္ဒိယပို့ကုန်ဈေးကွက် ထပ်မံ ဖြန့်ကြက်ရန် အစိုးရကကူညီမည်

Thu, 01/25/2018 - 11:37 -- journal_editor

    အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပို့ကုန်ဈေးကွက်ကို ထပ်မံဖြန့်ကြက်ရန် မဟာဗျူဟာချမှတ်ရေးကိုအစိုးရကကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူရက်ပရာဘူက ဇန်နဝါရီ ၁၉ ရက် တွင်ပြော သည်။အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှဒေသမှာ အစားအစာနှင့် အဖျော်ယမကာကုန်သွယ်ရေး ဗဟိုအချက်အချာ ဖြစ်လာစေရေးအတွက် သီးခြားအစီအမံများကို စတင်ဆောင်ရွက်ရန် အစိုးရကစီမံဆောင်ရွက်နေ ကြောင်း လည်း သူကပြောသည်။မြို့တော်နယူးဒေလီရှိ ဂရိတ်တားနွိုက်ဒါဒေသတွင်ကျင်းပသောအစားအစာနှင့် အဖျော်ယမကာအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကြီး ဖြစ်သည့်''အိန္ဒိယအစားအစာ'' (Indus Food) ပြပွဲဖွင့်ပွဲတွင် ဝန်ကြီး ကယခုကဲ့သို့ ပြောကြားခဲ့ခြင်း

ထိုင်းစီးပွားရေးကိုမြှင့်တင်ရန် လုပ်သား ၁၃ သန်းကို လုပ်ငန်းသင်တန်းပေးရန် လိုအပ်

Thu, 01/25/2018 - 11:34 -- journal_editor

   ထိုင်းနိုင်ငံ၏စီးပွားရေးကို မြှင့်တင်ရန်နှင့်  တိုင်းပြည်ဝင် ငွေကို အလယ်အလတ်အဆင့်မှထပ်မံတိုးတက်အောင်ဆောင် ရွက်ရာတွင် တွေ့ကြုံရမည့်အခက်အခဲများမှ လွတ်မြောက်စေ ရန်အတွက် ထိုင်းနိုင်ငံသည် လုပ်သား ၁၃ သန်း ကို ကျွမ်းကျင် လုပ်သားများအဖြစ် လေ့ကျင့်ပေးရန်လိုကြောင်း ပြည်တွင်း၊ ပြည်ပရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ထိုင်းနိုင်ငံက စက်မှုလုပ်ငန်းတိုးတက်မှု စတုအဆင့် သို့ရောက်ရှိရန် တက်လှမ်းနေချိန်တွင် လုပ်သားအင်အားကိုအဆင့်မြှင့်တင်ရေးမှာအဓိကကျသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ''ထိုင်းနိုင်ငံကို ဒီဇိုင်းပြန်လည်ရေးဆွဲခြင်း'' (Re-Design Thailand) ခေါင်းစဉ်ဖြင့် သမ္မာဆက်တက္ကသိုလ်ဘောဂဗေဒ ဌာနကပြု လုပ်

အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ တန်ဖိုးရှိ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ်များအား တရုတ်နှင့် အမေရိကန်ကုမ္ပဏီများ စာချုပ်ချုပ်ဆို

Thu, 11/16/2017 - 14:24 -- journal_editor

        အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိသည့်အချိန်အတွင်း တရုတ် နှင့်အမေရိကန်တို့မှ ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစာချုပ် များအား လက်မှတ်ရေးထိုးချုပ် ဆိုခဲ့ရာ ချုပ်ဆိုခဲ့သည့် စာချုပ်စုစုပေါင်းတန်ဖိုး  မှာ အမေရိကန်ဒေါ်လာ  ဘီလီယံ ၂၅၀ ရှိကြောင်း ဆင်ဟွာသတင်းဌာန က ရေးသားဖော်ပြခဲ့သည်။

Pages

Subscribe to RSS - နိုင်ငံတကာသတင်း