Main menu

Background

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ နိုင်ငံခြားကုန်သွယ်မှု ကျဆင်း

Sun, 12/18/2011 - 10:50 -- Anonymous (not verified)

     ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ယခင်လ ထက် ၇ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၇ဒသမ ၄၉ ဘီလီယံရှိခဲ့သည်။ သွင်းကုန်တင်သွင်းမှုသည် နှစ်အလိုက် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၀ဒသမ ၄၆ ဘီလီယံရှိခဲ့ခြင်းကြောင့်  စုစုပေါင်း ကုန် သွယ်မှုတန်ဖိုးသည် ယခင်လထက် ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ ဘီလီယံသာရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန (MOC) မှ တရားဝင်ထုတ်ပြန်ခဲ့သည်။သို့ရာတွင် ၂၀၁၁ ခုနှစ် တစ်နှစ်လုံးအတွက် တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅  ထရီလီယံအထိ ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။ဇာစ်မြစ်-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံးဟောင်ကောင်မြို့