Main menu

Background

စားအုန်းဆီလက်ကားဈေး အနည်းငယ်ကျဆင်း

Thu, 04/01/2010 - 08:09 -- Anonymous (not verified)

     စားအုန်းဆီကိုယ်စားလှယ်ကြီးများရဲ့ အရောင်းဆိုင်ဈေး မပြောင်းလဲသော်လည်း လက်ကားဈေးအနည်းငယ်ကျဆင်းသွားကြောင်း ဘုရင့်နောင်ရှိ ဆီကုန်သည်ကြီးများက ပြောပါတယ်။     ''စားအုန်းဆီကိုယ်စားလှယ်ခွဲတမ်းက အခုလ ၅ ပတ်ရှိတဲ့အတွက် ကျန်တဲ့ ၃ ပတ်မှာ တစ်ပတ်ကို ၂ ပေပါပဲရတဲ့အတွက် ပြီးခဲ့တဲ့အပတ်က ဈေးနည်းနည်းတက်သွားခဲ့ တယ်။ ကိုယ်စားလှယ်ဈေးတက်ပေမဲ့ လက်ကားဈေးကွက်မှာ တော့ သိပ်မတက်ဘူး၊ အခုတစ်ပတ်ဆို နည်းနည်းကျသွားတယ်။အခုဆို တစ် ပိဿာ ၃ဝကျပ် ၄ဝ ကျပ် ဝန်းကျင်ကျသွားတယ်။ ဒီလကုန်ကစပြီး ခွဲတန်းက တစ်ပတ်ကို ၃ ပေပါ ပြန်ဖြစ်သွားမယ်။ ဒါဆို ဈေးနှုန်းထပ်ကျမယ်ထင်တယ်''ဟု အဆိုပါ ကုန်သည်များက ထပ်မံပြော ပါတယ်။     အခြားစားသုံးဆီဖြစ်တဲ့ ပဲဆီမှာ ဈေးအနည်းငယ်တက်နေပြီး ပုံးဆွဲ ဆီများ ပိုမိုဈေးတက်လာကြောင်း၊ ချိန်ဆီများမှာ ၂၆ဝဝကျပ်မှ ၃ဝဝဝ ကျပ်ကြားရှိနေကြောင်း ပုံးဆွဲဆီများမှာ နာမည်ပေါ်မူတည်ပြီး ၃၂ဝဝ ကျပ်မှ ၃၆ဝဝ ကျပ် အထိ ဈေးရှိကြောင်း သိရပါတယ်။ လွင်လွင်မိုး