Main menu

Background

ပြည်တွင်းငွေကြေးဈေးကွက်ကြိုက်ရောင်းကြိုက်ဝယ်စနစ်သာရှိ

Mon, 05/06/2024 - 12:47 -- journal_editor

ပြည်တွင်း ငွေကြေးဈေးကွက်မှာ လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ် ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများ ထံက သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် တည် ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင် ရွက်နေပြီး လက်ရှိတွင် သြညနပ ဃ့ညေါနမ များကို ရှောင်တခင်ဝင်ရောက် စစ်ဆေး လျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် သြညနပ ဃ့ညေါနမ များအား အရေးယူလျက်ရှိကြောင်း သိရသည်။
ယင်းသို့ အရေးယူရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် ယာယီဆိုင်းငံ့ခြင်း၊ အပြီးရုပ်သိမ်းခြင်းတို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်လည်း ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ခြင်းမရှိဟုဆိုကာ ပြီးခဲ့သည့် ဧပြီလအတွင်း သြညနပ ဃ့ညေါနမ  ၁၉ ခုကို လိုင်စင်ရုပ် သိမ်းခြင်းနှင့် ဆိုင်းငံ့ခြင်းများပြုလုပ်၍ အရေးယူဆောင်ရွက်ထားကြောင်း အသိပေး ထုတ်ပြန်ထားသည်။ ဗဟိုဘဏ်အနေဖြင့် သြညနပ ဃ့ညေါနမ ၁၉ ခုကို ထပ်မံ အရေး ယူထားပြီး တစ်လကျော်အတွင်း သြညနပ ဃ့ညေါနမ ၄၈ ခုအထိ အရေးယူထားပြီးဖြစ် ကြောင်း သိရသည်။                                                                                

 ပန်းဆု