Main menu

Background

ကမ္ဘာ့ရေနံစိမ်းဈေးကွက်

Thu, 04/01/2010 - 07:53 -- Anonymous (not verified)

     ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာတော့ အိုပက်အဖွဲ့ရဲ့ (၁၅၆)ကြိမ်မြောက် အစည်းအဝေးမှာ လက်ရှိထုတ်လုပ်မှု ကိုတာကို မပြောင်းလဲဘဲ ဆက်ထုတ်ဖို့ သဘော တူညီခဲ့ပါတယ်။ ဒါ့အပြင် အာရှတိုက်ရဲ့ ရေနံဝယ်လိုအားကို လေ့လာရင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးနာလန်ထူလာမှုတို့ကြောင့် ရေနံဈေးကွက်မှာ ဝယ်လိုအားတိုးလာမှာလို့ တွက်ဆ ကြပါတယ်။      ''ဈေးကွက်ကို အနီးကပ်လေ့လာတဲ့အခါမှာ ၂ဝဝ၈  ခုနှစ်က ရေနံဈေး ကျသွားခဲ့တယ်။ အဲဒီအချိန်ကတည်းက အိုပက်က ၎င်းရဲ့ ထုတ်လုပ်မှုအပေါ် ပြန်လေ့လာပြီး တစ်နေ့ ကိုစည်ပေါင်း ၄ ဒသမ ၂ သန်း လျှော့ထုတ်ခဲ့တယ်။ လက်ရှိ တစ်နေ့ကိုစည်ပေါင်း ၂၄ ဒသမ ၈ သန်းဝန်းကျင်နဲ့ ထိန်းခုျပ်ထားမယ်လို့ အိုပက်အစည်းအဝေးမှာ အလှည့်ကျ သဘာပတိ အီကွေဒေါနိုင်ငံ ရေနံစွမ်းအင် ဝန်ကြီး Troya  ကပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်တွေ အားကောင်းလာတာနဲ့အမျှ လက်ရှိ ထုတ်လုပ်မှုများအပေါ် ပြန်လည် ဆွေးနွေးအဖြေရှာမှုတွေလည်း ဖြစ်လာ နိုင်တယ်'' လို့ ကမ္ဘာ့ဈေးကွက်က သုံးသပ်ကြပါတယ်။  ယခုအပတ်အတွင်း နယူးယောက်ဈေးကွက်မှာတော့ ရေနံစိမ်းတစ်စည်လျှင် ကန်ဒေါ်လာ ၇၉-၈ဝ ဒေါ်လာအတွင်းမှာ  ကြိုပွိုင့် ရောင်းဝယ်ခဲ့ပါတယ်။