Main menu

Background

ရွှေဈေးမြင့်တက်လာခြင်းကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးလျက်ရှိ

Thu, 07/10/2014 - 07:07 -- ydnar

 
ယခုတစ်ပတ်အတွင်း ရွှေဈေး မြင့်တက်လာခြင်းကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ် ပါးလျက်ရှိ ကြောင်း ရွှေဈေးကွ က်အတွင်းမှ စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက မြင့်တက်ခဲ့သည့်မြန်မာ့ ရွှေ ဈေးသည် ယခုတစ်ပတ် တွင်မူ ဈေး ထပ်မံ မြင့်တက်ခဲ့ခြင်းမရှိဘဲ အတက် အကျအနည်းငယ်ဖြင့်သာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။''ပြီးခဲ့တဲ့အပတ်ကတည်းက ဈေး က မြင့်တက်လာတဲ့အတွက်

ဒီတစ်ပတ် လည်းရောက်ရော ဈေးကွက်ထဲမှာ အရောင်းရော အဝယ်ပါ အေးသွား တယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ဈေးတက်နေတော့ ရောင်းတဲ့သူရော ဝယ်တဲ့သူပါရှိသေးတယ်။ ဒီတစ်ပတ် ကတော့ ဈေးက ထပ်မတက်သလို ကျ လည်း သိပ်ကျမသွားတဲ့အတွက် ဈေး ကွက်က အေးနေတုန်းပဲ။ နောက်ပြီး မိုးတွင်းလည်းဖြစ်တော့ အထည်ပိုင်း မှာလည်း အရောင်းအေးတယ်''ဟု ရွှေ ကုန်သည် ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် ဇွန်လ ၃၀ ရက်နေ့က ၆၇၇၂၀၀ ကျပ်ရှိခဲ့ပြီး ဇူလိုင် လ ၂ရက်နေ့တွင် ကျပ် ၆၇၉၀၀၀ သို့ မြင့်တက်ခဲ့ကာ ဇူလိုင်လ ၄ရက်နေ့ တွင်မူ ၆၇၇၅၀၀ သို့ပြန်လည်ကျဆင်း လာခဲ့သည်။''ကမ္ဘာ့ရွှေဈေးကျလာလို့ မြန်မာ့ ရွှေဈေးကျရတာပါ။ ကမ္ဘာ့ရွှေဈေးက လည်း အမေရိကန်ရဲ့စီးပွားရေးဆိုင်ရာ အချက်အ လက်တွေ ထုတ်ပြန်မှု၊စတော့ ဈေးကွက်ရဲ့အခြေအနေတွေပေါ်မူတည် ပြီး အတက်အကျရှိနေတဲ့အတွက် အဲဒီ ဈေးပေါ် အခြေခံပြီး မြန်မာ့ရွှေဈေးက လည်း အတက်အကျတွေလိုက်ပြီး ဖြစ် ပေါ်ရတာပါ''ဟု ကမ္ဘာ့ရွှေဈေးကွက်ကို အစဉ်တစိုက်လေ့ လာနေသူတစ်ဦးက ဆိုသည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၃၀ ရက်နေ့တွင် ၁၃၁၇ ဒေါ်လာရှိခဲ့ပြီး ဇူ လိုင်လ ၂ရက်နေ့တွင် ၁၃၂၅ဒေါ်လာ သို့မြင့်တက်ခဲ့ကာ ဇူလိုင်လ ၄ရက် နေ့တွင် ၁၃၂၀ဒေါ်လာသို့ ပြန်လည် ကျဆင်းခဲ့သည်။