Main menu

Background

ဆေးဘက်ဝင် ဆင်ရွေးစေ့အရွက်များ ပြည်ပဈေးကွက် ပိုမိုရလို

Mon, 01/16/2012 - 07:31 -- Anonymous (not verified)

အနီရောင်ပေါ် အနက်စက်လေးပါတဲ့ ရွေးလေးအဖြစ်  အသိများတဲ့ ဆင်ရွေးစေ့ပင်ရဲ့ အရွက်နဲ့ အစေ့ဟာ ဆေးဘက်ဝင်တဲ့အတွက် ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုဖို့ တရုတ်နိုင်ငံမှ ဝယ်ယူလာရာ ဈေးကောင်း ရလာခဲ့ ပါတယ်။ ဒါကြောင့် ယခင်က အလေ့ကျပေါက်ရာမှ ယခုအခါ အရာတော်မြို့နယ်မှ စနစ်တကျ စိုက်ပျိုးပြီး၊ အများဆုံး စိုက်တဲ့ ကံသာနဲ့တောင်မွှာကျေးရွာများအပါအဝင် စိုက်ဧကပေါင်း ၇၀၀ ကျော်ရှိကြောင်း သိရပါတယ်။ ဆင်ရွေး စေ့များကို တိုက်ရိုက်မျိုးစေ့ချပြီး၊ အခင်းလိုက်၊ ဧကအလိုက်စိုက်ပျိုးကြရာမှာ ပင်တန်းကြားများမှာ ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့ကို ရာသီအလိုက် သီးညှပ်စိုက်ပျိုးထားကြပါတယ်။ အပင်တစ်နှစ်သားမှစပြီး အရွက်ခူးနိုင်ပြီး ၁ နှစ်မှာ သုံးကြိမ်ခန့် ရိတ်သိမ်းနိုင်ရာ တစ်ဧကကိုတစ်ကြိမ် ပိဿာ ၁၈၀ ခန့်ထွက်ရှိကြောင်း သိရပါတယ်။ ဆင်ရွေးစေ့ တစ်ပြည်ကို ၂၀၀၀ ကျပ်ခန့်ဖြစ်ပြီး၊ ယခင်နှစ်က အရွက်ခြောက် တစ်ပိဿာ ၁၂၀၀ ကျပ်ရရှိခဲ့ သော်လည်း ယခုနှစ်မှာ တစ်ပိဿာ ၅၀၀ ကျပ်ခန့်သာ ဈေးကွက်ရှိကြောင်း သိရပါတယ်။ တစ်ပိဿာကို ၃၀၀ ကျပ် အောက်ရောက်ရင်တော့ စိုက်ပျိုးစရိတ်မကိုက်တော့လို့ ဖျက်သိမ်းရတော့မှာဖြစ်ကြောင်း၊ ဈေးကွက်ပြန်လည် ကောင်းစေလိုပါကြောင်း၊ စိုက်ပျိုးသူတောင်သူတစ်ဦးက ပြောကြားပါတယ်။ ပြည်ပမှ ဆင်ရွေးစေ့၊ အရွက်ဝယ်လို အားပေါ်မူတည်ပြီး စိုက်ပျိုးထုတ်လုပ်ရန် အသင့်ရှိနေသောကြောင့် ဆေးဘက်ဝင်လို့ တန်ဖိုးထားပြီး၊ ဝယ်ယူမည့် သူများ၊ နထစသမအ ပြုလုပ်လိုသူများ ထုတ်လုပ်ရောင်းချလိုသူများ အချိတ်အဆက်မိမိဆောင်ရွက်သွားပါမှ ပိုမိုဈေးကွက် ဝင်လာပြီး ဈေးကောင်းရရှိလာမှာဖြစ်ပါတယ်။                                                 ရီလင်းထွဋ်