Main menu

Background

MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်ရှာဖွေချိတ်ဆက်ပေး

Tue, 05/07/2024 - 11:41 -- journal_editor

နိုင်ငံတော်မှ  MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေး ရည်ရွယ်ပြီး အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်း ရှင်များအား   လုပ်ငန်းပိုမိုတိုးတက်  ထုတ်လုပ်လာနိုင်ရေးအတွက်  နိုင်ငံစီးပွားမြှင့်တင်ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ြှနြ ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ သည်။
ပြည်ခရိုင် ပြည်မြို့ မှော်ဇာကျေးရွာမှ သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်သည့် လုပ်ငန်းမှာလည်း နိုင်ငံ့စီးပွား မြှင့်တင်ရန်ပုံငွေမှ  ချေးငွေများ ထုတ်ချေးပြီး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်  ဆောင်ရွက်လျက်ရှိသည်။ သဘာဝဓာတ်မြေသြဇာလုပ်ငန်း အား ဈေးကွက်ရှာဖွေနိုင်ရေးအတွက်  စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ရာသီအလိုက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီး တိုင်း တွင်းနှင့် အခြားတိုင်းဖြစ်သော ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ ရောင်းချလျက်ရှိသော ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) သဲကုန်း မြို့နယ်ရှိ ပုတီးကုန်းမြို့မှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ နှင့် ဧပြီ ၂၇ ရက်နေ့တွင် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သဲကုန်းမြို့နယ်၊ ပုတီး ကုန်းမှ တောင်သူများအနေဖြင့် ဟင်းသီး ဟင်းရွက်များ ကို ရာသီ အလိုက် စိုက်ပျိုးလျက်ရှိပြီး မိုးဦးကာလတွင် ခဝဲ၊ ပြောင်း၊ ငရုတ်သီး (ကျောက်စိမ်း) ၊ မြင်းခွာ၊  ကျောက်ဖရုံ၊  ရွှေဖရုံ၊  ခရမ်းြွကပ်သီး၊ ခရမ်းသီး၊  ပဲသီး၊ ကြောင်လျှာ စသည့်  ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးပြီး ဆောင်းကာလတွင်  နိုကိုဥ၊ ဂေါ်ဖီ၊ ဂေါ်ဖီထုပ်များကို အများဆုံးစိုက်ပျိုးကြသည့်အတွက်  ဟင်းသီးဟင်းရွက်များ အများ အပြားထွက်ရှိရာ ဒေသတွင်း ရောင်းချသည့်အပြင်  ရန်ကုန်တိုင်း ဒေသကြီး  သီရိမင်္ဂလာဈေး၊ တညင်းကုန်းဈေး၊ ထောက်ကြန့်၊ တိုက်ကြီးနှင့် ဥက္ကံမြို့များသို့ သီးနှံလှိုင်ချိန်တွင် နေ့စဉ် တန်ချိန် ၁၀ဝ၀ဝ ခန့်ပါဝင်သော ၁၂ ဘီးကား  လေးစီးခန့် တင်ပို့နိုင်သည့်အပြင် ပြည်နှင့်  ပေါက်ခေါင်းမြို့နယ်များသို့ ကုန်ချိန် ၉၀ဝ - ၁၀ဝ၀ ခန့် ပါသော ူငါ့အ ွှမကခု ကားသုံးစီးခန့် တင်ပို့ရောင်းချကြောင်း သိရ သည်။
စားသုံးသူရေးရာဦးစီးဌာန   ပြည်ခရိုင်ဦးစီးမှူးမှ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား စားသုံးသူအတွက် ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေးထုတ်ကုန် သီးနှံများဖြစ် ရေးနှင့် ြှနြ ထုတ်ကုန်ဖြစ်သည့် သဘာဝမြေသြဇာသုံးစွဲခြင်းဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး ျွှငည - ျွှငည ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 
သဘာဝဓာတ်မြေသြဇာလုပ်ငန်းမှ ဦးနေဦးကလည်း သဘာဝ ဓာတ်မြေသြဇာထုတ်လုပ်ပုံနှင့်  သုံးစွဲပုံနည်းလမ်းများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တောင်သူများ သို့ စမ်းသပ်အသုံးပြုနိုင်ရန် လက်ဆောင်အဖြစ် သဘာဝဓာတ်မြေ သြဇာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆုမွန်ဆွေ (ပြည်)