Main menu

Background

ကားဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ယာဉ်တင်သွင်းခွင့် အထူးပါမစ် ထုတ်ပေးမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ ရှင်းလင်းဆွေးနွေး

Mon, 10/10/2011 - 07:17 -- Anonymous (not verified)

          အိုမင်းဟောင်းနွမ်းသော ပုဂ္ဂလိကပိုင် မော်တော်ကားများအစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ယာဉ်တင်သွင်းခွင့်  အထူးပါမစ်ထုတ်ပေးမှုနဲ့ စပ်လျဉ်း၍   စာနယ်ဇင်းအဖွဲ့များနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ Video Conferencing  စနစ်ဖြင့် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်  ၁၀း၀၀ နာရီအချိန်မှာ ကျင်းပခဲ့ပါတယ်။                            နေပြည်တော်ဖက်မှ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ဝန်ကြီးရုံး ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့်၊  သွင်းကုန်လုပ်ငန်းဌာနညွှန်ကြားရေးမှူး ဦးကိုကိုမင်း၊ ပို့ကုန်သွင်းကုန် မူဝါဒနှင့် ဥပဒေလုပ်ငန်းများဆိုင်ရာ စိစစ်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန မူဝါဒဌာန ညွှန်ကြားရေးမှူး  ဦးကျော်စိုးလင်းတို့ တက်ရောက်ကြပြီး မီဒီယာပိုင်းမှ Skynet up to date channel မှ Producer ဦးရွှေဦးနှင့်Presenter  ဒေါ် ကြည်ပြာအောင်၊ ရန်ကုန်ဖက်မှ တက်ရောက်ကြသူများမှာ  ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းမြင့်နဲ့ The Voice Weekly,  Weekly Eleven, Venus, 7 Day, ကုမုဒြာ၊ မော်ဒန်၊ ပြည်မြန်မာဂျာနယ်တို့မှ အယ်ဒီတာများ၊ သတင်းထောက်ချုပ်များ၊ သတင်းထောက်များ တက်ရောက်ခဲ့ကြပါတယ်။ သတင်းဌာနများရဲ့  ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများမှ ဖြေကြားချက်များကို ကောမတ်စ်ပရိသတ်များအတွက် ဖော်ပြလိုက်ပါတယ် မော်တော်ယာဉ်တင်သွင်းခွင့် အထူးပါမစ်နှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းချက်များ                 ကားဟောင်းအပ်တဲ့ စလစ်ကိုင်ဆောင်ထားပြီး ကားအပ်ဖို့ ၃လခွင့်ပြု ထား ပါတယ်။ ကား မဝယ်နိုင်သေးခင် ဘယ်ကာလအထိ ကိုင်ထားခွင့်ရှိပါသလဲ။ နောက်ထပ်ငွေ ဘယ်လောက်လိုက်ရမယ်ဆိုတာကို မခန့်မှန်းနိုင်သေး တဲ့အတွက် စလစ်ကို ထိုးအပ်လိုက်တာတွေ ရှိနေပါတယ်။ ဥပမာ-လေးဘီးကားဟောင်း တစ်စီးအပ်လျှင် ဒေါ်လာ ၃၅၀၀ တန် ကား တစ်စီးအတွက် နောက်ထပ်ဘယ်လောက်ကုန်ကျမလဲဆိုတာ နမူနာတွက်ချက်ပေး စေချင် ပါတယ်။ ကားအပ်ချိန်မှာ ပါမစ်မှာ ဖော်ပြထားတဲ့ အင်ဂျင်နံပါတ်၊ Chassis  နံပါတ်၊ Frame နံပါတ်၊ Model Year များ၊ သင်္ဘော တင် ဆိပ်ကမ်း ကွဲလွဲမှုစတဲ့ ပြသနာများ ပေါ်ပေါက်လာလျှင်  ဘယ်လိုဖြေရှင်းပေးနိုင်ပါသလဲ။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊ပို့ကုန် သွင်းကုန် မူဝါဒနှင့် ဥပဒေလုပ်ငန်းများဆိုင်ရာစိစစ်ဆောင်ရွက်ရေးဌာန                 ကားဟောင်းအပ် စလစ်နဲ့ပတ်သက်ပြီး ယခုတွေ့ဆုံပွဲမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ မပါတဲ့အတွက် OSS အစည်းအဝေးမှာ တင်ပြပြီး ရန်ကုန်တိုင်း ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့် အဖြေကို ပြန်ကြား ပေးသွားပ့ါမယ်။                   မိမိတို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုထုတ်ပေးထားသော သွင်းကုန် အထူးပါမစ်ကို သက်တမ်း ၃ လ ခွင့်ပြု ပေးထားပါတယ်။                     ကားဟောင်းအပ်နှံပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ သွင်းကုန် အထူးပါမစ်နဲ့ လျှောက်ထားတဲ့ ကားတန်ဖိုးပေါ်မူ တည်ပြီးပေးရပါမယ်။ သွင်းကုန်လိုင်စင် ကြေးများ ကို သတ်မှတ်ထားတဲ့ နှုန်းထားများအတိုင်း ဆိပ် ကမ်းရောက် တန်ဖိုးအပေါ်တရားဝင် Exchange Rate နဲ့ တွက်ပြီး တန်ဖိုးအပေါ် မူတည်ပြီး ကျပ် ၁၀၀၀၀ ကို လိုင်စင်ကြေး ၂၅၀ ကျပ်၊ ကျပ် ၁၀၀၀၁ မှ ၂၅၀၀၀ ကျပ်ထိကို လိုင် စင်ကြေး ၆၂၅ ကျပ်၊ ကျပ် ၂၅၀၀၁ မှ ၅၀၀၀၀ ထိ ကို လိုင်စင်ကြေး ၁၂၅၀ ကျပ်၊ ကျပ် ၅၀၀၀၁ မှ ကျပ်တစ်သိန်းထိကို လိုင်စင်ကြေး ၂၅၀၀ ကျပ် နှုန်းနဲ့ ကျပ်၁၀၀၀၀၁ မှ ၂၀၀၀၀၀ ထိကို ၅၀၀၀ ကျပ် ကောက်ခံ လျက်ရှိပါတယ်။ Online  စနစ်နဲ့ လိုင်စင်လျှောက်ထားပါက Online ဆောင်ရွက်ခနဲ့ စာရွက်စာတမ်းကြေး အပါအဝင် နိုင်ငံတော် အတွက် ၄၀၀၀ ကျပ် ပေးသွင်းရပါမယ်။ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ဒီစရိတ် တွေပဲရှိပါတယ်။ ကားဆိပ်ကမ်းသို့ ရောက်ရှိတဲ့ အခါ ဆိပ်ကမ်းရောက်တန်ဖိုး အပေါ် အကောက် ခွန်လုပ်ထုံးလုပ်နည်းအရ အကောက်ခွန်ပေး ဆောင်ရပါတယ်။ ဆက်လက်ပြီး အကောက်ခွန် ဌာနရဲ့ တွက်ချက်မှုအရ ကုန်သွယ်လုပ်ငန်းခွန်၊ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ကြေးများပေးဆောင်သွားရမှာဖြစ်ပါတယ်။ Invoice မှာပါတဲ့ ဖော်ပြချက်တွေအတိုင်း စီးပွားရေးနဲ့ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အထူးသွင်းကုန်ပါမစ်မှာ ဖော်ပြပြီးခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ကညနမှာ ကားဟောင်းအပ်တဲ့ စလစ်မှာပါတဲ့ ကားဟောင်းပိုင်ဆိုင်သူ အမည်နဲ့ အထူး သွင်းကုန်ပါမစ်ထုတ်ပေးပါတယ်။ သို့သော် တစ်ခါတစ်ရံ အကြောင်းအမျိုးမျိုးကြောင့် Special Power လွှဲအပ်ခံရသူက လာရောက်လျှောက် ထားတာမျိုးလည်း ရှိပါတယ်။                     မူဘောင်အတွင်းလွဲမှားမှုကို စိစစ်ပြီး ပြင်ဆင်ချက် ချက်ချင်းထုတ်ပေးပါတယ်။ လျှောက် ထားသူ ကားပိုင်ရှင်များအနေနဲ့ အခက်အခဲ မရှိ လောက်ပါဘူးလို့ ဖြေကြားလိုပါတယ်။  အထူးပါမစ်ရသွားပြီးမှ ပါမစ်မှာ ဖော်ပြတဲ့အတိုင်းမကိုက်ညီလျှင် ဘယ်လိုအရေးယူပါသလဲ။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊                  ခွင့်ပြုတဲ့အခါ ဘယ်အမျိုးအစား၊ ဘယ်မော်ဒယ်၊ ဘယ်နှစ်ထုတ်ဆိုတာ ဘောင်လေးတွေ ထုတ်ပြန် ကြေညာသွားပြီးဖြစ်ပါတယ်။  Toyota Saloon ၁စီးဟာ ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ Model အတွင်း ထုတ်လုပ်တဲ့ ကားတွေတင်သွင်း ခွင့်ပြုပေးထားပါတယ်။                    ပထမ အထူးပါမစ် လျှောက်ထားစဉ်က ၂၀၀၀ ခုနှစ်က Model ကိုဝယ်ယူရရှိ ထားပြီး ဖြစ်လို့၂၀၀၀ ခုနှစ်ထုတ်အနေနဲ့ Invoice  တင်ပြပြီး အထူးပါမစ် လျှောက်ပါတယ်။ ၂၀၀၀ ခုနှစ်ထုတ် တိုယိုတာစလွန်းကား ၁ စီးလို့ အသေး စိတ် အချက်အလက်များ ဖော်ပြပြီး ပါမစ်ထုတ် ပေးထားပါတယ်။ ဥပမာ- ဆိပ်ကမ်းရောက်လာတဲ့ အခါ ၂၀၀၀ ခုနှစ်လို့ ပြောပေမယ့် နှစ်အပြောင်း အလဲ အရှုပ်အထွေးများ ဖြစ်တတ်ပါတယ်။ ၂၀၀၁ ခုနှစ်နဲ့ သွားချိတ်တတ်တာလေးတွေ ရှိတတ်ပါတယ်။ ၂၀၀၂ ထိ ခွင့်ပြုပေးထားတာမို့ ဒီလို ဘောင်အတွင်းက အမှားအယွင်းမျိုးကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အထူး ပါမစ်ဌာနကိုလာလျှောက်လျှင် ပြင်ဆင်ခွင့်ပြု ပေးပါတယ်။  အောင်ဖြိုးမာန်၊ ကုမုဒြာဂျာနယ် ကားစီးရေဘယ်လောက်အတွက် ပါမစ် ထုတ်ပေးထားပြီးပါပြီလဲ။ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူးသွင်းကုန်လုပ်ငန်းဌာန                    အထူးပါမစ်ထုတ်ပေးရေး OSS အဖွဲ့အနေနဲ့ စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာ ၇ရက် အထိ ကားအစီးရေ ၂၀၄၀ စီးအတွက် ပါမစ် ထုတ်ပေးထားပြီးဖြစ်ပါပြီ။                  ကားတင်သွင်းတဲ့အခါ လျှောက်ထားတဲ့ မော်ဒယ်နဲ့ မကိုက်ပေမယ့် ခွင့်ပြုထားတဲ့ ဘောင်ထဲဝင်လျှင် ပြင်ဆင်ခွင့်လျောက်ထားလို့ ရတယ်လို့ သိရပါတယ်။ အဲ့ဒိလိုလျောက်ထားတဲ့အခါမှာ ဘာများလိုအပ်ပါသလဲ။ လျှောက်ထားတဲ့ မော်ဒယ်နဲ့  သွင်းလာတာ မတူညီမှုများအတွက် ဒဏ်ရိုက်ဖို့အစီအစဉ်ရှိပါသလား၊  ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူး                    မော်ဒယ် Year  လွဲမှားပြီး ဆိပ်ကမ်းကို ရောက်ရှိလာတာနဲ့ပတ်သက်လို့ သတ်မှတ်ပေး ထားတဲ့ ဘောင်အတွင်းလွဲမှားမှုအတွက် ပြင်ဆင်ချက် လာလုပ်ရပါမယ်။ သင်္ဘောတင် အထောက် အထား၊ သွင်းကုန်ပါမစ်မူရင်းနဲ့လာပြီး ပြင်ဆင်ရပါမယ်။ စီးပွားကူးသန်းပါမစ်ထုတ်ပေးရေး OSS အဖွဲ့မှာ လာရောက်ပြင်ဆင်ပြီးပါက ဆိပ်ကမ်း၊ အကောက်ခွန်တို့ကို တင်ပြရင် ဆက်လက်လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အရေးယူမှုရှိမှာ မဟုတ်ပါဘူး။ ကားတင်သွင်းသူအနေနဲ့ သင်္ဘောတင် တန် ဆာ (BL) ရရှိတာနဲ့ တစ်ပြိုင်နက် ကားဆိပ်ကမ်း မရောက်မီမှာ ပါမစ်မှာ ဖော်ပြထားတဲ့ အချက် အလက်များ၊ Classification များ ကွဲလွဲတယ်ဆို တာနဲ့ ပါမစ်မူရင်းယူလာပြီး စီးပွားကူးသန်းဝန်ကြီး ဌာန အထူးပါမစ်ထုတ်ပေးရေးအဖွဲ့ကို လာရောက်ပြင်ဆင်ရန် လိုအပ်ပါတယ်။ ပြင်ဆင်ချက်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးသွားပါမယ်။                   Invoice  မှာပါတဲ့ အတိုင်းခွင့်ပြုပေးတယ်လို့ သိရပါတယ်။ရရှိထားပြီးသား Invoice တွေ အထူး ပါမစ်တွေအတိုင်း အတိအကျ မလွဲ မမှားဘဲ သွင်းလို့ရနိုင်ပါသလား။ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူး                    ပါမစ်တွေ ခွင့်ပြုတဲ့အခါ Invoice  မှာပါ တဲ့အချက်အလက်နဲ့ သတ်မှတ်ချက်များ ကိုက် ညီလျှင်ပါမစ် ထုတ်ပေးပါတယ်။ ပါမစ်အတိုင်း တိတိကျကျ မှန်မှန်ကန်ကန်သွင်းလျှင်ဘာပြဿနာ မှ မရှိပါဘူး။ အချို့အချက်အလက်အပေါ် နည်းနည်းပါးပါး လွဲမှားမှုရှိလျင် ပြင်ဆင်ပေးနိုင်ပါတယ်။ ှုInvoice, ပါမစ်အတိုင်း မှန်မှန်ကန်ကန်လုပ်လျှင် အကောင်းဆုံးပါပဲ။ မှားသွားလို့ ပြန်အပ်ပါ ဆိုတာမျိုး ယနေ့ထိ လုပ်ဆောင်ခြင်းမရှိသေးပါ ဘူး။ ခွင့်ပြုပြီးသားပါမစ်များကို ပြန်လည် ရုပ်သိမ်း ခြင်း တစ်ခါမျှမရှိဘူးပါ။                       တချို့ပါမစ်တွေကို ဖုန်းနဲ့ညွန်ကြားပြီး ပယ်ဖျက်တယ်လို့ ကြားသိရလို့ မေးနေတာပါ။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊                     OSS မှာပါတဲ့ဌာနတွေရဲ့ စက်တင်ဘာလ ၁၅ရက်မှ ၁၈ရက် အတွင်းညှိနှိုင်းမှု ၃-၄ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ခွင့်ပြုနိုင်မဲ့ Year Model တွေကိုနေပြည်တော်-ရန်ကုန် စီးပွားကူးသန်း ရုံး တွေကကြော်ငြာဘုတ် တွေမှာ ကပ်ထားပါတယ်။ ကားအဟောင်းအပ်တဲ့နေရာတွေမှာလည်း အသိ ပေးထားဖို့ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်ထားပါတယ်။ မှားယွင်းလို့ လိုင်စင်ပြန်သိမ်းရခြင်းမျိုး မရှိအောင် ဂရုပြုလုပ်ဆောင် ပေးလျှက် ရှိပါတယ်။                      ကြော်ငြာဘုတ်မှာ ကပ်ထားတာကို ယခုအချိန်ထိ ပြင်ဆင်ဖြည့်စွက်ခြင်း လုံးဝမလုပ်သေးပါ။ နိုင်ငံ ပေါင်းစုံ တရုတ်၊ဂျပန်၊ကိုရီးယား၊ ဥရောပ၊ အာရှ နိုင်ငံတွေရဲ့ ကားမျိုးစုံတွေသွင်းနိုင်ဖို့ အတွက် ကပ်ထားပါတယ်။ ညှိနှိုင်းလို့မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဌာနက တာဝန်ရှိသူပုဂ္ဂိုလ်တွေနဲ့ အပတ်စဉ် အစည်းအဝေးလုပ်ပြီး ဖြေရှင်းပေးနေပါတယ်။ လိုအပ်လျှင်လိုအပ်တဲ့အချိန်မှာ ခေါ်ယူအစည်း အဝေးလုပ်ပါတယ်။ Bi Weekly Eleven  မှာ ရေးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလျှင် ကားတစ်မျိုးက Wagon မှာရော Sedan  မှာပါ Sub Brand  ရှိနေတယ်။ အခုပါမစ်ပေး လိုက် Saloon Hatchback အမျိုး အစားတူ ၂၀၀၂ မော်ဒယ်ဘောင်အတွင်းက ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝိဝါဒ မကွဲပြား ဘဲဖြစ်နေတာ  က Wagon အုပ်စုမှာလည်း ဒီ Sub Brand နဲ့ ရှိနေတာဖြစ်တဲ့အတွက် တကယ်လို့များ အခု သွင်းလာတဲ့အခါ Wagon  အုပ်စု ဖြစ်နေပြီး1999 model ထက်ကျော်သွားလျင် ရန်ကုန် ဆိပ်ကမ်း ရောက်တဲ့အခါ အခက်အခဲမဖြစ်အောင် သတိပြုမိအောင်လို့ သတိပေးခြင်းဖြစ်ပါတယ်။ လိုအပ်လျင် ကူညီပေးဖို့၊ လဲလှယ်ပေးဖို့ ဆက်သွယ် ညှိနှိုင်းခဲ့တာ သာဖြစ်ပါတယ်။ Spec အတိုင်း တင်သွင်းတာ အတွက် အရေးယူဆောင်ရွက်ခြင်း မရှိပါဘူးလို့ ဖြေကြားလိုပါတယ်။ အောင်သူရသတင်းထောက် (7 DAY JOURNAL)                ပါမစ်သက်တမ်း(၃)လရှှိတယ်လို့ပြော သွားပါတယ်။ (၃)လကျော်သွားလျှင် သက်တမ်းတိုးလို့ ရပါသလား။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး၊                       အထူးပါမစ်ထုတ်ပေးတဲ့ အစီအစဉ်တွေ မှာ ပထမကားဟောင်း အပ်ရပါတယ်။ နိုင်ငံခြား ကုမ္ပဏီနဲ့ ဆက်သွယ်ပြီးကားဝယ်ဖို့လုပ်ရမယ်။ငွေ လွှဲပို့ပေးမယ်လို့အာမခံပြးီမှ စီးပွား ကူးသန်းဝန်ကြီး ဌာနမှာ သွင်းကုန်အထူး ပါမစ်လာလျှောက်ထား ကြတာ ဖြစ်ပါတယ်။ တင်သွင်းလာမဲ့ ဆိပ်ကမ်းကို ကြည့်တော့ ဂျပန်၊ စင်ကာပူ ဆိပ်ကမ်းတွေ အများဆုံးဖော်ပြထားပါတယ်။ ဒီခရီးက အချိန်(၃) လဆို လုံလောက်ပါတယ်။ သို့သော် အကြောင်း တစ်စုံတစ်ရာကြောင့် ဝယ်သူဘက်က မဟုတ်ဘဲ ရောင်းသူဘက်ကြောင့် နှောင့်နှေး ကြန့်ကြာမှု ရှိပါက တင်ပြလျှင် စဉ်းစား ဆောင်ရွက်ပေးမယ် လို့ဖြေကြားလိုပါတယ်။ ကားပါမစ်တွေယူထားပြီး သက်တမ်းတွေ လာတိုးနေလျှင် အခက်အခဲတွေ ရှိလာ နိုင်ပါတယ်။တကယ်လုံလောက်တဲ့ ခိုင်လုံ ချက်အကြောင်းများကြောင့်ဆိုလျှင် တိုးပေးပါမယ်။  ဇင်သော်၊ သတင်းထောက် (မော်ဒန်)  ကားဟောင်းအပ်နှံတဲ့စလစ်ရပြီး ဘယ်ကာလ အတွင်းပါမစ်လာထုတ်ရမယ်ဆိုပြီး အချိန်သတ်မှတ်ထားတာ ရှိပါသလား သိချင်ပါတယ်။ ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး               အချိန်သတ်မှတ်ထားတာ လောလောဆယ် မရှိပါ။ဒါပေမဲ့ ဒီဟာနဲ့ပတ်သက်ပြီးနောင် OSS အဖွဲ့အစည်းမှာ တင်ပြပေးပြီး သင့်လျော်တဲ့ သက်တမ်းတစ်ခု သတ်မှတ်ဖို့ဆွေးနွေးသွားပါမယ်။                  ယခု ကားတင်သွင်းခွင့် ပါမစ်ကိစ္စများကို ဆောင်ရွက်ရာမှာ ၉၉ ရာခိုင်နှုန်းဟာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများက လုပ်နေတယ် လို့သိရပါတယ်။ နိုင်ငံတော် အစိုးရက ယခုလိုကားဟောင်း လဲလှယ် တင်သွင်းခွင့် ပေးခြင်းဟာ ပြည်သူလူထု သက်သာချောင်ချိရေး လုပ်ပေးတဲ့ ရည်ရွယ်ချက်လို့ သိရပါတယ်။ ယခုကား တင်သွင်းခွင့် လျှောက်ထားရာမှာ စာရွက်စာတမ်း အထောက်အထားများပြီး အဆင့်များနေလို့ု့ ကြန့့််ကြာမှုတွေ ရှှိ တယ်လ်လိို့ိ့ ကြားသိရပါတယ်။ အဆင့်လျှော့ချပေးနိိုင်မှုရှှိ၊ မရှှိ သိပါရစေ။ လိိုင်စင် လာလျှောက်တဲ့ဲ့အခါ အဓိကကြုံတွေ့နေရတဲ့ဲ့ အခက်အခဲများအပေါ် အကြံပြုချက်ကိိုလည်းသိပါရစေ။ ဦးကိုကိုမင်း၊ ညွှန်ကြားရေးမှူး                        ကားတင်သွင်းခွင့်ပါမစ်လာလျှောက်တဲ့ သူထဲ မှာ ပိုင်ရှင်အနည်းစုသာဖြစ်ပြီး အများစုကတော့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများသာဖြစ်ပါတယ်။ ပထမ ၃-၄ ရက်အတွင်းမှာ ကားဟောင်း ပိုင်ရှင် ကိုယ်တိုင် လာရောက်ပေမယ့် အများစုဟာ ပြည်ပ နိုင်ငံက ကားဝယ်ယူတာနဲ့ပတ်သက်လို့ အကျွမ်း တဝင်လုပ်နိုင်တဲ့သူရှားပါတယ်။ အဲဒီအချိန်မှာ နိုင်ငံ တကာကားနဲ့ပတ်သက် ကျွမ်းကျင်တဲ့ သူတွေပေါ် လာလို့ နောက်ပိုင်း အဲဒီကုမ္ပဏီတွေကပဲ စုစည်းပြီ အများစုကို ဆောင်ရွက်ပေးလာတာဖြစ်ပါတယ်။                           One Stop Service မှာ ပါမစ်လျှောက်ထား မယ်ဆိုရင် အဓိက အရေးကြီးတာက ကညနကို ကားအပ်စဉ်ထုတ်ပေးတဲ့ပုံစံ 'ဃ' အထောက် အထားပါရပါမယ်။ အစပိုင်းမှာ တချို့က အဲဒီပုံစံ 'ဃ'တစ်ခုပဲယူလာကြပါတယ်။ အဓိကတော့ အထောက်အထား ၄ခု လိုပါတယ်။ ပုံစံ'ဃ'၊ နောက်ကား ပိုင်ရှင်မှ နိုင်ငံခြားနဲ့ အရောင်းအဝယ်လုပ်ဖို့ MICB မှာ Account ဖွင့်ထားတဲ့စာအုပ်ပြရမယ်၊ နောက်ပြီး Sale Contract (သို့) Invoiceပါရမယ်၊ကိုယ်တိုင်လျှောက်ရင် မှတ်ပုံတင်မူရင်း ပါရမှာဖြစ်ပြီး တကယ်လို့ ကိုယ် တိုင်မ ဟုတ်ရင် Special Power  လိုအပ်ပါ တယ်။ စပြီးဆောင်ရွက်တဲ့စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လာရောက်တဲ့ သူတွေထဲမှာ စာရွက်စာတမ်းအပြည့်အစုံပါသူ အားလုံးကို နေ့ချင်းပြီးလုပ်ပေးပါတယ်။ အောက်တိုဘာလ ၇ ရက် တစ်ရက်ထဲမှာပဲ ၄၁၂ စီးအတွက် ပါမစ် ထုတ်ပေးခဲ့ပါတယ်။ ပုံမှန်ဆိုရင် အစောင် ၁၀၀-၂၀၀ရှိတဲ့ရက်မှာ ည ၈နာရီ-၉နာရီမှာ ပြီးပေမဲ့ အဲဒီနေ့က ည ၁၂ နာရီ-၁နာရီ ထိ အပြီး လုပ်ပေးပါတယ်။ နောက်ပိုင်းလည်း ပါမစ်ထုတ် သူ တိုးလာမှာဖြစ်လို့ လိုအပ်တဲ့ စက်ပစ္စည်း၊ နည်းပညာနဲ့လူအင်အားတွေနဲ့တိုးပြီး ဆောင်ရွက်ဖို့ အသင့်ပြုလုပ်ထားပါတယ်။ ပါမစ် လုပ်ရာ မှာ ပါရမယ့် အထောက်အထားများကို ကညန ရဲ့ပြည်နယ်တိုင်းဒေသကြီးအတွင်း ကား လက်ခံတဲ့ ဌာန ၁၈ ခုမှာလည်း ကြိုတင် ဖြန့်ဝေအသိ ပေး ထားပါတယ်။                           လတ်တလောကုမ္ပဏီတွေကို ကားတင် သွင်းခွင့် ပါမစ်ထုတ်ပေးနေပြီ ဆိုတဲ့ သတင်းတွေ ထွက် နေပါတယ်။ ကုမ္ပဏီ တချို့က ပြောတာ တော့ ကားတင်သွင်းခွင့်မရသေးဘူးလို့ ဆိုပါတယ်။ အဲ့ဒါ ဟုတ်မဟုတ်နဲ့ နောက်တစ်ခုက တော့ ကားတင်သွင်းခွင့် ပါမစ်အတုပေါ်နေတဲ့ ကိစ္စကို ဘယ်လို ဖြေရှင်းဆောင်ရွက်မလဲ ဆိုတာ သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                                    နံပါတ်(၁)မေးခွန်းဖြစ်တဲ့ကုမ္ပဏီတွေကို ကား ပါမစ်ထုတ်ပေးဖို့ ကိစ္စကိုညှိနှိုင်း တင်ပြထားဆဲ ဖြစ်ပါတယ်။ဆက်လက်ပြီး ဆောင်ရွက် သွားမဲ့အစီ အစဉ်ထဲမှာ ပါရှိပြီးဖြစ်ပါတယ်။ ဒုတိယမေးတဲ့ ကားပါမစ်အတုကိစ္စ အနေနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာန နေပြည်တော်ရုံးချုပ် မှာမော်တော် ကားပါမစ်ထုတ်ပေးရာမှာအကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့နဲ့ One Stop Services အဖွဲ့နဲ့ တစ် ထိုင်ထဲ စိစစ်ပြီး ပါမစ်များထုတ်ပေးနေတာဖြစ်ပြီး၊ ထုတ်ပေးတဲ့ ပါမစ်များကို သက်ဆိုင်ရာဌာန များ ကို မိတ္တူပေးပို့ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ အခုလက်ရှိ ဆောင် ရွက်နေတဲ့ သွင်းကုန်အထူးပါမစ်ပေးတဲ့ အစီ အစဉ်မှာ ယာဉ်အိုယာဉ်ဟောင်းများကို လဲလှယ်တဲ့ မော်တော်ကားဟောင်းပိုင်ရှင ်တစ်ဦးချင်းကိုပဲ ထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။                  ဘဏ်ထဲမှာ ဒေါ်လာ ၃ သောင်းသွင်းထား တဲ့ဲ့ ပြည်ပမှာ သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေနဲ့ သင်္ဘောသားတွေကို ကားတင်သွင်းခွင့် ပြုမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက  ပြောကြားခဲ့ပါတယ်။ ကားတင်သွင်းခွင့်ရှိပြီလား သိပါရစေ။အောင်သူရသတင်းထောက် (7 DAY JOURNAL)                 ပြည်ပမှာအလုပ်လုပ်သူများအတွက် ကားတင်သွင်းခွင့်ကို  ၂၀၁၁ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ သိပါရစေ။ အားမာန်အမှုဆောင်အယ်ဒီတာ(7 DAY JOURNAL)               ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောထားတဲ့ နိုင်ငံခြားငွေရရှိနေတဲ့ သင်္ဘောသား အလုပ်သမား၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများအား ကားတင်သွင်းခွင့်ပြုမှုကို  သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ဘယ်တော့လောက် ခွင့်ပြုနိုင်မလဲ သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                        ပြည်ပမှာ တရားဝင်သွားရောက် လုပ်ကိုင်နေ တဲ့ အလုပ်သမားများ၊ သင်္ဘောသားများနဲ့ပြည်ပ ပို့ကုန် လုပ်ငန်းရှင်များဟာ နိုင်ငံတော်အတွက် ဝင်ငွေရှာပေး နေသူတွေဖြစ်လို့ ကားတင်သွင်းခွင့် ပြုဖို့ ဆောင်ရွက်နေပါတယ်။ ပထမအဆင့် ကား ဟောင်းလဲလှယ်မှု ဆောင်ရွက်နေတာဖြစ်ပြီး ဒုတိ ယအဆင့် Show Room ဖွင့်ဖို့ကိစ္စဆောင်ရွက် ပြီးတာနဲ့ နိုင်ငံခြားမှာသွားရောက်အလုပ် လုပ်နေ သူ၊ ပြည်ပပို့ကုမ္ပဏီတွေအတွက်ကိုလည်း တစ်ဆင့် ပြီး တစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ရှေ့မှာပြောခဲ့သလို ပြည်ပတွင် တရားဝင်လုပ်ကိုင်မှုများ အတွက် ကားတင်သွင်း ခွင့်ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်လို့ ရက်သတ်မှတ်ပြီး မပြောလိုပါဘူး။   ဘက်စ် ကားတင်သွင်းရေးနဲ့ ပတ်သက်လို့ ပြည်ပနိုင်ငံတွေမှာ ဈေးနှုန်း အရမ်းကြီးမြင့်တာရှိလို့ နိုင်ငံတော်အပိုင်းမှ ဈေးနှုန်းပြင်ဆင်မှု တွေရှိပါသလား သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                     အထူးပါမစ်တင်သွင်းမှုကိစ္စ စတင်ဆောင်ရွက်ဖို့သက်ဆိုင်ရာကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်တို့နဲ့ တင်သွင်း ခွင့်ပြုနိုင်တဲ့ကားတွေရဲ့မော်ဒယ်နဲ့အမျိုးအစား သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ညှိနှိုင်းအစည်း အဝေးထိုင်ပြီးတာ (၄) ကြိမ်ရှိပါပြ၊ီ မော်တော်ကား တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ဌာနတွေရဲ့ တင်ပြ ညှိနှိုင်းမှု အပေါ်မှာ အခြေခံပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။စပြီးခွင့်ပြုစဉ်ကတည်းက ထုတ်လုပ်တဲ့ နိုင်ငံမှာကန်ဒေါ်လာ ၃၅၀၀ နဲ့ထရပ်ကားကြီးတွေ၊ ဘတ်စ်ကားကြီးတွေ ဝယ်ယူတင်သွင်းလို့မရနိုင် ဘူးဆိုတာ သတိပြုမိပါတယ်။ ဒါ့ကြောင့် မို့ ထရပ် ကားဆိုရင် ဆိပ်ကမ်းမှာရောက်တဲ့ တန်ဖိုး ဒီထက် ပိုပြီးများဖို့၊ဘတ်စ်ကားဆိုရင်လည်း ဆိပ်ကမ်း အရောက် တန်ဖိုးဒေါ်လာ၃၅၀၀ထက်ပိုမယ်ဆိုတဲ့ အကြောင်း ခွင့်ပြုချက်တင်ပြခဲ့ပါတယ်။ ဒါ့ကြောင့် ထရပ်ကားတွေရဲ့ တန်ဖိုးကို ဆိပ်ကမ်းအရောက် ဒေါ်လာ ၁၂၀၀၀နဲ့ ဘတ်စ်ကားတွေရဲ့ တန်ဖိုးကို ဒေါ်လာ ၁၅၀၀၀နဲ့ ခွင့်ပြုပေးဖို့ ဆောင်ရွက်ပြီးဖြစ် ပါတယ်။ ဆက်လက်ပြီး Procedure တွေ ဖြေလျှော့ဖို့ မေးမြန်းတာတွေရော၊ ကျွန်တော်တို့ရဲ့ လုပ်ငန်း တွေကို နားလည်လာဖို့အတွက်ပါ အနည်းငယ် ရှင်းပြလိုပါတယ်။ ကားဟောင်းအပ်နှံပြီး အစားထိုး တင်သွင်းမှုအပေါ်မှာ ကားတင်သွင်းခွင့် အထူး ပါမစ်တွေ ထုတ်ပေးစဉ် တွေ့ကြုံရတဲ့အခက် အခဲ များ နေ့စဉ်ကြုံတွေ့နေရတဲ့ ပေါ်ပေါက်နေရတဲ့ အခက် အခဲများပေါ်မူတည်ပြီး သက်ဆိုင်ရာOne Stop မှာပါတဲ့ ဌာနဆိုင်ရာအဖွဲ့တွေနဲ့ နေ့စဉ် အဖြေရှာလျက်ရှိနေပါတယ်။ ကားတင်သွင်းခွင့် ပါမစ်လျှောက်ထားရာမှာ တချို့နိုင်ငံတွေမှာ ဒေါ် လာနဲ့ လက်မခံတာတွေရှိနေလို့ ဘယ်နိုင်ငံတွေမှာ LC  ဖွင့်ရင် ဘယ်လိုငွေကြေးနဲ့မှ ဖွင့်လို့ အသုံးပြုလို့ ရတယ်ဆိုတာကို ကြိုတင်ကြေညာထားဖို့ ဘဏ်နဲ့ ညှိနှိုင်းထားပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေး လုပ် ထုံး လုပ်နည်းအရဘဏ်မှာ ကိုယ်ပိုင် ဒေါ်လာ Account  ရှိမှသာတင်သွင်းခွင့်ပြုတာဖြစ်ပေမဲ့ အထူးပါမစ်မို့ ယခုကားလဲလှယ်တင်သွင်းရာမှာ နိုင်ငံခြား ငွေ Account မရှိသူအတွက် အခြား Account ကနေပြီး ကားဖိုးကို ပေးချေခွင့်ပြုထား ပါတယ်။ နိုင်ငံတော်က စေတနာနဲ့ ဆောင်ရွက်တာ ဖြစ်လို့ စီးပွားကူးသန်းတစ်ခုထဲရဲ့ သဘောနဲ့မဟုတ် ဘဲ ဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်တာဖြစ်ပါတယ်။                      ဒေါ်လာနဲ့ ပေးချေလို့မရတဲ့ နိုင်ငံတွေမှာ ဝယ်တဲ့ အခါ စီးပွားကူးသန်းနဲ့ ဘဏ်ညှိနှိုင်းပြီး လုပ်ထုံး လုပ်နည်းနဲ့အညီ ငွေလဲလှယ်ပေးချေဖို့ ညှိနှိုင်း ထားပြီး ဖြစ်ပါတယ်။ ကုန်သွယ်မှုသဘော မဟုတ် ဘဲ မော်တော်ယာဉ် ဟောင်းပိုင်ရှင်တွေကို ကား လဲလှယ်ခွင့် ပေးထားတာဖြစ်ပါတယ်။ အသေးအမွှားကွဲလွဲတဲ့ ကိစ္စတွေကို အကောက်ခွန်ရဲ့ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်ဖို့ သဘောတူထားပါတယ်။ ဒီနိုင်ငံ ထဲကို တခြားနည်းနဲ့ ရောက်ရှိနေတဲ့ ကားများကို အထူးပါမစ်နဲ့ ခွင့်မပြုဖို့ ညှိနှိုင်းထားသလို မရိုး မသားလုပ်တဲ့ကားများကိုလည်း သိမ်းဆည်းမယ်လို့ ကြေညာထားပါတယ်။နောက်ပြီး Model / Years ကွဲလွဲချက်များကို မူလခွင့်ပြုချက်ဘောင်အတွင်းက ကွဲလွဲမှုရှိရင် သတ်မှတ်တဲ့ ဒဏ်ကြေးနဲ့ ပေးသွားဖို့ ဆောင်ရွက်ထားပြီး ပါမစ်သက်တမ်းကျော်လွန်မှ ရောက်လာတဲ့ကားများကို ဒဏ်ရိုက်အရေးယူ သွားမှာ ဖြစ်ပါတယ်။ ကွဲလွဲမှုများကို ဆိပ်ကမ်း မရောက်မီ စီးပွားကူးသန်းမှာ ပြင်ဆင်၊ တင်ပြတာ တွေလုပ်ရင် ဒဏ်ကြေးပေးဖို့မလိုပါဘူး။ ကုန်သွယ် ရေးရဲ့ လုပ်ထုံးလုပ်နည်းအရ ဆိပ်ကမ်းရောက်ပြီးမှ ပြင်ဆင်ခွင့်မပြုပါဘူး။ Ceilng Limmit ရဲ့ Upper Limmit နဲ့ Lower Limmitထက် ပိုပြီးနိမ့်တဲ့၊ မြင့်တဲ့ကားများ တင်သွင်းခြင်းကို ညှိနှိုင်းခြင်းမရှိဘဲ ပြစ်ဒဏ်ချအရေးယူသွားမှာဖြစ်ပါတယ်။ဈေးကွက် အတွင်း ဈေးနှုန်းကြီးမြင့်မှု သက်သာစေရန် Sub -Brand သီးခြားသတ်မှတ်ခြင်းမပြုဘဲ ကြော်ငြာ ဘုတ်မှာ ကြော်ငြာထားတဲ့ ကားများအားလုံးကို တင်သွင်း ခွင့်ပြုဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။                      မိမိနိုင်ငံသားရဲ့ အကျိုးကို ရှေ့ရှုပြီး Seller  ဈေး ကွက်မှာ ဈေးဆွဲတင်လို့ မရမယ့် ဈေးကွက်ထိန် သိမ်းနိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်းစဉ်းစားပြီး ဆက်လက်အကောင်အထည်ဖေါ်လုပ်ဆောင်သွား ရပါမယ်။ ဒါကြောင့် ShowRoom  တွေမှာ ကား ဟောင်းတွေ လဲလှယ်ရမယ့် ဒေါ်လာ ၃၅၀၀ အတွင်း တန်ဖိုးရှိကားများ ရောင်းချနိုင်ရေး လုပ်ထုံး လုပ်နည်း တင်ပြဆောင်ရွက်ထားဆဲ ဖြစ်ပါတယ်။  ဒေါ်ကြည်ပြာ၊SKYnet Presenter              ဂျာနယ်တွေမှာဖေါ်ပြနေတဲ့ ဒေါ်လာ ၅၀၀၀ နဲ့ ဘာကားမှဝယ်လို့မရဘူးလို့ ပြောနေတာတွေကို ဖြေကြားပေးစေလိုပါတယ်။            ဈေးနှုန်းနဲ့မသတ်မှတ်ဘဲ မော်ဒယ်အမျိူးအစားနဲ့ သတ်မှတ်ပေးသင့်တယ်လို့ ဂျာနယ်တွေမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး သဘောထား သိလိုပါတယ်။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                   ဥပမာ တိုယိုတာ၊ ဆလွန်းဆိုရင် ၁၉၉၅ မှ ၂၀၀၂ ခုနှစ်အတွင်း ကားများကို တင်သွင်းခွင့် ပေးထားတယ်။ တခြားကားတွေကိုလည်း ခုနှစ် အလိုက်၊ ယာဉ်အမျိုးအစားအလိုက် ၊ မော်ဒယ် အလိုက် သတ်မှတ်ပေးထားပါတယ်။ အကျုံးဝင် အောင်လည်း ဆောင်ရွက်ပေးထားပါတယ်။ One Stop Service နဲ့ မပြတ်ရင် သက်ဆိုင်ရာဌာနနဲ့ ညှိပြီး လုပ်ပေးနိုင်သမျှ မူဘောင်ထဲက တတ်နိုင် သမျှအတတ်နိုင်ဆုံး လုပ်ပေးသွားပါမယ်။ ကားဈေး တွေ ကို Internet တွေမှာ ကြည့်နိုင်ပါတယ်။ ကြိုက်တဲ့လူများလို့ ဈေးများသွားပေမဲ့ ခွင့်ပြုငွေ ပမာဏဘောင်ထဲမှာဝယ်လို့ရတဲ့ကားတွေရှိပါတယ်။ ဒုတိယမေးခွန်းအနေနဲ့ ကားဟောင်းပိုင်ရှင် များအတွက် အထူးအစီအစဉ်ဖြစ်ပါတယ်။ နိုင်ငံ ခြားငွေ လက်ဝယ်ကိုင်ထားသူ၊ စုဆောင်းထားသူ တွေက အများစု မဟုတ်ပါဘူး။ ကားဟောင်းပိုင် ရှင်ထဲမှာ လူတန်းစားမျိုးစုံ ပါဝင်ပါတယ်။ ပြန်တင် သွင်းနိုင်မယ့် မြညေိ မျိုးစုံ ကြော်ငြာပေးထားပါတယ်။ စီးပွားကူးသန်းသဘောတစ်ခုထဲနဲ့ လုပ်ထား တာ မဟုတ်ပါဘူး၊ ကညန၊ အကောက်ခွန်၊ ဘဏ်တို့နဲ့ ညှိပြီးမှ ဈေးနှုန်းကို စနစ်တကျ လေ့လာပြီး ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်းအစား မော်ဒယ်နဲ့လုပ်ဖို့ ဆိုတာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သဘောတစ်ခုထဲနဲ့ လုပ်ဆောင်ရန် အစီအစဉ်မရှိပါဘူး။ နိုင်ငံတော်မှ စေတနာထားပြီး အထူးအစီအစဉ်ဖြင့် ဆောင်ရွက် ပေးတာဖြစ်လို့ စီးပွားရေးတစ်ရပ်အနေနဲ့ သဘော မထားဖို့ ပြောကြားလိုပါတယ်။ အားမာန်၊ အမှုဆောင်အယ်ဒီတာ            ဝန်ဆောင်မှု ကုမ္ပဏီတွေက  တစ်ဆင့်ကားတင်သွင်းခွင့် လျောက်ထားသူတွေများတယ်လို့ သိရပါတယ်။ ကားဟောင်းအပ်နှံသူနဲ့ ဝန်ဆောင်မှု ကုမ္ပဏီတွေအကြား  စီးပွားကူးသန်းဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်း သတ်မှတ်ပေးထားတာ ရှိပါသလား။ ဝန်ဆောင်ခ တစ်စုံတစ်ရာ သတ်မှတ်ပေးထားပါသလား၊ပြသနာ  တစ်စုံတစ်ရာပေါ်လျှင် စီးပွားကူးသန်းအနေနဲ့ ကြားခံဖြေရှင်းပေးဖို့စီစဉ်ထားတာ ရှိပါသလား။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                  ယခုအကျိုးဆောင်လုပ်နေတဲ့ ၊ ကြော်ငြာနေ တဲ့ ကုမ္ပဏီတွေအနေနဲ့ မော်တော်ကားဟောင်း အစား ပြည်ပက ကားအသစ်သွင်းဖို့ လုပ်ပေးနေ တာဟာစီးပွားကူးသန်းဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ် နည်းနဲ့ တစ်ထပ်ထဲ မဖြစ်ပါဘူး။ ဥပမာ နိုင်ငံခြား ကုမ္ပဏီက မြန်မာပြည်မှာ တရားဝင်ကားရောင်းချ တာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်ပေးဖို့ စီမံစီးပွားမှာ အကျိုးဆောင်ကုမ္ပဏီ လျှောက်ထားရပါမယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ အကျိုးဆောင်မှတ်ပုံတင်ထားပြီးဖြစ်တဲ့ ကုမ္ပဏီ ကိုသာ စီးပွားကူးသန်းဝန်ကြီးဌာနက အကျိုး ဆောင်လုပ်ငန်းလုပ်ခွင့်ပေးထားပါတယ်။ ကားတွေ ကိုရောင်းချခွင့် တရားဝင်အကျိုးဆောင်လွဲအပ် စာနဲ့ အပ်နှံထားရပါမယ်။ နိုင်ငံခြားကုမ္ပဏီကိုယ် စား ကားရောင်းဝယ်ခွင့် အပ်နှံထားကြောင်း နိုင်ငံ ခြားကုမ္ပဏီမှ တာဝန်ရှိသူက မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကုမ္ပဏီရုံးသို့ လာရောက်၍ ဖြစ်စေ၊ နိုင်ငံ ခြား ကုမ္ပဏီနိုင်ငံရှိ မြန်မာသံရုံးတွင်ဖြစ်စေ တရား ဝင် အကျိုးဆောင်အပ်နှံကြောင်း လုပ်ဆောင်ရမှာ ဖြစ် ပါတယ်။ တရားဝင်အကျိုးဆောင်အဖြစ် မှတ် ပုံတင်ပြီးမှသာ ကားရောင်းဝယ်လုပ်ပေးခြင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွှတ်မှာ ဖြစ်ပါတယ်။ တရားဝင်အကျိုးဆောင်မှတ်ပုံတင်မရှိသူနဲ့ ကားတင်သွင်းရန် လုပ်ဆောင်ပြီး ရောင်းသူနှင့် ဝယ်သူအကြားမှာဖြစ်ပေါ်သော ပြဿနာကတော့ မြန်မာနိုင်ငံတွင်ရှိသည့် တည်ဆဲ ဥပဒေများအရ ရောင်းသူနှင့် ဝယ်သူအကြားမှာပဲ အပြန်အလှန် တာဝန်ရှိမှာ ဖြစ်ပါတယ်။ ကျော်ဆန်းမင်း၊ အမှုဆောင်အယ်ဒီတာ(The Voice Weekly)               နှစ်လေးဆယ်သက်တမ်းကျော်ကားများ အပ်နှံသည့် ကိစ္စပြီးသွားလျှင် နှစ်သုံးဆယ်မှ လေးဆယ်ကြားကားများကို အပ်နှံခြင်းကိစ္စခေတ္တ ဆိုင်းငံသွားမယ်လို့ သတင်းတွေထွက်နေတာ မှန်ပါသလား။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှာ ကားဟောင်းအပ်ပြီးကြောင်း စာရွက်စာတမ်း များပါလျှင် အထူးပါမစ်ထုတ်ပေးမယ်လို့ ကြေညာ ထားပြီးဖြစ်ပါတယ်။ ပြင်ဆင်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါဘူး၊ ထုတ်ရန်အစီအစဉ် လည်း မရှိပါဘူး၊ ဂျာနယ်များမှ တစ်ဆင့် မမှန်ကန် တဲ့ သတင်းများ ပျံ့လွင့်မှုမရှိအောင် ဝိုင်းဝန်း ကူညီ ပေးရန်နှင့် မှန်ကန်တိကျသည့် သတင်းများကို ဖေါ်ပြဖို့ ပြောကြားလိုပါတယ်။ ကျော်ဆန်းမင်း၊ အမှုဆောင်အယ်ဒီတာ(The Voice Weekly)ှ့                Show Room ၁၀ခုကို ဖွင့်ခွင့်ပေးထားပြီးပြီလို့ သိရပါတယ်။ မဖွင့်ရသေးဘူး ဆိုရင် ဘယ်တောာ့ဖွင့်မလဲ သိပါရစေ။ မေငယ်၊ သတင်းထောက်ချုပ်(ပြည်မြန်မာ)Show Room ဖွင့်လှစ်ဖို့လာလျှောက်ကြတဲ့ လျှောက်လွှာထဲမှာ ပြည်တွင်းပြည်ပကုမ္ပဏီ ဘယ်နှစ်ခုရှိလဲ သိပါရစေ။ဦးသန်းအောင်၊ ညွှန်ကြားရေးမှူး                        လက်ရှိအချိန်မှာ မော်တော်ကား Show Room ကို ပြည် တွင်းမှာ ဖွင့်လှစ်နိုင်ဖို့အတွက် စီးပွားကူးသန်း ဝန်ကြီးဌာနအနေနဲ့ ဘယ်ကုမ္ပဏီ ဘယ်ပုဂ္ဂိုလ်ကိုမှ ဖွင့်လှစ်ခွင့်ပေးထားခြင်း မရှိသေး ပါဘူး။ ယခုပထမအဆင့်အနေ နဲ့ ကားဟောင်းလဲလှယ် တင်သွင်း မှုကို ဆောင်ရွက်နေတာဖြစ်ပြီး၊ဒုတိယအဆင့် အနေနဲ့မော်တော်ကား Show Room  ဖွင့်ဖို့ကိစ္စဆောင်ရွက်မှာဖြစ်ပါတယ်။Show Room ဖွင့်ဖို့လိုအပ်တဲ့အချက်အလက်တွေလေ့လာစုစည်း တင်ပြထားပြီးဖြစ် ပါတယ်။နောက်အဆင့်အနေနဲ့ နိုင်ငံခြားမှာသွားရောက်လုပ်ကိုင်သူ များ၊ သင်္ဘောသားများနဲ့ပြည်ပပို့ကုန် ကုမ္ပဏီတွေကားတင်သွင်းခွင့် ကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လတ်တလော ကား Show Room ဖွင့်ခွင့်လျှောက်လွှာအစောင် ၃၀လောက်တော့ ရှိပါပြီ၊ ဆက်လက်လျှောက်ထားဆဲပဲဖြစ်ပါတယ်။ အများစုကပြည်တွင်းက လျှောက်ထားတာဖြစ်ပြီး ပြည်တွင်းက ဘယ်နှစ်ခု ၊ ပြည်ပကဘယ်နှစ်ခုဆိုတာကိုတော့ မိမိတို့အနေနဲ့ အတိ အကျပြောလို့မရသေးပါဘူး။ ဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပြီး မကြာခင် ဖွင့်လှစ်နိုင်တော့မှာဖြစ်ပေမဲ့အချိန်အတိ အကျတော့ ပြောလို့ မရသေးပါဘူး။ ဦးရွှေဦး (SKYnet Producer)ဦးသန်းအောင်၊ ညွှန်ကြားရေးမှူးှ့သတင်းဂျာနယ်တွေမှာ ShowRoom တွေဖွင့်ခွင့်ရနေပြီလို့ ဖော်ပြနေကြပါတယ်။ညွှန်ကြားရေးမှုးကြီး ဖြေကြားထားပြီး ဖြစ်ပေမဲ့ ပိုမိုရှင်းလင်းသွားစေရန်  ထပ်မံဖြေကြားပေးစေလိုပါတယ်။                      ShowRoom  ဖွင့်ဖို့ အသေးစိတ်လေ့လာပြီး ဖွင့်ခွင့် ရသွားမယ့် ကုမ္ပဏီတွေအတွက် လုပ်ထုံးလုပ်နည်းတွေ အကြမ်းဖျင်း ရေးဆွဲ တင်ပြထားပြီး ဖြစ်ပါတယ်။ လတ်တလော ဦးစားပေး ဆောင် ရွက်နေတာကတော့ သတ်မှတ်ပေးထားတဲ့ ဈေးနဲ့ ဝယ်လို့မရဘူးဆိုတဲ့ သတင်းတွေကြောင့် ကားသစ်လဲမယ့်သူတွေကို အထောက်အကူပြု စေရန် သတ်မှတ်နှုန်းထားနဲ့ ကားဝယ်နိုင်အောင် ShowRoom ဖွင့်ခွင့် လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲတင်ပြထားတာဖြစ်ပါတယ်။ ကားဟောင်းများအစားထိုးလဲလှယ်ရေးကိစ္စက အထူးကိစ္စဖြစ်ပါတယ်။ နည်းလမ်းများကို ဘက်ပေါင်းစုံမှ စဉ်းစားပြီး တင်ပြထားတာ ဖြစ်လို့ ခွင့်ပြုချက်ရတာနဲ့ ထုတ်ပြန်ပေးသွားပါမယ်။