Main menu

Background

မလေးရှားနဲ့ စင်္ကာပူသို့ ရော်ဘာ တန် ၃၀၀ ကျော်တင်ပို့

Mon, 05/13/2013 - 12:26 -- ydnar

မလေးရှားနိုင်ငံနဲ့စင်္ကာပူနိုင်ငံသို့ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာသုည ဒသမ ၇၈၇ သန်းဖိုးရှိ ရော်ဘာတန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့တန်ချိန်တွေကတော့ မလေးရှား နိုင်ငံသို့ MSR-20 တန် ၆၀ နဲ့ RSS-3 တန် ၆၀၊ စင်္ကာပူနိုင်ငံသို့ RSS-3 ၂၁၂ တန်ခန့်ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၃၃၂ တန်နီးပါးဖြစ်ပါတယ်။ယခင်အပတ်ကတင်ပို့မှုမရှိဘဲ သြင်္ကန်လွန်ကာလ ယခုအပတ်မှစတင်တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံ တကာ ရော်ဘာပေါက်ဈေးများ ဈေးပြန်တက်လာတာကိုတွေ့ရှိရပြီး၊ FOB ရော်ဘာပေါက်ဈေးကိုလည်း တစ်တန်လျှင် ကန်ဒေါ် လာ ၁၀၀ ဈေးတိုးမြှင့်ကာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀-၂၅၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ် လာ၂၃၀၀-၂၄၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၄၅၀-၂၅၅၀ နဲ့ Creep Rubber တစ်တန်လျှင်ဒေါ်လာ ၂၂၀၀-၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရှိရပါတယ်။                        ယဉ်ယဉ်အေး MIRT