Main menu

Background

အင်ဒိုနီးရှားစားအုန်းဆီ ပြည်ပတင်ပို့မှုကျဆင်း

Mon, 02/18/2013 - 08:25 -- ydnar

စံချိန်တင်လောက်အောင်ရှိနေတဲ့ သိုလှောင်လက်ကျန်များကို ရှင်းလင်းရန် အတွက် မလေးရှားနိုင်ငံက အခွန်လွတ် တင်ပို့ခွင့်ပေးခဲ့ပါတယ်။ ထိုသို့ခွင့်ပြုခဲ့ပြီး နောက်ပိုင်းဝယ်လက်များက မလေးရှားနိုင်ငံဘက်ကို ဦးလှည့်လာကြပါတယ်။ ဒါ ကြောင့် ကမ္ဘာပေါ်မှာစားအုန်းဆီအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု ဟာ လေးလအတွင်းအနိမ့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံရဲ့ တင်ပို့မှုဟာ ဇန်နဝါရီ လမှာ ၅ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး မက်ထရစ်တန် ၁ ဒသမ ၅၁ သန်းရှိခဲ့ကြောင်း ဘလွမ်းဘတ်မှ ပြုစုထားတဲ့ သတင်းအရသိရပါ တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်လုပ်မှုဟာ ၈ ရာခိုင်နှုန်းကျဆင်းပြီး တန် ၂ သန်းထိ ရောက်ရှိနိုင်ပါတယ်။ သိုလှောင်မှုမှာ ၁၄ ရာခိုင်နှုန်းကျဆင်းပြီး တန် ၃ သန်းထိ ရှိလာနိုင်ပါတယ်။

ဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံဟာ ကုန်လက်ကျန်များဖြေရှင်း ရန် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ စားအုန်းဆီကြမ်းတင်ပို့မှုအတွက် အခွန်နှုန်း ကိုသုညရာခိုင်နှုန်းထိ သတ်မှတ်ပေးခဲ့ပါတယ်။ ကွာလာလမ်ပူ မှာ ဈေးနှုန်းများဟာ ၂၀၁၂ ခုနှစ်က ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း တင်ပို့မှုက ပေးသွင်းရေး စာချုပ် များထက် ကျော်လွန်နေလို့ ၂၀၁၃ ခုနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက်မှု ရှိခဲ့ပါတယ်။ တင်သွင်းမှုအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက တင်သွင်းခွန်ကို ဇန်နဝါရီလက စပြီး ပြန်လည်ကောက်ခံခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကလည်း တင်ပို့ခွန်ကို ဖေဖော် ဝါရီလထဲမှာ မြှင့်တင်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ ကုန်လက်ကျန် သိုလှောင်မှုနဲ့ ကုန်ထွက် စာရင်းများကို မလေးရှားစားအုန်းဆီဘုတ်အဖွဲ့က ထုတ်ပြန်ပြီးနောက် မလေးရှား နိုင်ငံ စာချုပ်စာတမ်းကုန်ဝယ်ဒိုင်မှာ ကြိုပွိုင့်ဈေးများမှာ ဖေဖော်ဝါရီ ၁၃ ရက်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ သိုလှောင်လက်ကျန်မှာ စံချိန်တင်မြင့်မား ခဲ့တဲ့တန် ၂ ဒသမ ၅၈ သန်းမှ ၁ ဒသမ ၉ ရာခိုင်နှုန်းသာ ကျဆင်းခဲ့ပါတယ်။ ခန့်မှန်းထားတဲ့အောက် အနည်းငယ်သာကျဆင်းခြင်းဖြစ်ပါတယ်။ ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းကျဆင်းတဲ့အတွက် ပို့ကုန်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အရောင်းအသွက်ဆုံးဈေးမှာ ကွာလာလမ်ပူမှာ ဖေဖော်ဝါရီ ၁၄ ရက်က သုည ဒသမ ၆ ရာခိုင်နှုန်း ပိုတက်လာပြီး တစ်တန်ကို ၂၅၂၁ ရင်းဂစ် (၈၁၇ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ဇန်နဝါရီလက ပို့ကုန်ခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းကောက်ခံရာမှ ၉ ရာခိုင်နှုန်းထိ တိုးမြှင့်ကောက်ခံခဲ့တဲ့ အင်ဒိုနီးရှားမှာ အခွန်မူဝါဒကို ဆက်လက်ထိန်းထားမှာ ဖြစ် ကြောင်း ကုန်သွယ်ရေးဒုတိယဝန်ကြီး ဘာဟုကရစ်စနာမူထီးက ဖေဖော်ဝါရီ ၇ ရက်ကပြောခဲ့ကြောင်း bloomberg.com မှ သိရပါတယ်။             UNT