ရေထွက်ကုန် တင်ပို့မှု ဇွန်လ ၈ရက်မှ ၁၄ ရက်ထိကာလအတွင်းမူဆယ်(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်စည်ဒိုင်မှ ရေထွက်ကုန် တင်ပို့မှုတွေကတော့ ငါးရှဉ့် ၂၅၈ တန်ကျော်၊ ကဏန်း ၁၁၃ တန်ကျော်နဲ့ ရေငန်ငါးမျိုးစုံ ၅၄ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၁၇၆ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၈၈ တန်၊ ကဏန်း ၁၉ တန်နဲ့ ရေငန်ငါးမျိုးစုံ၂၈ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ မူဆယ်နယ်စပ်ရှိ ရေထွက်ကုန်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါ တယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၁၆၉၂၈၆ဝ ၂၁ဝ၁၂၄ဝ ၄ဝ၈၃၈ဝ ၂၄ ၂၂ဝဝ ၂၆၂ဝ ၄၂ဝ ၁၉ကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၇၂၆၉၆ဝ ၂၄၇ဝ၁၆ဝ ၂၅၆၈ဝဝဝ ၉ ၃၅၆ဝ ၃ဝ၈ဝ ၄၈ဝ ၁၄၂ဝဝ-၂၅ဝ ဂရမ် ၂၅၇၃၇၆ဝ ၂၃ဝ၉၇၆ဝ ၂၆၄ဝဝဝ ၁ဝ ၃၃၆ဝ ၂၈၈ဝ ၄၈ဝ ၁၄၁၅ဝ-၂ဝဝ ဂရမ် ၂၄၂၁၅၆ဝ ၂၁၄၉၃၆ဝ ၂၇၂၂ဝဝ ၁၁ ၃၁၆ဝ ၂၆၈ဝ ၄၈ဝ ၁၅၁ဝဝ-၁၅ဝ ဂရမ် ၂၃ဝ၅၆၆ဝ ၂၁၂၉ဝ၆ဝ ၁၇၆၆ဝဝ ၁၂ ၃ဝ၁ဝ ၂၅၃ဝ ၄၈ဝ ၁၆ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ၂၅၁ သန်းတန်ဖိုးရှိ ရေခိုျငါး ၂၄၁ တန်၊ ရေငန်ပုစွန် ၇ ဒသမ ၉၆ တန်၊ ငါးသလောက် ၁တန်၊ ငါးနီတူခြောက် ၁ တန်နဲ့ ငါးစုံလေးခြောက် ၂၅၄ တန်အသီးသီးတင်ပို့ခဲ့ပြီး မောင်တောနယ်စပ်မှ ရေငန်ပုစွန် ၃ တန်ကျော်တန်ဖိုးအားဖြင့် ၁၉၉၆ဝ ဒေါ်လာဖိုး တင်ပို့မှုရှိခဲ့ပါတယ်။MIRT(DOBT)
Background