Main menu

Background

ဈေးနှုန်းကျဆင်းမှုက ဝယ်လိုအားကို မြှင့်တင်ပေးသဖြင့် စားအုန်းဆီ ဈေးမြင့်တက်

Wed, 07/24/2013 - 15:28 -- ydnar

ယခုနှစ်အတွင်း စားအုန်းဆီဈေး နှုန်းများ အနိမ့်ဆုံးအထိ ကျဆင်းတဲ့ အတွက် ကမ္ဘာပေါ်မှာ အများဆုံးသုံး စွဲခဲ့တဲ့ စားသုံးဆီဖြစ်တဲ့ စားအုန်းဆီရဲ့ ဝယ်လိုအားကို မြင့်တက်စေခဲ့ပါတယ်။ ဒါကြောင့် စားအုန်းဆီဈေးက ဇူလိုင် ၁၈ ရက်မှ ဒုတိယနေ့ အဖြစ် ဆက်လက် မြင့်တက်ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာအတွက် ကြိုရောင်းတဲ့စားအုန်းဆီဈေးက ဘာဆာ မလေးရှား ကုန်စည်ဒိုင်မှာ မက်ထရစ်တစ်တန်ကို၂၂၈၆ ရင်းဂစ် (၇၁၆ ဒေါ် လာ)နဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ကွာလာလမ်ပူမှာ ညနေ ၄ နာရီ ၁၆ မိနစ်ကတစ်တန်ကို ၂၂၈၂ ရင်းဂစ်နှုန်း ရှိခဲ့ပါတယ်။ ကြိုရောင်းကြိုဝယ်ဈေးတွေ က ဇူလိုင် ၁၆ ရက်က ဒီဇင်ဘာ ၁၃ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေးကို ရောက်ရှိခဲ့ပါတယ်။ ပြည်တွင်း တွင် သြဂုတ်လအတွက် ကြိုရောင်းဈေးမှာ တစ်တန်ကို ၂၃၂၀ ရင်ဂစ်နှုန်းရှိပါ တယ်။ တရုတ်နိုင်ငံမှာ ကမ္ဘာစီးပွားရေး တိုးတက်နှုန်းနှေးကွေးကျဆင်းတာနဲ့ အိန္ဒိယက ဝယ်လိုအားထိန်းချုပ်တာအပြင် ကမ္ဘာ့သိုလှောင်အားမြင့်မားမှု ကြောင့် ယခုနှစ် အတွင်းမှာ အစစအသုံးများတဲ့ စားအုန်းဆီဈေးက ၆ ဒသမ ၄ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီ လက်ကျန်ကစံချိန်တင်ခဲ့တဲ့ ဒီဇင်ဘာက ရှိခဲ့ တာရဲ့ အောက် ၃၇ ရာခိုင်နှုန်းကျဆင်းပြီး တန် ၁ ဒသမ ၆၅ သန်းရှိခဲ့ ပါတယ်။ ထုတ်လုပ်မှုက ထုံးစံအားဖြင့် ဇူလိုင်ကနေ အောက်တိုဘာကာလ အတွင်း မြင့်မား တတ်ပါတယ်။ မလေးရှားရဲ့တင်ပို့မှုက ဇူလိုင်ပထမ ၁၅ ရက် အတွင်း ၂၄ ရာခိုင် နှုန်းကျဆင်းပြီး ၅၃၆၃၉၁ တန်နှုန်းရှိခဲ့ပါတယ်။ တရုတ် ဒါလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီအတွက် စားအုန်းဆီသီသန့်ရဲ့ ဈေးနှုန်းက တစ်တန်ကို ၅၆၄၂ ယွမ် (၉၁၉ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ အလားတူ ကာလအတွက် ပဲပုပ်ဆီဈေးက သုည ဒသမ ၄ ရာခိုင်နှုန်းမြင်တက် ပြီး တစ်တန်ကို ၇၂၇၂ ယွမ်နှုန်းရှိခဲ့ပါတယ်။                                     ဉာဏ်တင်