Main menu

Background

ပုံထွက်ကောင်းဖို့ နည်းပညာသစ်သုံးထားတဲ့ပရိုဂျက်တာ

Thu, 04/01/2010 - 08:23 -- Anonymous (not verified)

   Samsung  တံဆိပ် လုပ်ငန်းသုံး ပရို ဂျက်တာဖြစ်ပါတယ်။ 3-LCD နည်း ပညာ သုံးထားတဲ့အတွက် အလင်းတန်းကို ရောင်ခွဲကြေး မုံတွေ အသုံးပြုပြီး နီပြာစိမ်း အခြေခံ အရောင် သုံးမိုျး ခွဲထွက်စေပြီး တစ်ခုချင်းစီကို ထောင့်မှန် ခိုျးသုံးပွင့်ဆိုင်ထားတဲ့ LCD (HTPS) ကနေ ဖြတ်သန်းစေတာ ဖြစ်ပါတယ်။ နီ၊ ပြာ၊ စိမ်း အလင်းတန်းတွေကို Prism တစ်ခုနဲ့ ပြန်လည်ပေါင်းစပ်စေပြီး မှန်ဘီ လူးကတစ်ဆင့် ပြကွက်ပေါ်သို့ထိုးပြ တာဖြစ်ပါတယ်။     ဒါကြောင့် ဒီပရိုဂျက်တာ SP-L 220-LCD ကထွက်လာတဲ့ ပုံရိပ် တွေဟာ အရောင်အသွေး ပိုစုံပြီး သဘာဝပိုကျပါတယ်။ ပုံရိပ်အနားတွေ မှာ သက်တံံ့ရောင်ထွက်တာမိုျးမရှိပါ ဘူး။ ပုံရိပ်ထိုးပြတဲ့အခါမှာလည်း ပုံမှန် မြင်ကွင်းကနေ မြင်ကွင်းကျယ်ကို လိုသလို ပြောင်းပြနိုင်ပါတယ်။ ၁ မီ တာ ကနေ ၁ဝ မီတာ အကွာအဝေး အတွင်း ပုံရိပ်တွေ ထိုးပြလို့ရပါတယ်။ 3W စတီရီယို စပီကာတွေ ပါပါတယ်။ လျှပ်စစ် အသုံးပြုမှုက 270 Watt ရှိပါတယ်။ အရွယ်အစားက 370 x 179 mm ရှိပါတယ်။ ဗိုလ် တစ်ထောင်မြို့နယ် ဘိုကလေး ဈေး လမ်းက Cystem ဆိုင်မှာ ကျပ် ခုနစ် သိန်းကျော်ဈေးနဲ့ ဝယ်လို့ရပါတယ်။