Main menu

Background

ယခုနှစ်အတွင်း ရေထွက်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅ ဘီလျံ အထိ ရောက်ရှိမည်ဟု အင်ဒိုနီးရှားခန့်မှန်း

Mon, 02/25/2013 - 06:26 -- ydnar

ကမ္ဘာ့စီးပွားရေးအခြေအနေတည် ငြိမ်မှုမရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ၂၀၁၃ခုနှစ်အတွင်း ရေထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ဘီလျံအထိ ရောက်ရှိမည်ဟု အင်ဒိုနီး ရှားရေလုပ်ငန်းဝန်ကြီးမှ ခန့်မှန်းထား ကြောင်း သိရသည်။

ရေလုပ်ငန်းဝန်ကြီး၏သုံးသပ်ချက် အရ ယခုနှစ်အတွင်းတွင် အင်ဒိုနီးရှား နိုင်ငံမှ ရေထွက်ပစ္စည်းတင်ပို့မှု အခြေအ နေများမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ ဝန်ကြီးဌာနအနေဖြင့် ပို့ ကုန်ဈေးကွက်ကို အာဖရိကနှင့်အရှေ့ အလယ်ပိုင်းနိုင်ငံများသို့ တိုးချဲ့ထားရာ ယင်းကဲ့သို့တိုးချဲ့ထားမှုကြောင့် ပို့ကုန် များမှ အခွန်ရရှိမှုများ တိုးတက်လာခဲ့ ကြောင်း၊ ယခင်နှစ်က သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၄၂၀ ရှိကုန်ပစ္စည်းများကို တင်သွင်းခဲ့ကြောင်း သိရသည်။Ref: T.H, ASF Weekly News