Main menu

Background

ပခုက္ကူက မန်ကျည်းဈေးကွက်မှသည် ကုန်ထုတ်လုပ်ရေးသို့

Mon, 03/05/2012 - 05:06 -- Anonymous (not verified)

ပခုက္ကူမြို့နယ်တစ်ဝိုက် မြိုင်၊ ကမ္မ စတဲ့နယ်တွေက မန်ကျည်းမှည့်တွေ နေ့စဉ်ဝယ်နေကျပွဲရုံတွေမှာ ဝင်နေပါပြီ၊ ပခုက္ကူမှာ မန်ကျည်းမှည့်ကို အခွံခွာအကြောသင်ပြီးမှ ရောင်းဝယ်လေ့ရှိပါတယ်။ မနှစ်ကဒီရက်မှာ မန်ကျည်းတစ်ပိဿာကို ကျပ် ၁၀၅၀ ဈေးဖြစ်ခဲ့ပေမဲ့ ယခုနှစ်တော့ ၄၀၅ ကျပ်ထိရောက်ရှိပါတယ်။ မနှစ်က မန်ကျည်းရှားချိန်မှာ ကျပ် ၁၆၀၀ ထိရောက်ခဲ့ပြီး ယခုနှစ်တော့ မန်ကျည်းအထွက်ပိုမယ်လို့ ပခုက္ကူက မန်ကျည်း၊ ထန်းလျက်၊ ပဲမျိုးစုံကုန်သည် ဦးစိုးနိုင်က ရှင်းပြပါတယ်။နယ်ပွဲစား၊ နယ်တောင်သူတွေက ရောင်းနေကျပွဲရုံမှာ ရောင်းပြီးရင် မန်ကျည်းကိုင်နေကျ ပွဲစားကိုတစ်ဆင့် ပြန်ရောင်းရ ပါတယ်။ ကိုင်နေကျ မန်ကျည်းပွဲစားမှာတော့ တရုတ်ပြည်နယ်စပ်က တရုတ်ဝယ်လက်များနဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ ပုံစံအမျိုးမျိုးနဲ့လာတဲ့ မန်ကျည်းတွေကို ပလတ်စတစ်အိတ်နဲ့ ၁၀ ပိဿာထုပ်ကလေးတွေခွဲထုပ်၊ တစ်အိတ်မှာ ၃ ထုပ်ထည့် ကာ တရုတ်ပြည်ကို တင်ပို့ရတယ်လို့ သိရပါတယ်။မန်ကျည်းကိုတင်ပို့ရောင်းချရတာဟာ ကုန်ကြမ်းအဖြစ်တင်ပို့ရတဲ့ ပစ္စည်းများထဲက တစ်မျိုးအပါအဝင်ဖြစ် ပြီး တရုတ် ဘက်က စက်ရုံအလုပ်ရုံတွေမှာ စားသောက်ကုန်၊ ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ပြီး ထုပ်ပိုးမှုလှလှပပနဲ့ ဆွဲဆောင်မှုကောင်း ကောင်းနဲ့ သွားရည်စာအဖြစ် ပြန်ဝင်ခဲ့ရင်လဲ ကျွန်တော်တို့ ကိုရွှေမြန်မာများက မန်ကျည်း ၂ တောင့်စာလောက်ကို မြန်မာငွေ ကျပ် ၅၀၀- ကျပ် ၁၀၀၀ လောက်နဲ့ မက်မက်မောမော ဝယ်ယူအားပေး စားသုံးနေကြဦးမှာပါ။ ဒါကြောင့် ဈေးကွက်ကရှိပြီးသား နည်းပညာသာလိုက်မီနိုင်မယ်ဆိုရင် ကိုယ့်ကုန်ကြမ်းကို Value added  ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ပြီး သွင်းကုန်အစားထိုးရာရောက်လို့ ပြည်ပ ငွေယိုပေါက်ပိတ်နိုင်ကာ Export ပါလုပ်နိုင်ရင် ပြည်ပဝင်ငွေပါ ရနိုင်တာမို့ ထုတ်လုပ်မှု Production ဘက်ကိုလည်း အလေးပေးကြဖို့ တင်ပြလိုက်ရပါတယ်။         မောင်မောင်အေး