Main menu

Background

မင်းကွန်းမှ ပန်းချီရွှေရေး ငွေရေး အထည်များကို ရန်ကုန်နှင့ ် မန္တလေးဈေးကွက်သို့ ကျယ်ပြန့်စွာထိုးဖောက်လျက်ရှိ

Sun, 08/07/2011 - 10:25 -- Anonymous (not verified)

မင်းကွန်းမှ ပန်းချီရွှေရေး ငွေရေး အထည်များကို ရန်ကုန်နှင့ ် မန္တလေးဈေးကွက်သို့ ကျယ်ပြန့်စွာထိုးဖောက်လျက်ရှိ                 မင်းကွန်း ပန်ချီလုပ်ငန်းအချို့မှ မာစရိုက် ချည်ထည်များ၊ ယိုးဒယား အထည်စများတွင် ပန်းချီဆွဲ၍ ရွှေရေး၊ ငွေရေးဆွဲခြင်းများကို ယခုရက်ပိုင်း၌ ရန်ကုန်နှင့် မန္တလေးဈေးကွက်များမှ မှာ ယူမှုများလျက်ရှိကြောင်း သိရပါတယ်။ ပန်းဆယ်မျိုး ပန်းချီပြခန်းမှ ကိုစူး က''သီတင်းကျွတ်ပြီးလျှင်မင်္ဂလာဆောင် ရာသီတွေလာမှာဖြစ်တဲ့အတွက်အထည် မရမှာစိုးလို့အခုကတည်းက လာအပ်ကြတယ်။ ကထိန်ရာသီအတွက် မန္တလေး မှာပဲ အကြီးဆုံးဖောက်သည် သုံးဦးရှိ တယ်။မန္တလေးဈေးချိုကအထည်ရောင်း သူတွေလည်းမှာကြတယ်။ ရန်ကုန်ဘက် ကလည်းမှာယူမှုရှိတယ်။ သင်တန်းသား အချို့ဆို ရန်ကုန်မှာ အထည်ပန်းချီသွား ဆွဲကြတယ်။ ဒီအလုပ်က တော်တော် လေး တွင်ကျယ်လာတယ်။ လက်နဲ့ဆွဲရ တော့ လက်ဝင်တဲ့အတွက် အထည်များများမထွက်နိုင်ဘူးပေါ့''ဟုပြောပါတယ်။ အထည်ပန်းချီ ဆေးရေးများကို တရုတ်ပန်းချီများ အခြေခံ၍ ပန်းချီ ဒီဇိုင်းများ ပြုလုပ်လာတာ တွေ့ရပါတယ်။ ယခင်က ပန်းဒီဇိုင်းများနေရာ တွင် ခေတ်စားလာတဲ့ ကာတွန်းရုပ်ပုံများ၊ ပန်းချီရုပ်များကို စိတ်ကူးရသလို ဒီဇိုင်းပြောင်းဆွဲ၍ ရွှေမှုန်၊ ငွေမှုန်များ ဖြင့်ကပ်သည့် ဒီဇိုင်းများပြုလုပ်မှု များလာပါတယ်။ အရောင်စပ်တဲ့ အခါမှာ လည်း ယခင်လို ဝမ်းဆက်အရောင်တူ အစား ဆန့်ကျင်ဘက် အရောင်များ၊ လုံချည်မှာထိုးထားတဲ့ ဒီဇိုင်းအရောင် များအတိုင်း အင်္ကျီအရောင်ခံထည် အဖြစ် အရောင်စပ်ပြီး ပြုလုပ်လာခဲ့ပါ တယ်။ ဒီဇိုင်းအသစ်အဆန်းများ ဝတ်ဆင်မှုများလာ၍ ပန်းချီလုပ်ငန်းအချို့ ရန်ကုန်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။                   ''ကျွန်တော့်ဆီမှာ အရင်က သင် တန်းသားတွေဆို ရန်ကုန်ကိုသွားလုပ် ကြတာ အယောက် ၅ဝ လောက်ရှိ တယ်။ ဒီလုပ်ငန်း တွင်ကျယ်လာတော့ နွေရာသီကျောင်းပိတ်ရက်ဆို သင်တန်း လာတက်တဲ့ကလေးတွေများလာတယ်။ အထည်လက်ရေးပန်းချီက ဝါးပေတံ ပေါ်မှာ ပန်းချီဆွဲရာကနေ စခဲ့တာတဲ့။ ဒီနှစ်ထဲမှာ ကျွန်တော့်ဆီ သင်တန်းလာ တက်တဲ့ကလေး ၁၅ဦးရှိတယ်။ ကျောင်း ပိတ်တဲ့အချိန် လက်မှုပညာသင်ထားတဲ့ အတွက် သူတို့အတွက်လည်း အလုပ် လည်းရ၊ ပညာလည်းရတယ်။ မင်းကွန်း မှာ ဒီပညာသင်ထားမယ်ဆို အလုပ် လည်း မရှားတော့ဘူး။ အထည်ပန်းချီ ခေတ်စားလာတဲ့အတွက် ကလေးက အစ တစ်ရက်ကို ကျပ် ၃ဝဝဝ၊ ၄ဝဝဝ လောက်ဝင်တယ်''ဟု ကိုစူးက ဆက် လက်ပြောပါတယ်။                     အထည်ဆေးရေး ပန်းချီဝမ်းဆက် တစ်ထည်ကို လက်ရာ အစိပ်အကဲျနဲ့ ပါဝင်အသုံးပြုရတဲ့ပစ္စည်းပေါ် မူတည် ပြီး လက်ခ ကျပ် ၄၅ဝဝ နဲ့ ၁၅ဝဝဝ ကြားဖြင့် ပန်းချီဆွဲပေးရကြောင်း သိရပါတယ်။                ဇူးဇူး