Main menu

Background

မြန်မာ့ ပဲဆီနှင့် နှမ်းဆီအတွက် ကမ္ဘာ့ဈေးကွက်တစ်နေရာ

Mon, 10/24/2011 - 08:03 -- Anonymous (not verified)

                 နိုင်ငံတိုင်းက စားနပ်ရိက္ခာဖူလုံ ရေးကို ဦးစားပေးကြစမြဲပါ။ မိမိတို့နိုင်ငံ မှာလည်း ဆန်ဖူလုံရေး၊ ဆီဖူလုံရေးကို အစိုးရ အဆက်ဆက်က ဇောက်ချလုပ် ကိုင်ခဲ့ပါတယ်။ ဒီနေ့အထိ ကိုယ့်နိုင်ငံက လယ်ယာစိုက်ပျိုးရေးကိုပဲ အခြေပြုနေရ သေးတဲ့ နိုင်ငံဖြစ်တော့ ပြည်ပပို့ကုန် အမယ်တွေကို ကြည့်ရင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းစတဲ့ လယ်ယာထွက်ကုန် တွေကိုပဲ အဓိကတွေ့ရမှာပါ။                ဒီလယ်ယာထွက်ကုန်တွေထဲမှာမှ ဆန်ဆိုရင်လည်း တိုင်းပြည်ရဲ့ အဓိက အခြေခံစားသောက်ကုန် ဖြစ်တဲ့အတွက် နှစ်စဉ်ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုတွေကို သေချာစွာ တွက်ချက်ပြီးမှ ပြည်ပတင်ပို့ သင့်တဲ့ပမာဏကို ခွင့်ပြုပေးနေသလို၊ နှမ်းနဲ့ပတ်သက်လို့လည်း နှမ်းနက်နဲ့နှမ်း ဖြူကိုသာ ပြည်ပကိုတင်ပို့ခွင့်ပြုပြီး၊ ဆီကြိတ်နှမ်းဖြစ်တဲ့ နှမ်းနီနဲ့နှမ်းညိုကိုတော့ ပြည်တွင်းဆီဖူလုံဖို့နဲ့ ဆီစက်လုပ်ငန်းရှင် တွေ အလုပ်အကိုင် အခွင့်အလမ်းရှိဖို့ ပြည်ပကို တင်ပို့ခွင့်မပြုခဲ့ပါဘူး။ မြေပဲ ကိုလည်း နှမ်းနီ၊ နှမ်းညိုလိုပဲ ခွင့်မပြုခဲ့ ပါဘူး။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း နှမ်းနီ၊ နှမ်းညိုသာမက မြေပဲလုံးဆန်တွေကို ပြည်ပက ဝယ်လိုအားကလည်း ရှိနေတော့ တရားမဝင်လမ်းကြောင်းက ခိုးထွက်နေခဲ့တာဆိုတော့ နိုင်ငံတော် အတွက်အခွန်အခ အပါအဝင် အဖက် ဖက်က ဆုံးရှုံးမှုတွေပဲရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မေလကစပြီး ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ စားအုန်းဆီကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုခဲ့ပါတယ်။ ဒီအတွက် တစ်ပိဿာ ၂၅၀၀ ကျပ်ဝန်း ကျင်က မဆင်းတဲ့ စားအုန်းဆီဟာ တစ်ပိဿာ ၂၀၀၀ ကျပ် အောက်ကို ဆင်းလာခဲ့ပါတော့တယ်။ တင်သွင်းတဲ့ စားအုန်းဆီကိုလည်း Cloud Point (CP) ၁၀ မှတ်ကနေ ၈ မှတ်ထိ အဆင့် မြှင့်ပြီး သွင်းဖို့ နဲ့ Iodine Value (IV) ကိုလည်း 58 min  နဲ့ သွင်းဖို့ စီစဉ် ခဲ့ပါတယ်။ ပြည်သူ တွေအနေနဲ့ ပြည် တွင်းမှာ အဆင့်မြင့် စားအုန်းဆီတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူ စားသုံးခွင့်ရလာခဲ့ပါပြီ။ ဒီအခြေအနေ မှာ အရင်က ပြည်ပကို တင်ပို့ခွင့် ကန့်သတ်ထားတဲ့ နှမ်းနီ၊ နှမ်းညို၊ မြေပဲလုံး ဆန်တွေကိုစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် ၁/၂၀၁၁ နဲ့ ပြည်ပတင်ပို့ ခွင့်ပြုခဲ့ပါတယ်။ ပြည်ပမှာ ဈေးကွက် ရှိပြီး၊ ဝယ်လိုအားလည်းရှိနေတဲ့ ကုန်ပစ္စည်းတွေ ဖြစ်လို့ တင်ပို့ခွင့်ပြုတဲ့ အတွက်ဝယ်လိုအားရဲ့တွန်းအားကြောင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်တက်လာစေဖို့ ရည်ရွယ်သလို အဓိက ဈေးကွက်ကြီး တစ်ခုကိုပဲ မှီခိုနေရတဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စိုက်ပျိုးနေတဲ့ တောင်သူတွေ အနေနဲ့လည်း ဒီနှစ် ဈေးကောင်းလိုက် နောင်နှစ်ဈေးမကောင်းလိုက်နဲ့ သံသရာ လည်နေတဲ့ ဘဝကနေ ကိုယ့်လယ်ယာမြေမှာ ပြည်ပဈေးကွက် ပုံမှန်ရှိတဲ့ သီးနှံ တွေ ပြောင်းလဲစိုက်ပျိုး နိုင်စေဖို့လည်း အခွင့်အလမ်းတွေ ရခဲ့ပါတယ်။ နှမ်းနီ၊ နှမ်းညိုနဲ့ မြေပဲဆန်တွေကို ပြည်ပကို ဒီအတိုင်း တင်ပို့တာထက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် နှမ်းဆီ၊ ပဲဆီကြိတ်ပြီးတင်ပို့ဖို့ နိုင်ငံတော်က ပိုပြီးလိုလားပါ တယ်။ ဒါမှလည်း ပြည်တွင်းက ဆီစက် တွေလည်းအလုပ်အကိုင် အခွင့်အလမ်း မလျော့သလို ထွက်လာတဲ့ ပဲဖတ်၊ နှမ်း ဖတ်ကလည်း ပြည်တွင်းမွေးမြူရေး လုပ် ငန်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။                နိုင်ငံတော်က ဖြစ်စေချင်တဲ့ ပဲဆီ၊ နှမ်းဆီ ထုတ်လုပ်ပြီး ပြည်ပတင်ပို့ဖို့ အတွက် မြန်မာလုပ်ငန်းရှင်တွေ ဘယ် လို ကြိုးပမ်းအားထုတ်နေတယ်၊ ဘယ်လောက်အဆင့်ဖြစ်နေတယ်ဆိုတာ ကို ကောမတ်စ်အဖွဲ့က လေ့လာ ဆွေးနွေး ခဲ့တာကို ပြန်လည်တင်ပြလိုက်ပါတယ်။ မျိုးကောင်းမျိုးသန့်တွေရရှိဖို့လို                   ပဲဆီကို နိုင်ငံခြားသို့တင်ပို့နိုင်ရန် တောင်သူများအနေနဲ့ မြေပဲမျိုးကောင်း မျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးရန် လိုအပ်လှသလို အဆိုပါ မျိုးကောင်းမျိုး သန့်များကို ရရှိရန်မှာလည်း နိုင်ငံတော် အပိုင်းမှ ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်လှကြောင်းလည်း သိရပါတယ်။ ဧရာဝတီမြေပဲဆီစက်ပိုင်ရှင် ဦးခင်စိုးက "တကယ်လို့ ပြည်ပကိုတင်ပို့တော့ မယ်ဆိုရင် ဒီမှာစိုက်တဲ့မျိုးက ကောင်းဖို့ တော့လိုတယ်။ ဥပမာ တရုတ်နိုင်ငံဆန်း တုန်းပြည်နယ်ကထွက်တဲ့မြေပဲဆိုရင် တစ်ဧကကို တင်း၁၀၀ကျော်လောက် ထွက်တယ်။ အဲဒီမျိုးကတော့အကောင်း ဆုံးပဲ။ မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ကိုက် ညီမှုရှိမရှိမသိရပေမယ့် အဲဒီလိုမျိုးကို စိုက်လို့ရမယ်ဆိုရင်တော့ အကောင်းဆုံး ပဲ။ ဒါပေမယ့် အခုအဲဒီဒေသမှာလည်း ရာသီဥတုဖောက်ပြန်မှုတွေဖြစ်နေလို့ ပဲဆီကို လိုအပ်နေတဲ့ဒေသတစ်ခုဖြစ် နေတယ်"လို့ မြေပဲမျိုးကောင်းမျိုးသန့် ရရှိရေးအတွက် အကြံပြု ပြောကြား ခဲ့ပါတယ်။                    ငွေသဇင်မင်း ဆီစက်လုပ်ငန်းမှ ဦးအောင်ရွှေကလည်း "ပြည်ပကိုတင်ပို့ ခွင့်ရမယ်ဆိုရင် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်ဖို့လိုပါတယ်။ မျိုးကောင်းမျိုး သန့်တွေ ရတဲ့အတွက် ဆီထွက်နှုန်းပို လာနိုင်တဲ့အတွက် ပြည်ပတင်ပို့ရာမှာ အထောက်အကူပြုနိုင်မှာပါ။ ဒါပြင့် မြေ ကြီးမှာဥတဲ့ပဲက ပဲသားကျစ်တဲ့အတွက် ဆီပိုထွက်ပါတယ်။ သဲသောင်မှာစိုက်တဲ့ ပဲက ပဲသားပွတဲ့အတွက်ဆီအထွက်နှုန်း နည်းတယ်။ ပဲကို စနစ်တကျသိုလှောင် မယ်၊ အခြောက်ခံမယ်။သန့်သန့်ရှင်းရှင်း ထားမယ်ဆိုရင် မှိုတက်တာတို့ ဆီညံ့ တာတို့မဖြစ်နိုင်ပါဘူး"လို့ပြောခဲ့ပါတယ်။ ခေတ်မီနည်းစနစ်တွေအသုံးပြုဖို့လို                           ပဲဆီကို အထွက်နှုန်းတိုးစေဖို့ အတွက် မျိုးကောင်းမျိုးသန့်တွေရရှိရေး ဟာ အရေးပါသလို ခေတ်မီ နည်းစနစ် များနဲ့ တပ်ဆင်ထားတဲ့ စက်ပစ္စည်းများ အသုံးပြုရေးဟာလည်း အရေးပါလှတဲ့ ကဏ္ဍတစ်ရပ် မှာပါဝင်နေကြောင်း ဧရာ ဝတီပဲဆီလုပ်ငန်းမှ ဦးခင်စိုးက ထောက် ပြခဲ့ပါတယ်။                      "ကျွန်တော်တို့အနေနဲ့လက်ရှိလည် ပတ်နေတဲ့စက်တွေနဲ့ထုတ်လုပ်ဖို့က မဖြစ်နိုင်ဘူး။ လက်ရှိလည်ပတ်နေတဲ့ စက်တွေနဲ့ကြိတ်ခွဲတဲ့အခါကျတော့ အလေအလွင့် ဆုံးရှုံးမှုတွေ များတယ်။ မမြင်ရတဲ့လေလွင့်မှု တွေပေါ့။ သူတို့ဆီ က ခေတ်မီစက်တွေနဲ့ကြိတ်မယ်ဆိုရင် အဲဒီစက်တွေက တစ်ကြိမ်တည်းနဲ့လည် တဲ့အတွက် အပူပမာဏ မဆုံးရှုံးဘူး။                          မြေပဲဆီရဲ့သဘာဝက ပူနေတဲ့အချိန်မှာ ကြိတ်တဲ့အတွက်ဆီထွက်အားပိုကောင်း တယ်။အေးသွားရင်ဆီကလိုသလောက် မထွက်တော့ဘူး။ မြေပဲဆန် အချိန်၁၀၀ ကို သူတို့ဆီက စက်နဲ့ကြိတ်လို့ဆီအချိန် ၄၀ထွက်ရင် ဒီကစက်နဲ့ကြိတ်ရင် အချိန် ၃၇လောက်ပဲထွက်တယ်။ မြေပဲဖတ်ဆို ရင်လည်း မြေပဲဖတ် အချိန် ၁၀၀ကို ဆီပမာဏ ၇/ ၈ရာခိုင်နှုန်းလောက်ပါသွားတဲ့အချိန်မှာ သူတို့စက်ကထွက်တဲ့ မြေပဲဖတ်က ဆီပမာဏ ၁ရာခိုင်နှုန်း လောက်ပဲပါတော့တယ်။ ဆီပါဝင်မှု ပမာဏနည်းလေ ပရိုတင်းဓာတ်ပါဝင်မှုပမာဏ များလေဆိုတော့ သူတို့ဆီက မြေပဲဖတ်က တိရစ္ဆာန်တွေအတွက် ပိုပြီးကောင်းနေတယ်။ ဒီကဆီစက်တွေ က မွေးမြူရေးသမားတွေအတွက်လည်း ပရိုတင်းဆုံးရှုံးရသလို တစ်ဖက်မှာလည်း ဆီဈေးက လိုအပ်တာထက်ပိုမြင့်လာ တာပေါ့။ ဒါဟာ လည်ပတ်တဲ့စက်ရဲ့ အားသာချက်ကြောင့် ဖြစ်လာမယ့် အကျိုးတရားတွေပါ"လို့ ပြည်တွင်းဆီ စက်များနဲ့ ပြည်ပက ခေတ်မီဆီစက်များ ရဲ့အခြေအနေကို နှိုင်းယှဉ်ပြောပြခဲ့တာပါ။                              တရုတ်ကိုသွားမယ့် ဧရာဝတီ                        ဧရာဝတီမြေပဲဆီကို တရုတ်နိုင်ငံ ကိုပို့နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါ တယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ဧရာဝတီမြေပဲဆီဟာ ဈေးကွက်ဝင်ပြီး သားဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။                        "ကျွန်တော့်ရဲ့ဧရာဝတီမြေပဲဆီကို ယူနန်ကိုပို့ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာ တော့ ယန်ကျန်းဆိုတဲ့ တံဆိပ်နဲ့ရောင်း နေတာပါ။ ယန်ကျန်းဆိုတာ သူတို့ဆီ ကအခေါ်ပေါ့။ ဧရာဝတီလို့ အမည်ရပါ တယ်။ ကျွန်တော့်မြေပဲဆီကို ကုန်စည်ပြပွဲမှာ တရုတ်တွေ ဝယ်သွားတာရှိ တယ်။ သူတို့ဆီမှာ သုံးတဲ့ဆီက ဒီက ဆီလောက်မကောင်းဘူး။ ကျွန်တော်တို့ ဆီက မြေပဲဆီက Quality  ကောင်းပြီး သား။ ဒါပေမယ့် ပို့မယ်ဆိုရင် အဲဒီနိုင်ငံ ရဲ့စည်းမျဉ်းစည်းကမ်းတွေကို သိထားဖို့ တော့လိုမယ်။ တရုတ်နိုင်ငံဆိုရင် သူတို့ ဆီမှာ ပြည်နယ်တစ်ခုဖြတ်တိုင်း အခွန် ဆောင်နေရတယ်။ ဒါကြောင့် သူတို့ဆီ က တံဆိပ်နဲ့ကပ်ပြီးရောင်းမှအဆင်ပြေ တာ။ ပြည်ပကသွင်းကုန်ဆိုရင် ပြည် နယ်တစ်ခုဖြတ်တိုင်းအခွန်ဆောင်နေရ တာ"လို့ ဧရာဝတီမြေပဲဆီကို ယူနန်ကို ရောင်းချမယ့်ပုံစံကို ပြောပြခဲ့ပါတယ်။ နှမ်းဆီကိုလည်း ပို့မည်                   ဧရာဝတီမြေပဲဆီလုပ်ငန်းဟာ နှမ်းဆီကိုလည်း ပြည်ပကိုပို့ဖို့ စီစဉ်နေတယ် လို့ ဆိုပါတယ်။ နှမ်းဆီကို ပို့နိုင်ဖို့အတွက် စီစဉ်နေကြောင်း သိရပါတယ်။ "ကျွန်တော်တို့နှမ်းဆီကို ပြည်ပ နိုင်ငံတွေက လက်ခံထားပြီးသားပါ။ အရင်တုန်းကတည်းက နှမ်းဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက စား မှ မစားကြတာ။ အဲဒီတော့ ပိုလျှံနေ တာ။ နှမ်းဆီကိုတော့ ပို့ဖို့ စီစဉ်နေပါတယ်"လို့ ဧရာဝတီဆီစက်ပိုင်ရှင် ဦးခင် စိုးက ပြောခဲ့တာပါ။             အဆင်သင့်မဖြစ်သေးပါ                   မြေပဲဆီတွေ နှမ်းဆီတွေကို ပြည်ပ ကိုတင်ပို့ခွင့်ရချင်ပါတယ်ဆိုပေမယ့် လည်း နိုင်ငံတော်က တမုဟုတ်ချင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပြည်ပကို တင်ပို့ခွင့်ပိတ်ပင်ထားတဲ့ မြေပဲဆီတွေ နှမ်းဆီတွေကို ခွင့်ပြုလိုက်တဲ့အချိန်မှာ လုပ်ငန်းရှင်တချို့ဟာ အခက်အခဲများ နဲ့ရင်ဆိုင်နေရတဲ့အတွက် အဆင်သင့် မဖြစ်သေးကြောင်း သိရပါတယ်။                "ကျွန်မတို့ အနေနဲ့က ဒီနှစ်မှာ တော့ ပြည်ပကို ပို့ဖို့အဆင်သင့် မဖြစ်သေးပါဘူး။ ဘာကြောင့်လည်းဆို တော့ ဒီနှစ်မှာက သိတဲ့အတိုင်း မိုးက လည်းများရေတွေကလည်းကြီးဆိုတော့ ကုန်ကြမ်းရဖို့ အခက်အခဲရှိသလို ကုန် ကြမ်းတွေကို ဝယ်ပြီးလှောင်ဖို့ကလည်း အခက်အခဲတွေရှိတယ်။ နှမ်းကကိစ္စမရှိ ပေမယ့် မြေပဲကတော့ စိုရင် မှိုတက် တာတွေ ဘာတွေနဲ့ ဒုက္ခပေးနိုင်တယ်။ နောက်နှစ်မှာ ဆိုရင်တော့ ပို့နိုင်မှာပါ။ ပို့မယ်ဆိုရင်တော့ တရုတ်နဲ့စင်ကာပူကို ပို့မှာပါ"လို့ ငွေသဇင်မင်းဆီစက်ပိုင်ရှင် ွှက ပြောခဲ့တာပါ။                   မကွေးမြို့ရှိအမေထွားဆီစက်ပိုင်ရှင် ဦးဋ္ဌေးအောင် ကလည်း "ကျွန်တော်တို့ ဆီစက်အနေနဲ့ ဒီနှစ်မှာတော့ ပြည်ပကိုပို့ဖို့ အစီအစဉ်မရှိသေးပါဘူး။ လာမယ့် နှစ်မှာဆိုရင်တော့ စက်အသစ်ဆင်ဖို့ လည်းရှိတယ်။ အဲဒီအချိန်ကျမှပဲ ဝယ်လက်ကို ရှာရမှာ။ ကုန်ကြမ်းကတော့ ဆောင်းမြေပဲကိုပဲ အဓိကထားပြီးဝယ် ရမှာဆိုတော့ အဲဒီအချိန်ကျမှပဲ ပြည်ပပို့မယ်အစီအစဉ်ကို စတော့မယ်"ဟု ပြောခဲ့ပါတယ်။ ကိုရီးယားနဲ့ မန္တလေးရှားသွားမယ့် ဇွဲ                   မြန်မာ့နှမ်းဆီကို နိုင်ငံတကာဈေး ကွက်မှာ ထိုးဖောက်နိုင်ဖို့အတွက် ပြင်ဆင်နေတာကို သိရှိရပါတယ်။ မြန်မာ့နှမ်းဆီမှာ ဖယောင်းပါဝင်မှုများတဲ့အ တွက် အဲဒီဖယောင်းကို လျှော့ချသန့်စင် ပြီး ပြည်ပနိုင်ငံများကို ပို့နိုင်အောင်စီစဉ် လျက်ရှိကြောင်း သိရပါတယ်။                      ဇွဲနှမ်းဦးရည်ဆီသန့်မှဦးတင်အောင်ကျော်က "ကျွန်တော်ကတော့ဒီဇွဲအမှတ် တံဆိပ်နဲ့ ပြည်ပကို ပို့ဖို့စီစဉ်နေပါတယ်။ အခုလောလောဆယ်မှာတော့ ကိုရီးယားနဲ့မလေးရှားက ကုမ္ပဏီတွေနဲ့ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ သူတို့ဖက်က ကျွန်တော်တို့ အကောင်းဆုံးလုပ်ထား တာကို လက်ခံနိုင်မလား၊ သူတို့ဖက်က သတ်မှတ်ထားတဲ့အတိုင်း ကျွန်တော် တို့က လုပ်နိုင်မလား အဲဒါတွေကို သေ သေချာချာညှိနှိုင်းပြီးမှပဲ ပြောနိုင်မှာပါ။ အခုအချိန်မှာတော့ ကျွန်တော့်ရဲ့နှမ်းဆီ ကို ကိုရီးယားနဲ့မလေးရှားကတော့ ကြိုက်တယ်"လို့ ဆိုပါတယ်။                    မြန်မာ့ ပဲဆီ၊ နှမ်းဆီတွေ ပြည်ပ ဈေးကွက်ကို ပုံမှန်တင်ပို့ရောင်းချနိုင်ရေး ကို ကြိုးပမ်းကြရာမှာ အထက်မှာ ဆွေးနွေးခဲ့သလို အထွက်ကောင်းတဲ့ မျိုးတွေ၊ ခေတ်မီ စိုက်ပျိုး၊ သိုလှောင်ထိန်းသိမ်း နည်းတွေ၊ ဆီကြိတ်တဲ့ခေတ်မီ နည်း ပညာနဲ့ ဆီစက်တွေ လိုအပ်ပါတယ်။                     တောင်သူစိုက်ပျိုးထွက်ရှိလာတဲ့ ပဲတွေ၊ နှမ်းတွေကိုပဲ ထိုင်စောင့်ပြီး ဆီကြိတ်ပို့ ဖို့ဆိုတာထက် စိုက်ပျိုးချိန်ကနေ သိုလှောင်၊ ကြိတ်ခွဲ၊ ထုတ်လုပ်မှုအဆင့် ဆင့်မှာ စနစ်တကျ ရင်းနှီးမြှုပ်နှံဆောင်ရွက်မှသာ မြန်မာ့ပဲဆီ၊ နှမ်းဆီတွေ ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်မှာဖြစ် ကြောင်းပါ ခင်ဗျား။..