Main menu

Background

သနားစရာငါးသတ္တဝါ (သို့မဟုတ်) ပုဇွန်တောင်ချောင်းထဲမှ ရေပေါ်ငါးများ

Sun, 10/30/2011 - 07:35 -- Anonymous (not verified)

             ကမ္ဘာနှင့် အဝှမ်း ရင်ဆိုင်ကြုံတွေ့ နေရသော ရာသီဥတုပြောင်းလဲခြင်း၊ ရေစီးကြောင်းများ ပြောင်းလဲလာခြင်း၊ ရေကြီးရေလျှံခြင်း၊ ကုန်းတွင်းပိုင်းရေချို ဒေသသို့ ရေငန်ဝင်ရောက်မှုများ များ ပြားလာခြင်း၊ ရေချိုရရှိမှုနည်းပါးခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများထိခိုက်လာကာ ရေနေ သတ္တဝါများတွင် ငါးနေ၊ ငါးထိုင်ပျက် ပြားခြင်း၊ ရေစီးရေလာနှင့် ငါးတက်၊ ငါးဆင်းလမ်းကြောင်းများ ပျက်ယွင်း လာခြင်း၊ ငါးများ နေထိုင်ခိုအောင်း ပေါက်ဖွားကြီးပြင်းရာရေပြင်၊ ရေကန်၊ ရေရိုး၊ မြစ်၊ ချောင်း၊ အင်းအိုင်များ (habitat) တွင် ငါးစာပြင်(feeding ground) များ ဆုတ်ယုတ်လာခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။                 ရေနေသတ္တဝါများသည် ၎င်းင်းတို့၏ ဘဝစက်ဝန်းတစ်လျှောက် အစာ အတွက် ရွှေ့ပြောင်းခြင်း(feeding migration)၊ မျိုးပွားရန်အတွက် ရွှေ့ပြောင်းခြင်း (spawning migration) နှင့် ဆောင်းခိုရန် ရွှေ့ပြောင်းခြင်း (over wintering migration) စသည့်ရွှေ့ ပြောင်းခြင်း (၃)ရပ်ဖြင့် နေ ထိုင်ကျက် စားလေ့ရှိရာ ငါးတို့၏ သဘာ၀ အခြေအနေကို ကျွမ်း ကျင် ပိုင်နိုင်စွာ သိရှိထား မ ှ သ ာ လျှင်ငါးဖမ်း ဆီးခြင်း လုပ်ငန်း၌ ငါးအထိ၊ အမိ ပိုမိုလာနိုင် မည်ဖြစ်ပါသည်။                      မိုးနှောင်းရာသီ(post monsoon) ဖြစ်သော (သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ)များတွင် ဆောင်းဦး ရာသီကို ကူးပြောင်း ရောက်ရှိတော့ မည်ဖြစ်ကြောင်း ရေသတ္တဝါများက သဘာဝအသိမှ ရရှိသဖြင့် အုပ်စု လိုက် နေတတ်သော ငါးမျိုးစိပ် အချို့သည် ဆောင်းခိုရန်ရွှေ့ပြောင်းခြင်းကို စတင်ပြီ ဖြစ်ပါသည်။                      ထိုသို့ ရွှေ့ပြောင်းခြင်း ဆောင်ရွက် ရာ၌ အချို့ငါးမျိုးများသည် ရေချိုတွင် လည်းကောင်း၊ အချို့မှာ ရေချို ဒေသမှ ရေချို/ရေငန်စပ်ဒေသသို့လည်းကောင်း၊ ရေငန်မှ ရေချိုသို့ လည်းကောင်း စုန် ဆင်းဆန်တက်ခြင်း၊ ရေစီးကြောင်းနှင့် အတူ မျောပါခြင်း၊ အလေ့အထ အမျိုး မျိုး ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ချောင်းအတွင်း အုပ်စု လိုက် နေထိုင်သော ငါးဇင်ရိုင်းများ ရေပေါ်ဆန်တက် ကူးခတ်မှုသတင်း ဖြစ်စဉ်သည်ငါးတို့၏ သဘာဝနေထိုင် ကျက်စားရင်း ၎င်းင်းကြိုက်နှစ်သက်မှု မရှိ သော သဘာ၀၀န်းကျင်ကို ရင်ဆိုင်ရ ချိန်နှင့် တိုက်ဆိုင်မှုပင်ဖြစ်ကြောင်း တွေ့ ရှိရပါသည်။                      ဒီရေအတက်အကျရှိသော ပုဇွန် တောင်ချောင်းတွင် ပတ်ဝန်းကျင် မြို့ပြ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စွန့်ပစ် ပစ္စည်းများပြားခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြလူနေမှုစနစ်ကြောင့် ရေထုညစ် ညမ်းမှုဖြစ်ပေါ်နိုင်ပြီး၊ ရေစစ်ချိန် (ရေ အကျဆုံးအချိန်)ဖြစ်ခြင်း၊ မြို့ပြစွန့်ပစ် ပစ္စည်းများကြောင့် အနည်ကျရွှံ့နွံများ ပြားပြီး ရေသတ္တဝါများ နေထိုင်ကျက် စားရန် ရေလွှာ၊ ရေထုနည်းပါးလာခြင်း၊ ရွှံ့နွံများကြောင့် ရေနောက်ကျိမှု များ ပြားခြင်းများ ဖြစ်ပေါ်ကာ ငါး များ၏ ရွှေ့ပြောင်း ရာလမ်းကြောင်း တွင်အဟန့်အတားဖြစ်ပေါ်ခဲ့ရကြောင်း တွေ့ရှိရပါသည်။                        ငါးများသည် အပူချိန် ရုတ်တရက် ပြောင်းလဲခြင်း၊ ရေ၏ချဉ်ဖန်နှုန်း (စံ) ရုတ်ချည်းပြောင်းလဲမှုဒဏ်ကို ခံ နိုင်ရည်မရှိပါ။ ထို့အတူ ရေထုညစ်ညမ်းခြင်း ကြောင့်ရေတွင်အောက်ဆီဂျင် ပျော်ဝင် မှု နည်းပါးခြင်း၊ အောက်ဆီဂျင် ပြတ် တောက်ခြင်းကို ခံနိုင်ရည်မရှိပါ။ ရေထဲ တွင် ပျော်ဝင်နေသော အောက်ဆီဂျင် ကို ပါးဟက်မျှင်များမှတစ်ဆင့် စုပ်ယူ ကြရာတွင် ရေနောက်ကျိမှု၊ ရေထုညစ်ညမ်းမှုကြောင့် ရေစစ် (filter) ကဲ့သို့ ဖြစ်သော ပါးဟက်မျှင်များတွင် ပိတ် ဆို့ မှုဖြစ်ပွားကာ အသက် ရှင်သန်ရပ် တည်ရန် ပိုမိုခက်ခဲစွာ ရုန်းကန်ရလေ့ ရှိပါသည်။                        ပုဇွန်တောင်ချောင်းတွင် အုပ်စု လိုက် ရေပေါ်မျောပါနေသော ငါးဇင် ရိုင်းအုပ်သည် သာမန်ထက် ပိုမို ပူပြင်းသော နေအပူချိန်ကြောင့် ရေ အပူချိန် ရုတ်တရက်မြင့်တက်မှုကို ရုတ်တရက် ကြုံတွေ့ရသဖြင့် လည်းကောင်း၊ ငါးဇင် ရိုင်းအများဆုံးတွေ့ရှိရ ခြင်းမှာ ရေပေါ် လွှာနေထိုင်ကျက်စား ငါးဖြစ်ခြင်း၊ အုပ် စုလိုက် ရွှေ့ပြောင်းနေထိုင်တတ်ခြင်း၊ အောက်ဆီဂျင်ပြတ် တောက်ချိန်တွင်သိုလှောင် အောက်ဆီဂျင် (air bladder) ပမာဏသေးငယ်ခြင်း ကြောင့် လည်းကောင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သုံးသပ်ထားသည် ကို တွေ့ရှိရပါသည်။                         အဆိုပါဖြစ်စဉ်ကဲ့သို့ အလား တူ ဖြစ်ရပ် ၂၀၀၅ ခုနှစ်တွင် သုံးခွမြို့ နယ် သောက်ရေကန်၌ ငါးများ နေ့စဉ် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကို ငါးလုပ်ငန်း ဦးစီးဌာနမှ ရေ/မြေ စစ်ဆေးဆောင်ရွက်ခဲ့ ရာ လွန်ခဲ့သော ၃၅နှစ်တာ ကာလက ပင် ကန် ပြန်ဆယ်တင်မှုမရှိခြင်း၊ ရေကန်အနီး စိုက်ပျိုးထားသော သစ်ပင် များမှ ရွက်ကြွေများ ကန်အတွင်း ကျ ရောက်၍ ဖက်ဆိုးရေအဖြစ် ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လုပ်မှု များပြား ခြင်းကြောင့် တီလားဗီးယား၊ ငါးခူ၊ ငါးရံ့ ကဲ့သို့ ငါးမျိုးများ သေဆုံးသွားခြင်း၊ အဆိုပါ ရွက်ပုတ် ရွှံ့နွံများကို ဖယ်ရှား လိုက်မှသာ ရေထုညစ်ညမ်းမှု မရှိဘဲ ငါးသေဆုံးမှု မရှိတော့ကြောင်း သိရှိရပါသည်။                   မြန်မာနိုင်ငံတွင် ရှေးယခင် က ငါး ဖမ်းဆီးရာတွင် ငါးများမူးမော် ထိုင်းမှိုင် စေသည့် ထုံး၊ ဘုံလုံသီး၊ ကျီးခေါက်၊ မဟာဂါကဲ့သို့သော သဘာဝထွက် ပစ္စည်းများ ရေတွင်ပျံ့နှံ့စိမ့်ဝင်စေ ခြင်းဖြင့် ငါးဖမ်းခြင်း၊ အင်ဒရင်း၊ ဝါဆေးရည်၊ မာလာသီယွန်ကဲ့သို့သော ငါးများ သေကြေ ပျက်စီးစေနိုင်သည့် ဓာတုဗေဒပစ္စည်းများ ရေတွင်ပျံ့နှံ့ စီးဆင်းစေခြင်းဖြင့် ငါးဖမ်းခြင်းများကို ဆောင်ရွက်ခဲ့ကြသော်လည်း မြစ် ချောင်း၊ အင်းအိုင်များကို မှီခိုနေသည့် ပတ်ဝန်းကျင်လူထု၊ ကျွဲနွား၊ သားငှက် ထိခိုက်မှုရှိသဖြင့် တရားမဝင်နည်းလမ်း များအဖြစ် သတ်မှတ်ကာ ဥပဒေဖြင့် ကာကွယ်ပေးခဲ့ခြင်း၊  ပြစ်မှုကျူးလွန်သူများကို အရေးယူခြင်း ဆောင်ရွက်ခဲ့ သဖြင့် ယခင်ဓလေ့ထုံးစံ ဆေးချ ငါး ဖမ်းနည်းပပျောက်လျော့နည်းသွား ပြီဖြစ်ပါသည်။                         ထိုကဲ့သို့ အဆိပ်ချ ခြင်းဖြင့် အဆိပ်မိ ငါးများ သည် အုပ်စုအလိုက် နေထိုင်နိုင်စွမ်း မရှိတော့ခြင်း၊ ဆောက်တည်ရာမဲ့ ဦးခေါင်းအောက်စိုက်၍ ဆန်ကောဝိုင်းကဲ့သို့ လည်နေ တတ်ခြင်း၊ ရှင်သန်ရပ် တည်နိုင်စွမ်း နည်းပါး၍ အချိန်တို အတွင်း သေဆုံးတတ်ခြင်း၊ မိနစ်ပိုင်းမျှ ဖြင့် ပုပ်သိုး ဆွေးမြေ့လွယ်ခြင်း၊ ၎င်းင်း ဝန်းကျင်တွင် ရေပျော်ငှက်တို့ ဝဲပျံနေတတ်ခြင်း၊ စားသုံးပါက ငှက်များပင် သေကြေတတ် ခြင်း ဖြစ်ပေါ်လေ့ရှိရာ ယခုငါးဇင်ရိုင်း များ ရင်ဆိုင်ရသည့် အဟန့်အတားနှင့် ကွဲလွဲလျက်ရှိ ကြောင်းတွေ့ရှိရပါသည်။                        ပုဇွန်တောင်ချောင်းတွင် ငါးဇင် ရိုင်း အုပ်စုများ ရေပေါ်ဆန်တက်နေ ခြင်းသည် ရွှေ့ပြောင်းခြင်း ၃မျိုး အနက် ရာသီနှင့်ကိုက်ညီသော ရွှေ့ ပြောင်းခြင်း ကို ဆောင်ရွက်ရင်း၊ ရာသီဥတု ပြောင်း လဲလာမှု သဘာ၀ ပတ်ဝန်းကျင်ရေထု ညစ်ညမ်းမှု၊အောက်ဆီဂျင်ပြတ်တောက် မှုများကြောင့် အရင်းခံဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။                          ပတ်ဝန်းကျင် ရေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရန်နှင့် ရေနေသတ္တဝါများ အတွက် အသက်ရှင်သန်ရေး အားထား ရာ ရေတွင်ပျော်ဝင်သည့် အောက်ဆီ ဂျင် ပြတ်တောက်မှုမရှိစေရေး၊ မြို့ပြ နေပြည်သူများမှ စနစ်တကျ အမှိုက်စွန့် ပစ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ် ပစ္စည်းများ ပုပ်သိုးလွယ်စွန့်ပယ်ပစ္စည်း များ၊ ပလတ်စတစ်၊ ဖော့ပုံးကဲ့သို့သော အထောက်အကူပစ္စည်းများ ကမ်းတွင်း နှင့် ရေတွင် စွန့်ပစ်ခြင်း၊ လောင်စာဆီ သုံးရေယာဉ်များနှင့် ဓါတ်ငွေ့သုံးစက်ရုံ များမှ ဖိတ်စင်ယိုကျမှုဖြစ်ပေါ်ခြင်းများ ကို တာဝန်သိသော၊ တာဝန်ယူတတ် သော အသိစိတ်ဓာတ်ဖြင့် ထိန်းသိမ်း ရှောင်ကျဉ်ခြင်းဖြင့် ရေပျော်ငါးကလေး များ၏ ကမ္ဘာ ကို စာနာ စိတ်ထား ထိန်းသိမ်း ကာကွယ် သင့်ပါကြောင်း ဖော်ပြအပ်ပါသည်။