ထိုင်းနိုင်ငံတွင် အကြီးဆုံးသော ဘဏ်ကြီးတစ်ဘဏ်ဖြစ်သည့် ဘန် ကောက်ဘဏ်(Bangkok Bank) နှင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင် များ တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိဘန်ကောက် ဘဏ်ရုံးချုပ်တွင် ဇွန်လ ၁၇ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်း ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်း မောင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပ တ်၀ န်းကျင်အနေအထားတို့ ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။ထို့ပြင် KPMG Phoomchai Co., Ltd.မှMr. Wirat Sirika-jornkijuMyanmar's Investment Outlook: Legal and Taxation View ခေါင်းစဉ်ဖြင့်ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ကို အောင်မြင် စွာ ဆောင်ရွက်လျက်ရှိသည့်ထိုင်းစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့်ှSeacaon Group မှ မန်နေးဂျင်း ဒါရိုက်တာMr.Piya Sosothikul? N.K Fishmeal Co., Ltd.မှ မန်နေးဂျင်း ဒါရိုက်တာ Mr.Nikom Kanokphaiphipat? Advanced Staniless Steel Co., Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ Mr. Kosilp Patarateeranond တို့က လည်းပါဝင်ဆွေးနွေးခဲ့ကြောင်းသိရသည်။ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ လူအများယုံကြည်ထားသည်ထက် ပိုမို မြင့်မားသောဝယ်ယူမှုစွမ်းအားရှိကြောင်း၊ စီးပွားရေးဆိုင် ရာ အခွင့်အလမ်းများစွာ ကိုဆက်တိုက်ကမ်းလှမ်းလျက်ရှိကြောင်း၊ သို့ရာတွင်စီးပွားရေးလုပ်ငန်းများအောင် မြင်မှု အတွက် သင့်တော်သော စီးပွား ဖက်ကို သေချာစွာစဉ်းစား၍ ရွေးချယ် သင့်ကြောင်း၊ ထိုင်းရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနို င်ငံ ၏သမားရိုးကျ လယ်ယာစိုက်ပျိုးရေးမှ စက်မှုလယ်ယာ အဆင့်သို့ အသွင်ကူပြောင်းရန်ကြိုးပမ်း မှုတွင် ပါဝင်သင့်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယင်းကဲ့သို့သော အသွင်ကူး ပြောင်းမှုအတွေ့အကြုံရှိခဲ့သောကြောင့် ထုတ်လုပ်မှုစွမ်းရည်ကို မည်သို့မြှင့်တင် ရ မည်ကို ကောင်းစွာ သိရှိကြကြောင်း၊ မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍတွင် ဖွံ့ဖြိုး တိုးတက်နိုင်သည့်အလားအလာများစွာ ရှိနေသေးကြောင်း၊ အဓိကသီးနှံမှာစပါး ဖြစ်ပြီး မကြာခင်အချိန်အတွင်းတွင် ဆန်တင်ပို့မှုတွင် ထိုင်းနိုင်ငံ ၏ပြိုင် ဘက် ဖြစ် လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ၌ ငွေ ကြေးအင်အားတောင့်တင်းသောကုမ္ပဏီ များ များစွာရှိကြောင်း၊ များသောအား ဖြင့် အဆိုပါ ကုမ္ပဏီများသည် စီးပွား ရေးလုပ်ငန်းများစွာကို ဆောင်ရွက်လေ့ ရှိကြောင်း၊ သို့ဖြစ်ရာ စီးပွားဖက်မြန်မာ ကုမ္ပဏီများအနေဖြင့် ၎င်းတို့နှင့်ဖက်စပ် ဆောင်ရွက်မည့်လုပ်ငန်းတွင် အာရုံစိုက် ဆောင်ရွက်နိုင်ခြင်းရှိမရှိကို သေချာစဉ်း စား သင့်ကြောင်း ၊ မြန်မာနိုင်ငံ၌ စားသုံး သူများသည် အရည်အသွေးကောင်း သော ပစ္စည်းများကို နှစ်သက်ကြ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားေ ရး လုပ် ငန်းများတိုးချဲ့ဆောင်ရွက်ရန်မြန်မာ ဈေးကွက်ကိုရွေးချယ်သင့်ကြောင်းစသည် ဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။