Main menu

Background

ဆင်းရဲခြင်းမှလွတ်ကင်းအောင် လမ်းပြဖော်ဆောင်ပေးမယ့် Microfinance အသေးစားငွေချေးလုပ်ငန်း

Wed, 03/30/2011 - 10:15 -- Anonymous (not verified)

 ဆင်းရဲခြင်းမှလွတ်ကင်းအောင် လမ်းပြဖော်ဆောင်ပေးမယ့် Microfinance အသေးစားငွေချေးလုပ်ငန်း                   ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ လူဦးရေတွေ တိုးပွားနေတာပါ။ အဲဒီလို လူဦးရေတွေ တိုးပွားလာမှုနဲ့အတူ ဆင်းရဲ နွမ်းပါးသူ အရေ အတွက်ဟာလည်း နေ့စဉ်တိုးပွားလျက်ရှိနေတာကို လေ့လာ တွေ့ရှိရပါတယ်။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇ဝဝဝ နီးပါးအနက် ဆင်းရဲမွဲတေ သူဦးရေဟာ သန်းပေါင်း ၁ဝဝဝနီးပါး ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးကို အထူးကိစ္စရပ် တစ်ရပ်အနေနဲ့ စီမံချက်တွေ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးသို့                   အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်အနေနဲ့လည်း ''အသေးစားချေးငွေ လုပ်ငန်းကို သမဝါယမပြု ကြစို့''ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ကြဖို့ အစဉ်တစိုက် တိုက်တွန်း လျက် ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂစီးပွား ရေးနှင့်လူမှုရေး ကောင်စီကလည်း၂ဝဝ၅ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာအသေးစား ချေးငွေလုပ်ငန်းနှစ်အဖြစ် သတ်မှတ်ပြီး အသေးစားချေးငွေ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ပြင် ၁၉၉၇ခုနှစ်က အမေရိကန် နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ အသေးစားချေးငွေလုပ်ငန်းထိပ်သီးအ စည်း အဝေးမှလည်း ''၂ဝ၁၅ခုနှစ်တွင် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးမိသားစု သန်း ၁ဝဝကိုအသေးစားချေးငွေလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်''ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ ကြောင်း သိရှိရပါတယ်။ အာရှငွေချေးသမဝါယမ အသင်းစုချုပ်များအဖွဲ့ နှင့် မြန်မာနိုင်ငံ                       ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အခြေစိုက်ထားတဲ့ အာရှငွေချေးသမ ဝါယမအသင်းစုချုပ်(ACCU- Asssociation of Asian Confederation of Credit Union) ကို ၁၉၇၁ခုနှစ်မှာ စတင်ဖွဲ့ စည်းခဲ့ရာ အာရှနိုင်ငံမှ အဖွဲ့ဝင် နိုင်ငံပေါင်း ၂ဝမှ အသင်းပေါင်း ၅၆၁၆၇ သင်း၊ အသင်းသား ၄၈သန်းတို့နဲ့စတင် ဖွဲ့စည်းလုပ်ကိုင်လျက် ရှိတာကို သိရှိရပါတယ်။ ACCU ဟာ ၂ဝ၁၅ခုနှစ်မှာ ဒေသတွင်းမှာ ရှိတဲ့ ဆင်းရဲသား သန်း ၈ဝဝအနက်မှ တစ်ဝက်ကိုဆင်းရဲနွမ်းပါး မှုလျှော့ချနိုင်ရေး ဦးတည်ဆောင်ရွက် လျက်ရှိပါတယ်။မြန်မာနိုင်ငံ ဟာလည်း ACCU  ရဲ့အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တာကြောင့် ဆင်းရဲနွမ်းပါးသူများကို အထိုက်အလျောက် အကူအညီပေးပြီး ကောင်း မွန်တဲ့အနာဂတ်ကို ပုံဖော်လာစေရန် ဆောင်ရွက်လျက် ရှိတာကို ဗဟိုသမဝါယမအသင်းလီမီတက်ရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ အသေးစားချေးငွေလုပ်ငန်းက သက်သေပြနေပါပြီ။                     ဆင်းရဲမွဲတေမှုလျော့နည်းလာသည် နှင့်အမျှ ဆင်းရဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ခိုး၊ ဆိုး၊ လုယက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများဟာလည်းလျော့နည်းလာမှာဖြစ်ပါတယ်။မကောင်းတဲ့ အနိဋ္ဌာရုံ တွေ လျော့ပါးပပျောက်လာတာနဲ့အမျှ ကောင်းမွန်တဲ့အနာဂတ်ခရီးလမ်းဟာ ချောမွေ့သာယာနေမှာအမှန်ပါ။ ဒါကြောင့်လည်း ဗဟိုသမဝါယမအသင်းလီမီတက်ဟာ အသေးစားချေးငွေလုပ်ငန်းကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုးစားအားထုတ်ခဲ့ကြောင်း သိရှိရပါတယ်။ လုပ်ငန်းတိုးတက်မှုနှေးကွေးလွန်းတဲ့ မြန်မာ့အသေးစားချေးငွေလုပ်ငန်းများ                      မြန်မာနိုင်ငံမှာ အသေးစားချေးငွေ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာမှာ အပေါင်ဆိုင်လုပ်ငန်း၊ ဋ္ဌာနဆိုင်ရာ ငွေစုငွေချေး သမဝါယမအသင်းများ၊ ဈေးသမဝါယမအသင်းများသာ ရှိခဲ့ပါတယ်။ အဲဒီအသေးစားချေးငွေလုပ်ငန်းတွေဟာ အသင်းသားပါဝင်မှုကို ကန့်သတ်ထားသလို မိမိရဲ့ပိုင်ဆိုင်တဲ့ပစ္စည်း ဒါမှမဟုတ် မိမိရဲ့ကိုယ်ပိုင် စုဆောင်းငွေရှိမှသာ ငွေချေးယူနိုင်ခြင်းတို့ကြောင့် ပစ္စည်းမဲ့လူတန်း စားများ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စား အခြေခံ လူတန်းစားများအတွက်မူအသုံးမဝင်တဲ့ ငွေချေးလုပ်ငန်းများသာ ဖြစ် ခဲ့တာကိုတွေ့ရှိရပါတယ်။ ဒါ့ကြောင့်လည်း အဲဒီအသေးစား ချေးငွေ လုပ်ငန်းများမှာ လုပ်ငန်းတိုးတက်မှုနှေးကွေးသလို ချေးယူသူများ အနေနဲ့လည်း တိုးတက်မှု မရှိတာကို တွေ့ရှိရပါတယ်။  အောင်မြင်မှုကင်းမဲ့ခဲ့တဲ့ ရောင်းဝယ်ရေးသမဝါယမအသင်းများ               တစ်ခေတ်တစ်ခါက သမဝါယမလုပ်ငန်းဟာ လျှမ်းလျှမ်း တောက် အောင်မြင်ခဲ့တဲ့လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပေါ်ထွန်းဖြစ်တည်ခဲ့တဲ့ သမဝါယမအသင်းများအနက် ရောင်းဝယ် ရေး သမဝါယမ အသင်းများဟာ အခြေခံကျတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် အောင်မြင်မှု အရှိဆုံးသောလုပ်ငန်းတစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လည်းအောင်မြင်မှုအရှိန်အဟုန်ကောင်းခဲ့တဲ့ ရောင်းဝယ်ရေး သမဝါယမ အသင်းများဟာ ဝိသမလောဘသမား မှောင်ခို လူတန်းစားများ ကြောင့်လည်းကောင်း၊ အလွဲသုံးစား လုပ်သူများကြောင့်လည်းကောင်း အောင်မြင်မှုအရှိန်အဟုန် ကျဆင်းမှေးမှိန်ခဲ့ရပါတယ်။ ဗဟိုသမဝါယမအသင်းနှင့် အသေးစားငွေချေးလုပ်ငန်း               ဗဟိုသမဝါယမအသင်း လီမီတက်ဟာ မြန်မာနိုင်ငံ အတွင်းဆင်းရဲမှု လျော့ပါးရေးအတွက် ဆောင်ရွက်ရန် နည်းလမ်းများကို ရှာဖွေခဲ့ရာမှာ ဆင်းရဲသူများအတွင်း၌ အသေးစားချေးငွေလုပ်ငန်းကို အတိုးနှုန်း သက်သာစွာဖြင့် ဆောင်ရွက်ရန်စီစဉ်ခဲ့ကြောင်း သိရှိရပါတယ်။ သို့သော်လည်းမြန်မာနိုင်ငံရဲ့ငွေကြေးဥပဒေအရ နိုင်ငံတော် မှ ခွင့်ပြုတဲ့အဖွဲ့များသာ အသေးစားချေးငွေလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရကြောင်း ဗဟိုသမဝါယမ အသင်းလီမီတက်မှ ဒုတိယ အထွေထွေ မန်နေဂျာဦးတင်အေးမှ ရှင်းပြခဲ့ပါတယ်။               ''ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Microfinance  ဆိုတာ အတိ အကျ မရှိသေးဘူး။ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ဘဏ်ဥပဒေ အရ ဒီ Microfinance လုပ်ငန်းကို ပြင်ပလူတွေ လုပ်လို့မရဘူး။ အပေါင်ဆိုင်တွေ၊ UNDP အဖွဲ့အစည်းတွေ၊ အဲဒါနဲ့ဆက် စပ်ပြီး NGOs တွေ၊ ရုံးတွေမှာရှိတဲ့ ငွေစုငွေချေး သမဝါယမ အသင်းတွေပဲ လုပ်ခွင့်ရတာ။Microfinance ဆိုပြီးအများ ပြည်သူတွေနဲ့လုပ်ဖို့ကျ တော့ အကန့်အသတ်တွေ ရှိလာတယ်''                   ''ကမ္ဘာ့နိုင်ငံတွေမှာလည်း ဆင်းရဲ မွဲတေမှု လျော့ပါးရေးကို အများကြီးလုပ်လာကြပြီ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့ လာအိုစတဲ့ နိုင်ငံတွေမှာ လုပ်လာကြပြီ။ ဒါကြောင့်ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း လုပ်သင့်တယ်လို့ သုံးသပ်လာကြ တယ်။ ဆင်းရဲမွဲတေမှုကို လျော့နည်းအောင် ကြိုးစားတဲ့အခါမှာ တစ်ဖက်ကလည်း ဥပဒေက ကန့်သတ်ထားတယ်။ တစ်ဖက်ကလည်း လုပ်ကိုလုပ်ရမယ်ဆိုတော့ ဗဟိုသမဝါယမအသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်၊ သမဝါယမဘဏ်ရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်မောင်အေးကအထက် အဆင့်ဆင့်ကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံတဲ့အခါ ဘဏ္ဍာ/အခွန် ဝန်ကြီးဌာနက ဒီလုပ်ငန်းဟာ ကောင်းတဲ့လုပ်ငန်း ဖြစ်နေတယ်။ ချေးငွေတွေနဲ့ လုပ်တဲ့အခါ အမှားအယွင်း မဖြစ်အောင်တော့ ကြီးကြပ်ပေးပါဆိုပြီး အကြောင်းပြန်ကြားလာတဲ့အတွက် အခုလို လုပ်ခွင့်ရခဲ့တာပါ''လို့ အသေးစားချေးငွေလုပ်ငန်း စတင်ခဲ့ရပုံကို ရှင်းပြခဲ့ပါတယ်။ စတင်ဖွဲ့စည်းပြီ               ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိပြီးတဲ့အခါမှာတော့ ဗဟိုသမဝါယမအသင်းလီမီတက်ဟာ အာရှငွေချေးသမဝါယမ အသင်းစုခုျပ်များအဖွဲ့နဲ့ ဆက်သွယ်ပြီး အသင်းဖွဲ့စည်းခွင့်ရ ကြောင်းအကြောင်းကြားခဲ့ပါတယ်။ အာရှငွေချေးသမဝါယမ အသင်း စုခုျပ်များ အဖွဲ့မှလည်း အသေးစားချေးငွေလုပ်ငန်းများ ဖြစ်ပေါ် တိုးတက်ရေး အမျိုးသားအဆင့်သင်တန်း(Natioanl Training on Credit Co-operative Microfinance Innovation) ကို ကျင်းပ ပေးခဲ့တဲ့အပြင် သူ့ရဲ့လက်ရှိအတွေ့အကြုံတွေ ကိုလည်း ဆွေးနွေး ပြောပြခဲ့ကြောင်း သိရှိရပါတယ်။ ဒါကြောင့်လည်း ၂ဝဝ၇ခု နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ဗဟိုသမဝါယမအသင်းလီမီတက် အနေနဲ့ အသေးစားချေးငွေလုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။ အသေးစားချေးငွေလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့တဲ့ မြို့နယ်ကတော့ သာကေတမြို့နယ်ဖြစ်ပါတယ်။ ရည်ရွယ်ချက်                ဆင်းရဲမွဲတေမှုရဲ့အဓိကအကြောင်းအရင်းက ငွေကို မစုတတ်ခြင်း၊ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်လိုစိတ်မရှိခြင်း၊ ငွေရလွယ်တဲ့ လောင်းကစား လုပ်ငန်းများကိုသာ လုပ်ကိုင်နေကြခြင်းတို့ကြောင့်ပါပဲ။ ဒါကြောင့်လည်း ဗဟိုသမဝါယမအသင်း လီမီတက် အနေနဲ့ ဆောင်ရွက်လျက်ရှိတဲ့အသေးစားချေးငွေလုပ်ငန်းဟာ မြန်မာ နိုင်ငံရဲ့သမိုင်းမှာရော၊ သမဝါယမသမိုင်းမှာရော၊ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ သမိုင်းမှာပါ တစ်ကြိမ်တစ်ခါမှ ဆောင်ရွက်လုပ်ကိုင်ဖူးခြင်း မရှိသေးတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးတဲ့ အောက်ခြေလူတန်းစားများအား ဆင်းရဲတွင်းမှ လွတ်ကင်းအောင် မည်သည့်အာမခံတစ်စုံတစ်ရာမှ ရယူခြင်းမရှိဘဲ တစ်နေ့လုပ်မှတစ်နေ့စားရသော ဈေးသည်များ၊ အထူးသဖြင့် အလုပ် လက်မဲ့ခင်ပွန်းသည်ထံမှ ဈေးဖိုးကိုပင် လုံလောက်စွာမရတဲ့အတွက် ကလေးတွဲလောင်းနဲ့ မိမိဝမ်းစာမိမိရှာဖွေစား သောက်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးများကို ဦးစားပေးသောလုပ်ငန်း ဖြစ်ကြောင်း၊ မိမိ၏မိသားစုအား စားဝတ်နေရေးကို ဖြေရှင်းရန် ခက်ခက်ခဲခဲ ရှာဖွေ ရမယ့်အရင်းအနှီးကို အလွယ်တကူ လက်လှမ်းမီအောင် ဖြေရှင်း ပေးနိုင်ရန်ဆိုတဲ့ ဦးတည်ချက်နဲ့ အရင်းမပျောက် မတည်ငွေ ထုတ်ပေးတဲ့ လုပ်ငန်းဖြစ်ကြောင်း ဗဟိုသမဝါယမအသင်း လီမီတက်မှ စီအီးအိုဖြစ်သူ ဦးကျော်သိန်းက ပြောကြားခဲ့တာပါ။                   မွန်မြတ်တဲ့ဦးတည်ချက်ကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိတဲ့ အသေးစားချေးငွေလုပ်ငန်းကို ရည်ရွယ်ချက်သုံးရပ်နဲ့ စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဦးတင်အေးက ဆက်လက် ရှင်းပြခဲ့ပါတယ်။ ''ကျွန်တော်တို့ ဒီအသေးစားချေးငွေလုပ်ငန်းကို ရည်ရွယ်ချက် သုံးရပ်နဲ့ စတင်လုပ်ဆောင်ခဲ့တာပါ။ အဲဒီရည်ရွယ်ချက်တွေကတော့ ဝင်ငွေနည်းပါးတဲ့ မိသားစုများရဲ့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်၊ တစ်နည်းအားဖြင့်ပြောရရင် ဆင်းရဲမွဲတေမှုလျော့နည်းပပျောက်ရေးလုပ်ငန်းကို အထောက်အကူဖြစ်စေရန်၊ ပြည်သူများအတွင်း ခြိုးခြံချွေတာ စုဆောင်းတတ်သည့်အလေ့ အထများ ဖြစ်ပေါ်ပြန့်ပွားလာစေရန်၊ လူမှုဘဝအတွင်း အဖွဲ့လိုက်တာဝန်ယူ ဆောင်ရွက်တတ်စေသည့် အလေ့အထ ရှိလာစေရန်တို့ပါပဲ။'' ရိုးသားကြိုးစားသူ မည်သူမဆို အသင်းဝင်ခွင့်ရှိသည်               အသေးစားချေးငွေလုပ်ငန်းဟာ ဆင်းရဲမွဲတေမှု လျော့နည်း ပပျောက်ရေးကို ဦးတည်ဆောင်ရွက် နေတာဖြစ်တဲ့အတွက် ဆင်းရဲ သော်လည်း အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ကိုင် လိုစိတ်ရှိခြင်း၊ ယုံကြည်စိတ်ချရမှုရှိခြင်း၊ စုပေါင်းတာဝန်ယူတတ်ခြင်း စတဲ့ အချက်တွေနဲ့ပြည့်စုံသူ မည်သူမဆိုပါဝင်ခွင့်ရှိကြောင်း သိရပါ တယ်။ အသင်းကို စတင်နိုင်ရန်အတွက် အသင်းတစ်သင်း လျှင်အနည်းဆုံး လူ ၅ဝ ရှိရမှာဖြစ်ပြီး အဆိုပါလူ ၅ဝတွင် ငါးဦးလျှင် တစ်ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစပထမတွင် လူ ၅ဝ သာ သတ်မှတ်ထားသော်လည်း နောက်ထပ်ဝင်မည့် လူ စာရင်းမှာ အနည်းဆုံး ၁ဝဝအထက် ရှိရမှာဖြစ်ပါတယ်။ ဗဟိုသမဝါယမ အသင်းလီမီတက် အသေးစားချေးငွေ လုပ်ငန်းမှ သတ်မှတ် ထားသည့်အချက်များနှင့် ပြည့်စုံမှုရှိပါက အဖွဲ့သို့ဝင်ခွင့်ပေး မည်ဖြစ်ပြီး ပထမဦးဆုံးအသုတ်အဖြစ် အဆိုပါ လူ ၅ဝအား တစ်ဦး လျှင် ချေး ငွေ ကျပ်သုံးသောင်းဖြင့် လူ ၅ဝအတွက် ချေးငွေ ကျပ်၁၅ သိန်း စတင် ထုတ်ချေးပေးမှာဖြစ်ပါတယ်။ တစ်ဦးလျှင် ကျပ် သုံးသောင်း ထုတ်ချေးခဲ့ရာ နေ့စဉ်တစ်နေ့လျှင် အတိုးရောအရင်းပါ ကျပ် ၆ဝဝ ဖြင့် ရက်ပေါင်း၆ဝဆပ်ရမှာဖြစ်ပါတယ်။ အဆိုပါ နေ့စဉ် ဆပ်သည့် ကျပ် ၆ဝဝတွင် အတိုး ၃ဝကျပ် ၊ စုဆောင်းငွေ ကျပ် ၇ဝ၊ အရင်း ၅ဝဝကျပ်တို့ ပါဝင်ကြောင်း သိရှိရပါတယ်။ နေ့စဉ်သတ် မှတ်ချိန်အတွင်း မပျက်မကွက် လာရောက်ပေးဆပ်သော အသင်း သားများကို ရက်ပေါင်း၆ဝပြည့်ပါက နောက်ထပ် ကျပ်လေးသောင်းခွဲ ကို တိုးမြှင့် ထုတ်ချေးပေးကြောင်း သိရှိရပါတယ်။                       ထိုကဲ့သို့ နေ့စဉ်မပျက်မကွက် ပေးဆောင်သော အသင်းသား များအား နှစ်လလျှင်တစ်ကြိမ် ကျပ်သုံးသောင်းမှ လေးသောင်းခွဲ၊ ခြောက်သောင်း၊ ကိုးသောင်း၊ တစ်သိန်းခွဲစသည်ဖြင့် တိုးမြှင့် ထုတ်ချေးပေးကြောင်း သိရှိရပါတယ်။ ထို့ပြင် အသင်း၏အောင်မြင်မှုပေါ် မူတည်၍ အသင်းမှ အထူးချေးငွေများ၊ ကျန်းမာရေးချေးငွေ၊ ပညာ ရေးချေးငွေ၊ သာရေးနာရေးချေးငွေများကိုလည်း ထုတ်ချေးပေး လျက်ရှိကြောင်း သိရှိရပါတယ်။                            အောင်မြင်သည့်အသင်းတစ်သင်းသည် တစ်နှစ်ပြည့်သည့်အခါ တွင် အသင်းသားပေါင်း ၆၆၄ဦးရှိပါက ချေးငွေပေါင်း ၁၁၂၈ သိန်း ရှိပြီး ပြန်ဆပ်ငွေ ပေါင်းမှာ ၉၁၄ ဒသမ ၆၈ သိန်းရှိမှာ ဖြစ်ပါတယ်။ ချေးငွေကျန်ပေါင်းမှာ ၂၁၃ ဒသမ ၃၂ သိန်းဖြစ်ပြီးစုဆောင်းငွေပေါင်း မှာ ၁၂၈ ဒသမ ၈၅ သိန်း ဖြစ်ကြောင်းသိရှိရပါတယ်။ အသင်း၏ အသားတင် အမြတ်မှာ ၂၇ ဒသမ ၈၁သိန်း ရရှိနေပြီ ဖြစ်တဲ့အတွက် ကောင်းစွာ ရပ်တည်ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ထိုကဲ့သို့သော အသင်းမိုျးကို ဗဟိုသမဝါယမအသင်းမှ ကြီးကြပ်၍ ငွေချေး သမဝါ ယမ အသင်းအဖြစ် ဖွဲ့စည်းတည်ထောင်ပေးလျက်ရှိကြောင်း သိရှိရပါ တယ်။ ငွေကြေးလုံခြုံစိတ်ချရစေရန်                       ငွေနဲ့ပတ်သက်လာလျှင် ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရဆို သလို ငွေပမာဏများပြားလာပါက လူတို့၏ သဘာဝအလျောက် သော်လည်းကောင်း၊ စိတ်ရင်းအရမဟုတ်သော်လည်း ပတ်ဝန်းကျင် ဘေးပယောဂ၏နှောင့်ယှက်မှုများအရသော်လည်းကောင်း ဝိသမ လောဘတက်လာမှုကြောင့် ငွေကြေး ဆုံးရှုံးမှုများဖြစ် တတ်ကြပါတယ်။ အဲဒီလို ငွေကြေး ဆုံးရှုံးမှုများအတွက် ငွေချေးသမဝါယမ အသင်းအနေနဲ့ ကာကွယ်မှုများ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။              ဗဟိုသမဝါယမအသင်းလီမီတက်မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်အေးက ''ကျွန်တော်တို့အနေနဲ့ အခုလို ငွေကြေးဆုံးရှုံးမှုက ကာကွယ်ဖို့အတွက် အရှုံးကာကွယ်ရေးရန်ပုံငွေ၊ သမာဓိ အာမခံ၊ လုပ်ငန်းစွန့်စားမှုရန်ပုံငွေဆိုပြီး ငွေကို ထိန်းသိမ်းထားရှိပါတယ်။ အရှုံးကာကွယ်ရေးရန်ပုံငွေက တစ်နှစ်ပြည့် အသားတင်အမြတ်ရဲ့ ၅၅ ရာခိုင်နှုန်းကို ဗဟိုသမဝါယမအသင်းရဲ့ ငွေချေးလုပ်ငန်းအဖွဲ့မှာ ထားရှိပါတယ်။ နောက်ပြီး အသားတင်အမြတ်ရဲ့ ၄ဝရာခိုင်နှုန်းကို လည်း အရှုံးကာကွယ်ရေးရန်ပုံငွေဆိုပြီး အသေးစားငွေချေးအဖွဲ့မှာ ထားရှိပေးပါတယ်။ သမာဓိအာမခံကတော့ နယ်မြေတာဝန်ခံတွေနဲ့ ဆိုင်ပါတယ်။ နယ်မြေ တာဝန်ခံအဖွဲ့က တစ်ဦးကို ငွေကျပ် ၁ဝ သိန်း ထားရှိရပါမယ်။ အဲဒီ ၁ဝသိန်းက ပရီမီယံကြေး ၂ရာခိုင်နှုန်းကို ဗဟိုသမ က ၁ရာခိုင်နှုန်း၊ တာဝန်ခံက ၁ ရာခိုင်နှုန်း သွင်းရပါမယ်။ ဒါက မြန်မာ့အာမခံလုပ်ငန်းနဲ့ ဆက်သွယ်ပြီး လုပ်ရတာပါ။ နောက် တစ်ခါ လုပ်ငန်း စွန့်စားမှုရန်ပုံငွေ ဆိုတာရှိသေးတယ်။ အဲဒီရန်ပုံငွေက ငွေ ချေးတိုင်းချေးတိုင်းမှာ ၂ရာခိုင်နှုန်းကို ဒီ Microfinance  အဖွဲ့မှာ ထားရှိရမှာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းတစ်သင်း သင်းက တစ် ခုခု ဖြစ်ခဲ့ရင် အဲဒီအထဲက ထုတ်ယူပြီး သုံးစွဲသွားမှာပါ''               ''ထုတ်ချေးထားတဲ့ငွေတွေလည်း မဆုံးရှုံးရအောင် အထပ်ထပ် ဝိုင်းရံပြီး ကာကွယ်ထားတာပါ။ ၁၅ရက်တစ်ကြိမ် သွားပြီးစစ်ဆေးတယ်။ ကျွန်တော်တို့ အနေနဲ့တော့ One Day Checking  လုပ်တယ်လို့ ခေါ်တယ်။ ရက်ပေါင်း ၆ဝ ပြည့်တဲ့အခါကျတော့ ဒုတိယ တစ်ကြိမ် ထုတ်ပေးတယ်။ နောက်တစ်လတစ်ခါ၊ သုံးလတစ်ခါ စစ် တယ်။ တစ်နှစ် ပြည့်ရင်တော့ စာရင်းစစ်ဝင်ရတယ်။ တကယ့် လက် တွေ့မှာ အောင်မြင်နေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်''လို့ ရှင်းပြ ခဲ့ပါတယ်။ အောင်မြင်နေကြပြီ               ဗဟိုသမဝါယမအသင်းလီမီတက်မှ ဆောင်ရွက်လျက်ရှိတဲ့ အသေးစားငွေ ချေးလုပ်ငန်းများ အနက်မှ လုပ်ငန်း အောင်မြင်လျက် ရှိသည့် အသေးစားငွေချေးအသင်းများကို အသေးစားငွေချေး သမဝါယမ အသင်းများအဖြစ် ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရပါတယ်။ ယနေ့ အချိန်အထိ ပြည်နယ်တိုင်းဒေသကြီး ငါးခုရှိ မြို့နယ်ပေါင်း ၄၂မြို့နယ်တွင် သမဝါယမအသင်းပေါင်း ၅၂သင်းကို သမဝါယမ အသင်းလီမီတက်အဖြစ် ဖွဲ့ စည်းပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါသမဝါယမအသင်းလီမီတက်များမှ မတည်ငွေ (Seed Money) ကျပ် ၁၁၅၁၃ ဒသမ ၉၄သိန်း၊ အသင်းသား ဦးရေ ၂၆၃၃၈ ဦး ရှိပြီး စုဆောင်းငွေ ပေါင်းမှာ ၁၄ဝ၆၅ဒသမ၄၁သိန်းရှိ ကြောင်း သိရှိရပါတယ်။ အဆိုပါ အသင်းများ၏အသားတင်အမြတ်မှာ ၇၉၇ ဒသမ ဝ၆သိန်း ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။                     ယခုအခါတွင်ပြည်နယ်တိုင်းဒေသကြီး ရှစ်ခုရှိ မြို့နယ်ပေါင်း ၆၉ မြို့နယ်တွင် အဖွဲ့ပေါင်း ၁၂၁ဖွဲ့မှ အသင်းသားပေါင်း ၅၅၃၁၃ဦး က မတည်ငွေပေါင်း ၃၂၃၈ဒသမ၆၁သိန်းဖြင့် လုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာအသားတင်အမြတ်ကျပ်သိန်းပေါင်း၂၃၁၉ဒသမ ၅၃ ကို ရရှိနေပြီဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ အောင်မြင်နေတဲ့ ပန်းသဇင်                   ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ မင်းစေတီရပ်ကွက်မှာ တည်ရှိတဲ့ ပန်းသဇင်ကတော့ နာမည်နဲ့လိုက် အောင် ထင်ပေါ်လျက် ရှိပါတယ်။ လက်ရှိကာလမှာ အသင်းသားပေါင်း ၂ဝဝ၆ ဦးရှိသလို နေ့စဉ် အတိုးရရှိငွေဟာ ကျပ်တစ်သိန်းနှစ်သောင်းနဲ့ တစ်သိန်းသုံး သောင်းကြားမှာ ရှိကြောင်း သိရှိခဲ့ရပါတယ်။ ဖေဖော်ဝါရီလကုန် အထိအမြတ် ငွေဟာကျပ်သိန်းပေါင်း ၁၄၂ သိန်း အထိရှိပြီး စီဘီ ဘဏ်အပ်ငွေမှာ ၃၁၆ သိန်း ရှိကြောင်း သိရှိရပါတယ်။            အဆိုပါပန်းသဇင်အသင်းရဲ့အောင်မြင်မှုလမ်းစကို ရှာဖွေပေးခဲ့ တဲ့ ပန်းသဇင် အသင်းရဲ့ဥက္ကဋ္ဌ ဒေါ်နီနီဝင်းကအသင်း စတင်ဖြစ်ပေါ် ခဲ့ ချိန်မှစ၍ ယနေ့အချိန်အထိ အောင်မြင်မှုသရဖူဆောင်းခဲ့ပုံများကို ပြောပြခဲ့ရာမှာ -           ''ကျွန်မတို့ ပန်းသဇင်အသင်းကို စတင်ဖွဲ့စည်းစဉ်က လူ ၅ဝ၊ ချေးငွေ ၁၅ သိန်းနဲ့စတင်ခဲ့တာပါ။ စခဲ့တဲ့အချိန်တုန်းကတော့ ဒီ ၁၅သိန်းနဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်ရတာပေါ့။ အသင်းကို ဝင်ချင်လာ အောင်လည်း စည်းရုံးရေးမှူးက တာဝန်ယူပေးတယ်။အသင်းသား တွေကပထမပိုင်းမှာတော့ ပြောရခက်တာတွေရှိတယ်။ နောက်ပိုင်း ကျတော့ ယုံကြည်မှုနဲ့လုပ်ကြတာဆိုတော့ အသင်းသားတွေက လည်း မပျက်မကွက်လာပြီး နေ့စဉ်ပေးကြတယ်။ အမှုဆောင်တွေ ဘက်ကို လည်း ယုံကြည်မှုရှိလာတဲ့အတွက် အားမျှခြေရှိတော့ အောင်မြင် တာပေါ့။ တစ်နှစ်ကျော်ကျော်လောက်မှာ လူ ၅ဝနဲ့ စတင်ခဲ့တဲ့ ကျွန်မတို့အသင်းက အသင်းသားပေါင်း ၁၂ဝဝ ဖြစ် သွားတယ်။ အဲဒီမှာတင် အမြတ်က ၂ဝ၇သိန်းဖြစ်သွားရော။ အဲဒါနဲ့ပဲ အသေးစား ငွေချေးသမဝါယမအသင်းအဖြစ် ဖွဲ့စည်းပေးခဲ့တယ်'' ''အသင်းက အောင်မြင်လာတဲ့ အခါကျတော့ အသင်းသား တွေကို ချေးငွေအပြင်သားရေးနာရေးကိစ္စတွေမှာလည်း ငွေထုတ်ချေး ပေးတာတို့၊ ထောက်ပံ့တာတို့ လုပ်ပေးတယ်။ အသင်းသား ကိုယ်တိုင် သေဆုံးရင် ကျပ် ၃ဝဝဝဝ ထောက်ပံ့ပေးတယ်။ ဒါက ပြန်ဆပ်စရာ မလိုဘူး။ နာမကျန်းဖြစ်ရင် တစ်နေ့ကျပ်သုံးရာဆပ်နဲ့ အတိုးမဲ့ ကျပ် ၃ဝဝဝဝ ထုတ်ချေးပေးတယ်။ ပညာရေးအတွက်ဆိုရင်လည်း အဝေးသင်နဲ့ နေ့ကျောင်းတက်နေသူတွေအတွက် ၄၅ဝဝဝကျပ် ထုတ် ချေးပေးတယ်။ ပြန်ဆပ်တာလည်း မှန်တယ်၊ အသင်းသားကလည်း ဆက်ချေးဖို့ ဆန္ဒရှိတယ်ဆိုရင် ထပ်တိုးပြီး ချေးပေးသေးတယ်။ အခု ဆိုရင် ကျွန်မတို့အသင်းပိုင် မြေကွက်တစ်ကွက် ဝယ်ထားပြီးပြီ။ ဒီလကုန်လောက်ဆောက်မယ်လို့ မှန်းထားတယ်''လို့ အသင်းရဲ့ အောင်မြင်မှုကို အားရပါးရပြောပြခဲ့ပါတယ်။ ဆိုင်သေးမှ ဆိုင်ကြီးသို့                မင်းစေတီရပ်ကွက်မှာ နေထိုင်တဲ့ မအေးအေးလှိုင်တို့ မိသားစု ဟာ အရင်က ရပ်ကွက်အတွင်းမှာ ကုန်စုံဆိုင်လေးဖွင့်ထားခဲ့ ပေမယ့် မိသားစုစားဝတ်နေရေးကို အဆင်ပြေအောင် ဖန်တီးနိုင်မှု မရှိခဲ့ပါဘူး။ ရရစားစားဘဝနဲ့ နေထိုင်ရာကနေ ပန်းသဇင်ငွေချေး အသင်းနဲ့တွေ့တဲ့ အခါ ဆိုင်အသေးကလေးကနေ ဆိုင်အကြီးကြီးအထိ ဖွင့်နိုင်တဲ့ အပြင် တီဗွီ၊ အောက်စက် စသဖြင့် ပြည့်ပြည့်စုံစုံနဲ့ ဘဝကို ဖန်တီး တည်ဆောက်နိုင်ခဲ့ပါပြီ။                     မအေးအေးလှိုင်က''ကျွန်မတို့ အရင်တုန်းက အထည်ရောင်း တာပါ။ နောက်တော့ကုန်စုံဆိုင် ပြောင်းပြီးရောင်းတယ်။ ပစ္စည်းနဲတဲ့ အခါကျတော့အမြတ်က နည်းတော့ မိသားစု စားဖို့လောက်ပဲ ရတာ။ စုဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခု ပန်းသဇင်အသင်းကိုဝင်လိုက် တဲ့အခါကျတော့ ပစ္စည်းကိုလည်း အရင်ကထက် ပိုပြီး စုံစုံလင်လင် တင်လာနိုင်တယ်။ အရင်းများလာတဲ့အခါကျတော့ အမြတ်လည်း များလာတာပေါ့။ အခုတော့ ကုန်စုံဆိုင်မရောင်းတော့ဘူး။ နေရာက ကျဉ်းတော့ အခုလို ပစ္စည်းစုံပဲ တင်ရောင်းတော့တယ်။ မေးသမျှ ပစ္စည်းရှိနေလေ ကိုယ့်အတွက် မလွတ်တမ်း ရောင်းရလေပဲ။ အခုဆို ကျွန်မတို့ သုံးသိန်းချေးတဲ့ အဆင့်ကို ရောက်ပြီ''လို့ ဂုဏ်ယူဝင့်ြွကားစွာ ရှင်းပြခဲ့ပါတယ်။ ဝက်တွေတိုးပြီး မွေးနိုင်ခဲ့ပြီ                   ပန်းသဇင်အသင်းမှ အသင်းသား တစ်ဦးဖြစ်တဲ့ မဋ္ဌေးဋ္ဌေးလွင် ကလည်း ''ကျွန်မ ဒီအသင်းကိုမဝင်ခင်က ဝက်မွေးတာ၊ အဲဒီတုန်းက လေးငါးကောင်လောက်ပဲမွေးနိုင်တာ။ အသင်းကို မဝင်ခင်တုန်းက တော့ ဝက်က လေးကောင်ကနေကို မတက်တော့ဘူး။ တစ်ခါတစ်လေ ဝက်စာဖိုး မတတ်နိုင်တာနဲ့၊ အများကြီးပါ။ ဒီအသင်းကို မဝင်ခင်က အရုဏ်ဦးဆိုတဲ့အသင်းကို ဝင်ခဲ့ဖူးသေးတယ်။ ဒါပေမယ့် လူတိုင်းက ပြောနေကြတယ်။ ဒီအသင်းက ကောင်းတယ်ပေါ့ ဆိုတာ နဲ့ အသင်းကို ဝင်ခဲ့တာ။ အခုဆိုရင် အသင်းကရတဲ့ ပိုက်ဆံနဲ့ လုပ်ငန်း ကို ခဲျ့လာနိုင်ခဲ့တယ်။ အခုဆိုရင် ဝက်အကောင်ပေါင်း ၃ဝ လောက် ရှိပြီ။ ကျွန်မသမီးလည်း ဒီအသင်းကို ဝင်ထားတယ်။ သမီးက ကုန် ခြောက်ရောင်းတယ်။ နောက်ဖိနပ်လည်းရောင်းတယ်။ သူတို့ လည်းအစက ဒီလိုပဲ ရလိုက်စားလိုက်နဲ့ အခုအသင်းကရတဲ့ ပိုက်ဆံနဲ့ လုပ်ငန်းတွေ ခဲျ့နိုင်တာပေါ့။ လုပ်ငန်းခဲျ့နိုင်တာနဲ့အမျှ ငွေပိုငွေလံျှ တွေ ရှိလာတော့ အားလုံးအဆင်ပြေကြတာပေါ့''              တေးရေးဆရာ ရွှေတိုင်ညွန့်ရဲ့ နဂါးနီသီချင်းထဲကလို ''ဆင်းရဲတွင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာ ခုနစ်သွယ် တကယ်ပင်စုံညီ ဒို့အမျိုးသားတိုင်းညီ မွဲတဲ့သူတွေလူတိုင်း ကူညီ၊ ကျောင်းဆောက်ကာ ဘုရားတည်၊ ဘိုး ဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မ,တဲ့ကိန်းဆိုက်မည်''ဆိုသလိုပါပဲ။ ဗဟိုသမဝါယမအသင်းဟာ ဆင်းရဲသား လက်လုပ်လက်စားများကို ဆင်းရဲတွင်းနွံတွင်းမှ ကင်းလွတ်အောင် ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှ ဖော်ဆောင်ပေးလျက်ရှိနေတာကို တွေ့မြင်ခဲ့ရပါပြီ။ ယုံကြည်မှု စေတနာအမှန်နဲ့ လုပ်ဆောင်ပေးလျက်ရှိတဲ့ အသေးစားငွေချေးသမဝါယမအသင်းဟာ ဆင်းရဲ မွဲတေမှုကို လျှော့ချပေးတဲ့အပြင် အကျင့် စာရိတ္တကောင်းမွန်မှုကိုလည်း လျှော့ချပေးနိုင်မယ့် အသင်းတစ်သင်းအဖြစ် ရပ်တည်နေမှာအမှန်ပါ။           မြန်မာ့ငွေရေးကြေးရေးသမိုင်းမှာ မှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင်ပြီး ရေရှည်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် အသင်း သားများ၊ တာဝန်ရှိသူများအပါအဝင် အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြလျင်ဖြင့် များမကြာမီကာလအတွင်းမှာ ဆင်းရဲ မွဲတွေမှုတွေပပျောက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ထင်ရှားရှား ရပ်တည်လာနိုင်မှာဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။