Main menu

Background

မြန်မာ့ရွှေဈေး ပြန်လည်မြင့်တက်လာ

Fri, 07/18/2014 - 07:44 -- ydnar

ယခုတစ်ပတ်တွင် မြန်မာ့ရွှေဈေး သည် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ မြန်မာ့ေ ရွှဈေး မြင့်တက်လာမှု ကြောင့် ဈေးကွက်အတွင်း အရောင်း အဝယ်များ ပြန်လည်လှုပ်ရှားလာခဲ့ ကြောင်း သိရသည်။''ပြီးခဲ့တဲ့အပတ်တုန်းက ဈေးကျ လာမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ခု တော့ ဈေးက ပြန်တက်လာခဲ့ပြီ။ ကမ္ဘာ့ ရွှေဈေး က လည်း ပြန်တက်လာတယ်။ အဲဒါကြောင့်ဈေးတက်လာရတာပါ။

ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့ ကမ္ဘာ့ရွှေ ဈေးက ဆက်စပ်နေေ တာ့ ရွှေဈေး အတက်အကျသိချင်ရင် ကမ္ဘာ့နိုင်ငံရေး အခြေအနေကို သတိထားပြီးစောင့် ကြည့်ရတယ်။ ဒါဆိုရင်ရွှေဈေး အတက်အကျကို အနီးစပ်ဆုံးခန့်မှန်းလို့ရတယ်။ ခုဆိုရင် အစ္စရေးနဲ့ဂါဇာကမ်းမြှောင် ဒေသနဲ့အခြေအနေက တင်းမာနေတဲ့ အခြေအနေဆိုတော့ ရွှေဈေးက ပြန် တက်လာတာ။ သူ့အခြေအနေက ပိုပြီး တင်းမာလာပြီဆိုရင် ရွှေဈေးက ထပ် တက်ဦး မှာပဲ''ဟု ကမ္ဘာ့ရွှေဈေးကွက်ကို စောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။''မြန်မာ့ရွှေဈေးကွက်မှာတော့ ရွှေဈေးတက်လာပြီး နည်းနည်းပြန်ကျ သွားကတည်းက ဈေးကွက်ထဲမှာ အရောင်းရော အဝယ်ပါ အေးနေတော့ တာ။ ခု ဈေးပြန်တက်တယ်ဆိုတော့ နည်းနည်းတော့ လှုပ်သွားတာပေ့ါ။ ဒါ ပေမယ့် ဝါတွင်းေ ရာက လာ ပြီဆိုတော့ အထည်ပိုင်းမှာ အရောင်းအဝယ်တွေ ဆက်ပြီး အေးသွားနိုင်တယ်''ဟု ရွှေ ကုန်သည်ဦးစံမြင့်က ဆိုသည်။မြန်မာ့ရွှေဈေးသည် ဇူလိုင်လ ၇ ရက်နေ့တွင် ၆၇၅၇၀၀ ကျပ်ရှိခဲ့ရာမှ ဇူလိုင် ၉ရက်နေ့တွင် ကျပ် ၆၇၇၀၀၀ သို့ မြင့်တက်ခဲ့ပြီး ဇူလိုင်လ ၁၀ရက်နေ့ တွင် ကျပ် ၆၇၈၀၀၀ သို့ ဆက်လက် မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇူလိုင်လ ၇ ရက်နေ့တွင် ၁၃၁၈ဒေါ်လာရှိခဲ့ပြီး ဇူလိုင်လ ၁၀ရက်နေ့တွင် ၁၃၂၆ ဒေါ် လာသို့ ပြန် လည်မြင့် တက် ခဲ့သည်။