Main menu

Background

စိန်ဈေးနှုန်းပြည်ပတွင်တက်သော်လည်း ပြည်တွင်း ဈေးငြိမ်နေ

Thu, 04/01/2010 - 07:43 -- Anonymous (not verified)

     ယခုတစ်ပတ် စိန်ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ပုံမှန်သာရှိနေပြီး၊ ဈေးနှုန်းမှာလည်း ပြည်ပနိုင်ငံတွင် ဈေးတက်သော်လည်း ပြည်တွင်းဈေးကွက်တွင် ငွေကြေး ခိုင်မာမှုကြောင့် ဈေးငြိမ်နေကြောင်း စီအမ်စိန်ရောင်းဝယ်ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။      ''အခုဈေးကွက်ကတော့ ပုံမှန်ပါပဲ၊ သြင်္ကန်နီးလာတဲ့အတွက် ပွဲစားတွေ ကလည်း ပစ္စည်းသိပ်မပေးတော့ဘူး။ တစ်ဆင့်ကနေ တစ်ဆင့်ပေးမရောင်းတော့ဘူး။ သြင်္ကန်မှာ တချို့က အရောင်းအဝယ်စကားပြောရင် စိတ်ဆိုးကြတယ်။ နောက်ပြီး သြင်္ကန်ပွဲတော်ရက်ခံနေတော့ ပေးလိုက်တဲ့ပစ္စည်းတွေ အလာကြာနေတတ်တယ်။ တစ်ကယ်လို့ အလုပ် ပြန်လုပ်ရင်လည်း မေ၊ ဇွန်၊ ဇူလိုင်လလောက်ဆို ပြန်စလုပ်ကြပြီ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း တစ်နှစ်လုံးကို စိန်ကဖြေးဖြေးနဲ့ ပုံမှန်ပဲရှိတယ်။ နာဂစ်နောက်ပိုင်း စီးပွားရေးသမား တွေက အတွက်အချက်၊ အဆိုးအကောင်းကို မျှော်ပြီး လုပ်တတ်လာပြီ'' ဟု ယင်းကပြောသည်။     ယခုစိန်ဈေးကွက်အတွင်း တိုးတက်မှုများရှိလာပြီး ငွေဈေးခိုင်မာမှုကြောင့် ကောင်းသောလက္ခဏာများရှိလာကြောင်း၊ စိန်ဈေးကွက်အတွင်းတွင်လည်း စိန် သန့် အပွင့် ကြီးများကိုသာ ကြိုက်နှစ်သက်ဝယ်ယူလာကြောင်းနှင့် ဆိုင်သမားများပင် မှာယူမှု များလာကြောင်း သိရပါတယ်။                            မင်းသန့်