Main menu

Background

ပြည်ပဝယ်လက်အေးလို့ ယခုတစ်ပတ်အရောင်းအဝယ်အေးနေတဲ့ ရှမ်းနနွင်းဈေးကွက်

Mon, 05/20/2013 - 12:08 -- ydnar

ဒီတစ်ပတ်မှာတော့ နနွင်းအရောင်းအဝယ်မှာ တရုတ်က အဝယ် နောက်ပြန်ဆုတ်သွားတဲ့အတွက် အရောင်း အဝယ် အေးသွားခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန်တွေ ကတော့ အတော်လေးရှိသေးတယ်လို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ ဈေးကတော့ တစ်ပိဿာကို ၆၅၀ ကျပ်ဈေးရှိ ပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ အရောင်းအေးနေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်တဲ့ သူတွေလောက်သာ အဝယ်ရှိ နေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်သူတွေက နနွင်းကို အလှဆုံး၊ အကောင်းဆုံး ဖြစ်တဲ့ ဆင်တောင်နနွင်းကို အဆွဲ များလို့ တစ်ပတ်အတွင်း ပိဿာချိန် ၅၀၀၀၀ ပတ်ဝန်းကျင် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက အင်းနနွင်း တစ်ပိဿာ ၇၀၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းကတော့ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ် - ၁၀၅၀ ကျပ်ဈေးရှိတယ်လို့ ပွဲရုံများမှ သိရပါတယ်။စောယုထွေး တောင်ကြီး