Main menu

Background

ထိုင်းနိုင်ငံဗဟိုဘဏ်၏ မူဝါဒအတိုးနှုန်းကို ၂ ဒသမ သုညသုည ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိခြင်း

Fri, 05/09/2014 - 06:36 -- ydnar

 

ထိုင်းနိုင်ငံဗဟိုဘဏ်၏ငွေကြေး မူဝါဒကော်မတီ(MPC)သည် ၂၃-၄-၂၀၁၄ ရက်နေ့၌ ကျင်းပခဲ့သော အစည်းအဝေးတွင် မူဝါဒအတိုးနှုန်း(Policy interest rate) ကို ပြောင်းလဲခြင်းမရှိဘဲ လက်ရှိ ၂ ဒသမ သုညသုည ရာခိုင်နှုန်းမှာပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း စီးပွားရေးတိုး တက်မှုနှုန်းသည် ကျဆင်းနိုင်ပြီး တစ်နှစ်ပတ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ခန့်မှန်းထားသည်ထက် အားပျော့နိုင်ကြောင်း

MPC မှ သတိပေးပြောကြားခဲ့ပါသည်။ ပြည်တွင်းဝယ်လိုအား၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့ အပေါ် နိုင်ငံရေးမတည်ငြိမ်မှု၏ ကြီးမားသော အကျိုးသက်ရောက်မှုကြောင့် ယခုနှစ်ပထမသုံးလပတ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်သက်ရောက်မှုကြောင့် ယခင်သုံးသတ်ခန့်မှန်းခဲ့သည်ထက် ပိုမိုလျော့နည်းနိုင်သည်ဟု ယူဆခြင်းဖြစ်ကြောင်း MPC အတွင်းရေးမှူး Mr.Paiboon က ပြောကြားခဲ့ပါသည်။ ၂၃-၄-၂၀၁၄ ရက်နေ့၌ ကျင်းပ ခဲ့သော MPC အစည်းအဝေး၏ ဆုံးဖြတ်ချက်/ ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်ကို ပူးတွဲတင်ပြထားပါသည်။