Main menu

Background

တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချနိုင်မှ ဈေးကောင်းရမယ်

Tue, 03/15/2011 - 07:29 -- Anonymous (not verified)

တန်ဖိုးမြှင့် ထုတ်လုပ်ရောင်းချနိုင်မှ ဈေးကောင်းရမယ်                      မြန်မာနိုင်ငံဟာ ပဲမျိုးစုံနှင့် ပြောင်းနှမ်းများကို ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိပြီး ဒုတိယပဲ အများ ဆုံး တင်ပို့ရောင်းချတဲ့ နိုင်ငံဖြစ်ပါတယ်။ ဈေးကွက်နဲ့ စားသုံးမှုပုံစံပြောင်းလဲလာတာနဲ့အမျှ ပြည်တွင်းရှိ ပဲ ထုတ်လုပ်တဲ့ လုပ်ငန်းရှင် တွေကလည်း ပဲများကို ခေတ်မီစက်ကြီးတွေ ခေတ်မီနည်းပညာတွေနဲ့ ပြည်ပဈေးကွက်ဝင်ပဲများဖြစ်အောင် ပြည်တွင်းမှာ အပြိုင်အဆိုင်ထုတ်လုပ်လာတာတွေ့ရပါတယ်။ ပဲများကို ကုန်ကြမ်းအတိုင်းသန့်စင်ပြီး တင်ပို့ခြင်းထက် အဆင့်မြင့် ခေတ်မီစက်ကိရိယာများနဲ့ သန့်စင်မယ်၊ အခွံချွတ်မယ်၊ အဆင့်တွေခွဲခြားမယ်။ အရောင်တွေခွဲခြားမယ်။ ဒါ့အပြင် ခွဲခြမ်းတွေပါ ပြုလုပ်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) အဖြစ် ထုတ်လုပ်တင်ပို့ရောင်းချခြင်း ဖြင့် ဈေးနှုန်းတွေပိုမိုရရှိမှာဖြစ်သလို နိုင်ငံတော် အတွက်လည်း ဝင်ငွေပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း မှာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ်သလို စက်မှုလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။                  မြန်မာနိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပြီး လယ်ယာကဏ္ဍဟာ နိုင်ငံရဲ့အခြေခံကျတဲ့ စီးပွားရေး ကဏ္ဍလည်းဖြစ်ပါတယ်။ ယခင်က ဒီလယ်ယာထွက်ကုန်သီးနံှတွေကို သမားရိုးကျစက်တွေကိုသာအသုံးပြုပြီး ပြည်ပဈေးကွက် တင်ပို့ ရောင်းချတဲ့အခါမှာ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရရှိခဲ့တာတွေ့ရပါတယ်။ အခုအချိန်မှာတော့ ပြည်တွင်းပဲထုတ်လုပ်တဲ့ လုပ်ငန်းရှင် တွေက ခေတ်မီနည်းပညာ၊ ခေတ်မီစက်ကြီးတွေနဲ့ ပဲမျိုးစုံအား သန့်စင်ခြင်း၊ အဆင့်ခွဲခြားခြင်းတို့ကို ဆောင်ရွက်ပြီးမှ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချကြတဲ့အတွက် အရည်အသွေးမြင့်ပဲတွေကို ပိုမိုတင်ပို့ရောင်းချနိုင်တဲ့အပြင် ဈေးနှုန်းလည်း ယခင်ထက်ပိုမို ရရှိလာပြီလို့ သိရပါတယ်။               ခေတ်စနစ်တွေပြောင်းလဲလာတာနဲ့အတူ ပြည်တွင်းရှိ ပဲထုတ်လုပ်သူလုပ်ငန်းရှင်များကလည်း ပြည်ပကို ပဲကုန်ကြမ်းအတိုင်း သန့်စင်ပြီး တင်ပို့ခြင်းထက် ပဲများကို (Value Added) တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက် ထုတ်လုပ်လာကြပြီဖြစ်ပါတယ်။ ပြည်တွင်းရှိ စက်မှုဇုန်များမှာ ပဲများကို (Value Added) တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်တဲ့ စက်ရုံ ၃၅ ရုံထဲမှ ပြည်ပဈေးကွက်သို့ ခေတ်မီစက်ကြီးတွေနဲ့ ခွဲခြမ်းထုတ်လုပ်နေတဲ့ ASY ကုမ္ပဏီနှင့် အာကာဦး ကုမ္ပဏီရဲ့ စက်ရုံ ၂ ရုံကို သွားရောက်လေ့လာခဲ့ပါတယ်။ ခေတ်မီနည်းပညာ၊ခေတ်မီစက်ကြီးတွေနဲ့ တိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်လာ              AYS ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ကုမ္ပဏီတစ်ဦးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာ စက်မှုဇုန် (၄) ရှိမြေဧက ၆ ဒသမ ၃ ဧကပေါ်မှာ အိန္ဒိယ BUHLER  စက်ကြီးတွေနဲ့ ၂ဝဝ၈ ခုနှစ် ဇွန်လမှာ စတင်လည်ပတ်ခဲ့တာပါ။ နည်းပညာကတော့ အိန္ဒိယနည်းပါပဲ။ အဓိက တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ ပဲတွေကတော့ မတ်ပဲနှင့် ပဲစင်းငုံနီပါ။ ပဲတွေကို Value Added  ထုတ်လုပ်ရာမှာ လုပ်သားအင်အား ၁ဝဝကျော် နဲ့ စပြီးထုတ်လုပ်ခဲ့တာပါ'' လို့ ရှင်းပြပါတယ်။ စက်ယူနစ်များကို ပဲတီစိမ်းတစ်လိုင်း၊ ပဲစင်းငုံတစ်လိုင်း၊ နှစ်လိုင်းတပ်ဆင်ထားပြီး တစ်လိုင်းကို ကုန်ကြမ်းတစ်ရက် တန် ၁ဝဝ ခန့် ကြိတ်ခွဲ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါပုဂ္ဂိုလ်ကဘဲ ထပ်မံရှင်းပြရာမှာ ''မတ်ပဲနဲ့ ပဲစင်းငုံနီကို Value Added  အဖြစ်ထုတ်လုပ်ရာမှာ စက်တွေကို PLC Controal System  နဲ့ လည်ပတ်ခဲ့တာပါ။ ဒီ PLC Controal System ကိုMain Control  ခန်းကနေ Opeartor ၂ ဦးနဲ့ တစ်စက်ရုံလုံးကို ထိန်းထားပါတယ်။ ဒီ System  ရဲ့ အားသာချက်က Quality ကောင်းမယ်''လို့ ပြောပြပါတယ်။''ခေတ်မီစက်ကြီးတွေနဲ့ ထုတ်လုပ်ရာမှ ထွက်ရှိလာတဲ့ ပဲစင်းငုံအခြမ်းခွဲများအား ခေတ်မီ Colour Sorter ဖြင့် Sorted (ရွေးထုတ်) ပြီးနောက် သန့်စင်၍ အနာအဆာကင်းသော အရောင်အဆင်းညီညာတဲ့ ပဲစင်းငုံကုန်ချောအဖြစ် ရောက်ရှိလာပါတယ်။ ကုန်ချောအဖြစ် ထွက်ရှိလာ တဲ့ ပဲစင်းငုံအခြမ်းအချောများကိုQ.C Test  ပြုလုပ်ပြီး Grading Machine ဖြင့် ထပ်မံရွေးချယ်အဆင့်ခွဲပြီးမှ Polishing Machine ဖြင့် အရောင်တင် လိုက်တဲ့အခါမှာ ပြည်ပဈေးကွက်အဆင့်မီ ကုန်ချောတွေအဖြစ် ရောက်ရှိလာပါတယ်'' လို့ အဆိုပါစက်ရုံတာဝန်ခံက ရှင်းပြပါတယ်။ အဆိုပါ စက်တွေမှာ Colour Sorter  နှစ်လုံးတပ်ဆင်ပြီး အဆင့်မြင့်ကုန်ချောတွေကို တောက်လျောက်ထုတ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် AYS ပဲခွဲစက်ရုံအနေဖြင့် ဘေးအန္တရာယ်စိစစ်ရေးနဲ့ ထိန်းချုပ်ရေးသတ်မှတ်ချက်Harzard Analysis and Critical Control Point (ISO HACCP)  လက်မှတ်များရရှိထားပြီးဖြစ်လို့ စက်ယူနစ် အဆင့်တိုင်းတွင် အသုံးပြုကြိတ်ခွဲတဲ့ ဆီနဲ့ ရေတို့ဟာISO Standard  ဖြင့် အညီ Q.C Test  ပြုလုပ်ထားသလို စက်ယူနစ်များမှာ သုတ်ထားတဲ့ သုတ်ဆေးကအစISO Standard ပါအသုံးပြုရတယ်လို့ ထပ်မံသိရှိရပါတယ်။ ဒါ့အပြင် လက်ရှိပဲတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံအပြင် ပဲတီစိမ်းကိုပါ တစ်နေ့ကို တန် ၁ဝဝ ခန့်ကို BUHLER ခေတ်မီစက်ကြီးဖြင့် တိုးခဲျ့ ထုတ်လုပ်သွားမှာပါလို့ သိရပါတယ်။ အာကာဦီးပဲခွဲွဲစက်              နောက်ထပ်ခေတ်မီစက်ဖြင့် ပဲတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နေတဲ့စက်ကတော့ လှိုင်သာယာစက်မှုဇုန် (၄) ရှိ အာကာဦး ပဲခွဲစက်ရုံ ပဲဖြစ်ပါတယ်။ ဒီစက်ရုံကို ၂ဝဝ၅ ခုနှစ်မှာ BUHLER  စက်ယူနစ် များတပ်ဆင်သုံးစွဲပြီး အိန္ဒိယနည်းပညာဖြင့် မြန်မာပညာရှင်များက ပဲစင်းငုံနီ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြရာမှာ အခုလို ခေတ်မီတဲ့ စက်ယူနစ်တွေနဲ့ ပဲမျိုးစုံကို Value Added တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရာမှာ ပဲများရဲ့ အရည်အသွေး ပိုမိုကောင်းမွန်လာခြင်း၊ အလေအလွင့်နည်းပါးခြင်း၊ ပဲခွဲခြမ်းများ ထုတ်လုပ်ရာမှာလည်း ပဲခွဲခြမ်းတွေ တိကျစွာ ခွဲလာနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိလို့ ပြည်ပဈေးကွက်မှာ ယခုလိုထိုးဖောက်နိုင်တာဖြစ်တယ်လို့ ပြောပြ ပါတယ်။ အဆိုပါကုမ္ပဏီက ပဲတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံ ၂ ရုံသာရှိပြီး လှိုင်သာယာဇုန် (၁) မှာ မတ်ပဲနဲ့ ပဲတီစိမ်း အခွံချွတ်အခြမ်းခွဲတစ်နေ့ကို ၄၈ တန်ခန့် ထုတ်လုပ်နေသလို လှိုင်သာယာဇုန်(၄) မှာလည်း ပဲစင်းငုံနီ အခွံချွတ် အခြမ်းခွဲတစ်နေ့ကို ၂၄ တန်ခန့် ပုံမှန်ထုတ်လုပ်ပေးနေတယ်လို့ သိရပါတယ်။ ပဲကုန်ကြမ်းများ ဝယ်ယူစုဆောင်းမှု အခြေအနေ             မတ်ပဲနဲ့ ပဲစင်းငုံနီကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရာတွင် လိုအပ်သော မတ်ပဲ(ကုန်ကြမ်း)နဲ့ ပဲစင်းငုံနီ (ကုန်ကြမ်း)တွေအတွက် ရွှေမေတ္တာကုမ္ပဏီမှ ပဲထွက်ရှိရာဒေသများမှာ သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီမှုရှိတဲ့ ပဲကုန်ကြမ်းတွေကို လိုက်လံဝယ်ယူစုဆောင်းပြီး ASY  ပဲခွဲစက်ရုံကို စက်လည်ပတ်နိုင်အောင် စီစဉ်ပေးပါတယ်လို့ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ စက်ရုံမှ တစ်နှစ်ပတ်လုံး ပဲတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ပဲကုန်ကြမ်းတွေကို ပစ္စည်းပြတ်လပ်မှုမရှိအောင် ပဲထွက်တဲ့ ရာသီချိန်မှာ ဝယ်ယူစုဆောင်းရပါတယ်လို့ အဆိုပါ တာဝန်ခံ ကပဲ ထပ်မံရှင်းပြပါတယ်။ အာကာဦးပဲခွဲစက်ရုံကတော့ ပဲတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရာမှာ လိုအပ်တဲ့ပဲကုန်ကြမ်းတွေကို ပဲထွက်ရှိတဲ့ ဒေသ အသီးသီးမှာ တိုက်ရိုက်ဆင်းဝယ်လေ့ရှိသလို တစ်ခါတစ်လေ မြို့ပွဲစားများနဲ့ ဘုရင့်နောင်ဈေးကွက်မှလည်း ဆင်းဝယ်ရတာတွေရှိတယ်လို့ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ ပဲ(ကုန်ကြမ်း) ဝယ်ယူစုဆောင်းတဲ့အခါမှာ ၁ လစာ ၂ လစာအမြဲတမ်း ဖြည့်တင်းထားရပါ တယ်။ ပြည်တွင်းမှာ ပဲကုန်ကြမ်းတွေကို ဝယ်ယူတဲ့အခါမှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ Quality  ကိုရွေးချယ်ဝယ်ယူရလို့ အဆင်ပြေပါတယ်လို့ အဆိုပါ တာဝန်ခံကပဲ ထပ်မံပြောပြပါတယ်။ ပြည်ပဈေးကွက်သို့ တင်ပို့မှု အခြေအနေ            ASY ကုမ္ပဏီက မတ်ပဲ (အလုံး) ရော (အခြမ်း) ပါပြည်ပတင်ပို့နေပြီး၊ ပဲစင်းငုံနီကတော့ အခြမ်းဘဲ ပြည်ပတင်ပို့ရောင်းချပါတယ်။ အဓိကပို့တဲ့ တိုင်းပြည်တွေကတော့ ကနေဒါ၊ ဆော်ဒီ၊ စင်ကာပူ၊ သြစတြေးလျ၊ ဆစ်ဒနီ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ဘာရိန်း၊ ဒူဘိုင်းနဲ့ ကာတာနိုင်ငံတွေကိုပါ၊ မတ်ပဲကတော့ ပဲစင်းငုံနီထက်စာရင် ပြည်ပဈေးကွက်အနေအထားအရ တင်ပို့ရတာနည်းပြီး ပဲစင်းငုံနီကတော့ ပိုများတယ်လို့ သိရပါတယ်။ အာကာဦးကုမ္ပဏီကတော့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ နီတန်ဖိုးမြှင့် ထုတ်ကုန်တွေကို ဥရောပနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ကနေဒါ၊ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို အဓိကတင်ပို့ရောင်းချပါတယ်။ ဒါ့အပြင် စင်ကာပူ၊ မလေးရှားနဲ့ တရုတ်ကိုလည်း တင်ပို့ရောင်းချနေတယ်လို့ ကုမ္ပဏီမှ တာဝန်ခံတစ်ဦးက ရှင်းပြပါတယ်။ ကိုယ်ထုတ်လုပ်လိုက်တဲ့ ပဲတွေက ပြည်ပအဆင့်မီ Quality ကောင်းတဲ့ ပဲတွေဖြစ်လို့ ပြည်ပ ဈေးကွက်မှာ အခုထိ နေရာရနေလို့ ဒီနှစ်လည်း ဆက်လက် တင်ပို့ရောင်းချသွား မှာပါလို့ အဆိုပါတာဝန်ခံကဘဲ ထပ်မံရှင်းပြပါတယ်။အဆိုပါကုမ္ပဏီကအရင်က ပဲ တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ပြည်ပတင် င်ပို့ရာမှာ 25 Kgအိတ်များ၊ ပလတ်စတစ်အိတ် နှစ်ထပ်နဲ့ တင်ပို့ခဲ့ရာမှ အခုအခါ ဈေးကွက်တောင်းဆိုချက်အရ 1 Kg ၊ 2 Kg ၊ 5 Kg၊ ပလတ်စတစ်အိတ်များနဲ့ ထည့်ပြီး ပါကင်တံဆိပ် မျိုးစုံ ရိုက်နှိပ်ကာ ဂျပ်ဖာဘူးများဖြင့် ပြည်ပသို့ တင်ပို့လာတာသိရပါတယ်။ ဈေးကွက်လိုအပ်ချက်အရ ပဲစင်းငုံခွဲ ခြမ်းများကို စက်ယူနစ်များဖြင့် ပဲများကို ဆီလူးပြီး ဆီလူးပဲ 1 Kg အိတ်များ၊ ပါကင်ထုပ်ပိုးစက်များဖြင့် ထုပ်ပိုးကာ ဂျပ်ဖာများဖြင့်ထည့်ပြီး ပြည်ပဈေးကွက်ကို တင်ပို့လာတာ တွေ့ရပါတယ်။လုပ်သားများရဲ့ အလုပ်အကိုင်အခွင့်အလမ်း                   ASY  ကုမ္ပဏီရဲ့ ပဲခွဲစက်တွေမှာတော့ တစ်နှစ်ပတ်လုံးလည်ပတ်နေလို့ လုပ်သားများရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ပိုမိုတိုးတက်လာပါတယ်။ ပြည်ပဈေးကွက်လိုအပ်ချက်အရ စက်ရုံမှ စဉ်ဆက်မပြတ် ပဲတွေကိုValue Added  လုပ်နေတာကြောင့် စက်ရုံရဲ့ အနီးအနားလှိုင်သာယာမှာရှိတဲ့ လုပ်သားတွေလည်း အလုပ်အကိုင်တွေ ရရှိလာပါတယ်။ ယခင်က စက်ရုံကိုလုပ်သားအင်အား ၁ဝဝ ခန့်နှင့် လည်ပတ်ထုတ်လုပ်ခဲ့ရာမှ အခုဆိုရင် လုပ်သားအင်အား ၁၅ဝ ခန့်အထိရှိလာပြီလို့ စက်ရုံမှ တာဝန်ခံတစ်ဦးကရှင်းပြပါတယ်။ လုပ်သားများလုပ်ငန်း ကျွမ်းကျင်ဖို့အတွက် စက်ရုံမှ မြန်မာအင်ဂျင်နီယာများက သင်တန်းတွေ မကြာခဏပေးထားတာကြောင့် လုပ်သားတွေ စက်ယူနစ်ကိုင်တွယ်ရာမှာ ပိုမိုအဆင်ပြေလာပြီလို့ အဆိုပါတာဝန်ခံကဘဲ ထပ်မံရှင်းပြပါတယ်။ အလားတူ အာကာဦးပဲခွဲစက်မှာလည်း ပဲတန်ဖိုးမြှင့်ထုတ်ကုန် တွေကိုပြည်ပဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နေတာကြောင့် လုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။တန်ဖိုးမြှင့် ထုတ်လုပ်နိုင်သည့် စက်ရုံများ တိုးချဲ့ရန်လိုအပ်နေသေး                             ASY ကုမဏီရဲ့ တာဝန်ရှိသူတစ်ဦးက `ကျွန်တောတို့ပဲမျိုးစုံကို Value Added တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရာမှာ ပဲ(ကုန်ကြမ်း)     တွေကို ပြည်တွင်းပဲထွက်ရှိရာဒေသများမှာ ဝယ်ယူရတာ အဆင်ပြေလို့ ကုန်ကြမ်းအတွက် အခက်အခဲမရှိပါဘူး။ မတ်ပဲက ပြည်ပဈေးကွက် လိုအပ်ချက်အရ Demand နည်းနေတယ်။ ပဲစင်းငုံနီလောက်ပဲ အားထားပြီး ပြည်ပ ဈေးကွက်ပို့နေရတယ်။ အရင်က မီးမမှန်လို့ စက်လည်ပတ်ရတာ အခက်အခဲရှိပေမယ့် အခုတော့မီးပုံမှန်လေး လာနေတော့ စက်ရုံလည်ပတ်ရတာ ပိုပြီးအဆင်ပြေလာတယ်'' လို့ပြောပါတယ်။                      အာကာဦးကုမ္ပဏီရဲ့တာဝန်ခံတစ်ဦးက ''အရင်ကမတ်ပဲ(အလုံး)ပဲ ဈေးကွက်ရှိပြီး အခြမ်းဈေးကွက်မရှိလို့ ပဲတွေကို တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ရာမှာ ပဲခြမ်းအကွဲတွေမဖြစ်အောင်လို့ ဂရုစိုက်ပြီး ခွဲရပါတယ်။ အခုတော့ ပဲအခြမ်းဈေးကွက်ရှိလာလို့ လုပ်ရကိုင်ရတာ အဆင်ပြေလာတယ်'' လို့ ပြောပြပါတယ်။                      မြန်မာနိုင်ငံက ရာသီဥတုအနေအထားအရ ပဲကနှစ်စဉ်ထွက်ရှိလို့ ပဲတွေကို Value Added ပြုလုပ်ပြီး ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့  နိုင်ငံတော်အပိုင်းမှ အားပေးကူညီဆောင်ရွက်ပေးနေသလို ပဲထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကလည်း ကိုယ်ထုတ်လုပ်တဲ့ကုန်ချောတွေကို ပြည်ပ ဈေးကွက် အဆင့်အတန်းမီပဲတွေအဖြစ် ထုတ်လုပ်နေပါတယ်။ ဒါပေမယ့် ပဲတွေကို (ကုန်ကြမ်း) အတိုင်း ပြည်ပတင်ပို့ရင်လည်း အခွန် ၁ဝ ရာခိုင်နှုန်းဆောင်ရသလို ပဲတွေကို Value Added တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်ပြီး ပို့တော့လည်း အခွန် ၁ဝ ရာခိုင်နှုန်းဆောင်ရတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲတွေရှိလာတယ်လို့ အာကာဦးကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။ ဘာလို့လဲဆိုတော့ ပဲတွေကို ကုန်ချောအဖြစ် ထုတ်လုပ်ရာမှာ ထုတ်လုပ်မှုတွေ အဆင့်ဆင့်ရှိသလို (ဥပမာ- လုပ်သားအင်အား Packing  အပိုင်း)စတာတွေမှာ ကုန်ကျစရိတ်တွေ ရှိလို့ပါပဲ၊ ဒါကြောင့်ဖြစ်နိုင်ရင် ပြည်ပဈေးကွက်မှာ ပဲတန်ဖိုးမြှင့်ထုတ်ကုန်ဈေးကွက်မပျောက်အောင် တာဝန်ရှိသူများက ပြည်တွင်းပဲ တန်ဖိုးမြှင့် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို လုပ်သာကိုင်သာရှိအောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရင် လုပ်ငန်းများ ဒီထက်ပိုမိုအဆင်ပြေလာမယ်လို့ အဆိုပါကုမ္ပဏီ ရဲ့တာဝန်ခံတစ်ဦးက ထပ်မံပြောပြပါတယ်။                   ခေတ်စနစ်တွေ ပြောင်းလဲလာတာနှင့်အမျှ စက်မှုနည်းပညာတွေလည်း တိုးတက်လာသလို ရန်ကုန်တိုင်း ဒေသကြီးရှိ စက်မှုဇုန် အသီးသီးမှာလည်း ခေတ်မီစက်ကြီးတွေ၊ ခေတ်မီနည်းပညာတွေနှင့် ပဲမျိုးစုံ Value Added  ထုတ်လုပ်တဲ့ စက်ရုံတွေ ၃၅ ရုံအထိရှိလာပါတယ်။ အဆိုပါစက်ရုံများထဲမှ colour တပ်ဆင်ထားတဲ့ စက်ရုံ ၉ ရုံနဲ့ ပဲစင်းငုံခွဲစက် ၇ ရုံသာရှိသေးတာတွေ့ရပါတယ်။ ပြည်ပသို့ ပဲမိုျးစုံ FAQ တင်ပို့နိုင်တဲ့ပမာဏက ၂ဝဝ၈-၂ဝဝ၉ ခုနှစ်မှာ မက်ထရစ်တန် ၁ ဒသမ ၅၆ သန်း၊ ၂ဝဝ၉-၂ဝ၁ဝ မှာ မက်ထရစ်တန် ၁ ဒသမ ၂၉ သန်း၊ ၂ဝ၁ဝ-၂ဝ၁၁ ဖေဖော်ဝါရီလအထိ မက်ထရစ်တန် သုည ဒသမ ၇၅ ၅၉ သန်းတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ ပြည်ပဈေးကွက်သို့ ပဲမျိုးစုံ FAQ တင်ပို့တဲ့အထဲမှ ပဲတန်ဖိုးမြှင့်ထုတ်ကုန်က နှစ်စဉ် ၇ ရာခိုင်နှုန်းခန့်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ   အနေဖြင့် ပဲမျိုးစုံကို Value Added တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ်  တိုးခဲျ့ထုတ်လုပ်သွားရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ကျော်ငွေ-ခင်မောင်မောင်အုန်း