Main menu

Background

ဈေးပြန်အေးလာတဲ့ ဟင်္သာတမတ်ပဲ

Wed, 09/01/2010 - 03:34 -- Anonymous (not verified)

ဟင်္သာတပဲဈေးကွက်တွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၇၄ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုသြဂုတ်လ စတုတ္ထပတ် တွင် မတ်ပဲဈေးမှာ ၂၇၁ဝဝ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ ယခုအပတ် အရောင်းအဝယ်အနေနဲ့ ခရိုင်အတွင်း မြို့နယ်များမှ ဟင်္သာတပဲဈေးကွက်သို့ ဝင်ရောက်မှု နည်းသွားပြီး ဒေသခံကုန်သည်ကြီးများရဲ့ ရောင်းအားကြောင့်သာ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                                  အေးအေးခိုင်