Main menu

Background

တရုတ်နိုင်ငံမှ အဝယ်လိုက်နေလို့ သကြားဈေးထိုးတက်

Thu, 06/27/2013 - 12:53 -- ydnar

ယခုနှစ် နှစ်ဝက်အတွင်း သကြား ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ယခု တစ်ပတ်မှာ တရုတ်နိုင်ငံမှ အဝယ်လိုက် နေခြင်းကြောင့်သကြားဈေးနှုန်းဈေးထိုး တက်လာကြောင်း သိရပါတယ်။

ပြည့်ဝင်းမောင်သကြားစက်မှ ဦး ဝင်းဌေးက "သကြားဈေးက ခု ၂ ရက် အတွင်းဈေးထိုးတက်တာ။တရုတ်ဘက် က အခွန်ကိုက်လို့အဝယ်လိုက်လာတာ ထင်တယ်။ တော်တော်လေးကို အဝယ် လိုက်လာတာ။ တစ်ရက်ကို ကား ၅ စီး လောက်သွားတယ်။ တန်ချိန် ၂၀၀ လောက်ရှိလိမ့်မယ်။ နေ့စဉ်ဝယ်နေတာ။ ပစ္စည်းလက်ကျန်တော့ ရှိပါတယ်။ သကာရည်က နိုဝင်ဘာလလောက်မှ မန္တလေးဈေးကွက်ကိုဝင်မှာ။ ခုချိန်က ကုန်သည်လက်ထဲမှာပဲ ပစ္စည်းလက် ကျန်ရှိနေတယ်။ဈေးတက်ပေမဲ့တောင် သူ ကုန်ထုတ်ချိန်မဟုတ်လို့ဈေးကောင်း မရနိုင်ပါဘူး။ ကုန်သည်လက်ထဲရှိ ချိန်ဆိုတော့ အဝယ်လိုက်တဲ့အတွက် ကုန်သည်ကလည်း ဈေးခေါ်တာပေါ့" လို့ ပြောပါတယ်။  အထက်ပိုင်း သကြားများဈေးမြင့် တက် လျက်ရှိရာ ဇွန် ၁၉ ရက်နေ့က တစ်ပိဿာလျှင် ဆင်းရွှေလီ သကြား ကျပ် ၁၀၂၀၊ ဂရိတ်ဝေါသကြား ကျပ် ၁၀၁၀၊ ပေါင်းသကြား  ၉၀၀၊ ၉၄၀ ကျပ်၊ တင်လဲရည် ကျပ် ၂၈၀၊ ၂၉၀ ကျပ်၊ ပွက်သား ၅၅၀၊ ၅၉၀ ကျပ်၊ ခါသကြား ၆၆၀ ကျပ်၊ ခါစက်ကျရည် ၃၁၀၊ ၃၃၀ ကျပ်ဈေးရှိပါတယ်။ သကြားဈေးမှာ ယခင်ရက်ပိုင်းကထက် တစ်ပိဿာ ကျပ် ၄၀ မြင့်တက်လာ ကြောင်း သိရပါတယ်။ဇူးဇူး-မန္တလေး