Main menu

Background

တရုတ် ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ပြောင်းဖူးစေ့ တန်ချိန် ၇၀၀၀ နီးပါး တင်ပို့

Mon, 04/08/2013 - 15:02 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ကန်ပိုက်တီးစခန်းများမှ မတ်လ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၉၅၁ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းများ မှ ပြောင်းတန်ချိန် ၁၀၈၉၇ တန်ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၉၀၀ ကျော်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်းကို မန္တလေး၊ မကွေးနဲ့စစ်ကိုင်းဒေသတွေမှာစိုက်ပျိုးကြသလို လားရှိုး၊ သီပေါ ဒေသ တစ်ဝိုက်မှာလည်း စိုက်ပျိုးကြတယ်လို့သိရပါတယ်။ နှစ်ဖက်နိုင်ငံပြောင်းဈေးများ သိသိသာသာ ပြောင်း လဲမှု မရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်    ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၀၁၃၃၁    ၂၉၈၈၁၉        ၂၅၁၂       ၁    ၃၅၄    ၃၅၃              ၁        ၀ .၃MIRT (DOBT)