Main menu

Background

မနောမြေနည်းပြနှင့် ဆောက်သမ်း မြန်မာနည်းပြတို့အား ပွဲပယ်နှင့်ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်

Tue, 06/07/2011 - 10:08 -- Anonymous (not verified)

မနောမြေနည်းပြနှင့် ဆောက်သမ်း မြန်မာနည်းပြတို့အား ပွဲပယ်နှင့်ဒဏ်ငွေ ပြစ်ဒဏ်များ ချမှတ်             မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၉)တွင် ပွဲချိန်အတွင်း ကွင်းလယ်ဒိုင်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည့် မနောေ မြ အသင်းမှ နည်းပြ ဦးဝင်းမြင့်သွင်နှင့် ဆောက်သမ်းမြန်မာနည်းပြ ကင်ဝေါ်ဒန်တို့အား စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေများ အသီးသီး ချမှတ်ခဲ့ ကြောင်း သိရ သည်။     မနောမြေနှင့်ဇေယျာရွှေမြေအသင်း တို့၏ ပွဲစဉ်တွင် မနောမြေအသင်း၏ နည်းပြဖြစ်သူ ဦးဝင်းမြင့်သွင်သည် ဒိုင်လူကြီးအား ဆဲရေး တိုင်း ထွာခဲ့သဖြင့် ကွင်းလယ်ဒိုင်၏ထုတ်ပယ်ခြင်းကို ခံခဲ့ ရကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ပွဲတာဝန်ခံများက အစီရင်ခံစာများတွင် ထည့်သွင်းဖော်ပြခဲ့ရာ မနောမြေနည်းပြ ဦးဝင်းမြင့်သွင်အား စုစုပေါင်း လေးပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေကျပ်သုံးသိန်းအထိ တပ်ရိုက်ခဲ့ကြောင်း သိရသည်။    အဆိုပါပြစ်ဒဏ်ကြောင့်ဦးဝင်းမြင့် သွင်မှာ ပထမအကျော့လက်ကျန်ပွဲစဉ် နှစ်ပွဲအပြင် ဒုတိယ အကျော့ပွဲစဉ်နှစ်ပွဲကိုပါ ကြီးကြပ်ခွင့်ရရှိ မည် မဟုတ်ကြောင်း သိရသည်။ ဆောက်သမ်းနည်းပြကင်ဝေါ်ဒန် မှာမူဆောက်သမ်းနှင့်ကမ္ဘောဇပွဲစဉ် တွင် ကွင်းလယ်ဒိုင် လူကြီးအားစောဒကတက်မှုကြောင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါကိစ္စ ကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကင်ဝေါ်ဒန် အား တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေကျပ် တစ် သိန်းချမှတ်ခဲ့ကြောင်းသိရသည်။ ကင်ဝေါ်ဒန်သည် အဆိုပါပြစ်ဒဏ်ကြောင့် လာမည့်မကွေးနှင့်ပွဲတွင် ကြီးကြပ်ခွင့်ရရှိမည် မဟုတ်ကြောင်း သိရသည်။