Main menu

Background

ပို့ကုန်ခွန်ကြောင့် မလေးရှားမှာ တင်ပို့မှု ကျဆင်းပြီး စားအုန်းဆီ ဈေးနှုန်းကျ

Mon, 04/08/2013 - 11:15 -- ydnar

စားအုန်းဆီတင်ပို့မှုအတွက် အခွန်ကို တိုးမြှင့်ကောက်ခံတာကြောင့် သွင်းကုန်သမားများရဲ့ ဝယ်လိုအား ကို ထိန်းချုပ်ထားသဖြင့် ကမ္ဘာမှာ ဒုတိယအများ ဆုံး စားအုန်းဆီတင်ပို့နေတဲ့ မလေးရှားမှ စားအုန်းဆီတင်ပို့မှုဟာ ပဉ္စမမြောက်လ အဖြစ်ကျဆင်းမယ့်လက္ခဏာကိုတွေ့ရတယ်။ထို့ကြောင့်စားအုန်းဆီဈေးဟာ လေး ရက်အတွင်း ပထမအကြိမ်အဖြစ် ကျဆင်းခဲ့တယ်။

စားအုန်းဆီရဲ့မေလအတွက် ကြိုပွိုင့်စာချုပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး၊ မလေးရှား Derivatives  Exchange  မှာ မက်ထရစ်တစ်တန်ကို ၂၄၁၃ ရင်းဂစ် (၇ ဒသမ ၇၇ ဒေါ်လာ)နှုန်းရှိခဲ့တယ်။ ကွာလာလမ်ပူ မှာ မနက်ပိုင်း ဈေးကွက်မှာ ၂၄၃၄ ရင်းဂစ်နှုန်းဖြစ်ခဲ့တယ်။ စားအုန်းဆီတင်ပို့မှုဟာ ဖေဖော်ဝါရီလမှာ စတုတ္ထမြောက်လအဖြစ် ၁၄ ရာခိုင် နှုန်းကျဆင်းပြီး၊ မက်ထရစ်တန် ၁ ဒသမ ၄ သန်းရှိခဲ့ကြောင်း၊ မလေးရှားစားအုန်းဆီ ဘုတ်အဖွဲ့မှ ကြေညာတယ်။ စားအုန်းဆီသိုလှောင်လက်ကျန် ရှင်းလင်းဖို့အတွက် ဇန်နဝါရီလ ၁ ရက်မှစပြီး ပို့ကုန်ခွန်ကို ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအကြား လျှော့ချမည်ဖြစ်ကြောင်း၊ မလေးရှားအစိုးရက အောက်တိုဘာလ မှာ ကြေညာခဲ့တယ်။ အခွန်နှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ သုညရာခိုင်နှုန်း သတ်မှတ်ရာမှ မတ်လမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့တယ်။ စားအုန်းဆီထုတ်လုပ်မှုဟာ ယခင်လက ၁၉ ရာခိုင်နှုန်းကျဆင်းပြီး တန် ၁ ဒသမ ၃ သန်းရှိခဲ့ပြီး၊ သိုလှောင်လက်ကျန်မှာ တန် ၂ ဒသမ ၄၄ သန်းကို ကျဆင်းခဲ့ ကြောင်း ဘုတ်အဖွဲ့က   bloomberg.com  မှာ မတ်လ ၁၁ ရက်ကပြောတယ်။UNT