Main menu

Background

ပဲစင်းငုံဈေးကွက်

Fri, 09/03/2010 - 06:55 -- Anonymous (not verified)

ပဲစင်းငုံဈေး တောက်လျှောက်ဆင်းလာ         ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန် အမြောက်အမြား ရှိနေ ပြီး ပဲခွဲစက်များနဲ့ ကုန်သည်များက အဝယ်မရှိခြင်းကြောင့် ပဲစင်းငုံ ဈေးကတော့ တောက်လျှောက် ဆင်းလာခဲ့ပါတယ်။ လက်ရှိရာသီ ပဲ အထွက်ကောင်းမယ်လို့ ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ လာမယ့် ရက်အနည်းငယ်အတွင်း မိုးရွာသွန်းနိုင်ဖွယ်မရှိနိုင်ခြင်းက သီးနံှ များကို ထိခိုက်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ပဲစင်းငုံ အသစ်ဟာ ဒီဇင်ဘာမှ စတင်ရိတ်သိမ်းရမှာဖြစ်ပြီး ပဲအသစ်ဝင်ချိန်ထိ ပဲလုံ  လောက်နိုင်တာ  ကြောင့် ကာလတိုအတွင်း ဈေးနှုန်းဆက်လက် လျော့ကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထား ပါတယ်-