Main menu

Background

ပြည်တွင်းဈေးကွက်

Thu, 04/01/2010 - 07:26 -- Anonymous (not verified)

     ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေးမှာ ဈေးမာလျက်ပင်ရှိနေပါ တယ်။ ဒီဇယ်ဈေးကတော့ ယခင်ဖေဖော်ဝါရီလက ရောင်းချခဲ့တဲ့ ဈေးဖြစ်တဲ့ တစ်ပေပါလျှင် ကျပ် ၁၅ဝဝဝဝ မှ ၁၅၅ဝဝဝ ဝန်းကျင်အတွင်းမှာပင် ဈေးကွက်တွင် ရောင်းချနေပါတယ်။ ဓာတ်ဆီဈေးက ယခင်လရောင်းဈေးထက် ဈေးပိုမိုကာ တစ် ပေပါလျှင် ကျပ် ၁၇ဝဝဝဝ မှ ၁၈၅ဝဝဝ အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ပြည်တွင်းမြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ ကနေ အက်ဖ်အီးစီဖြင့် ရောင်းချပေးနေသော စက်သုံးဆီဈေးမှာ ယခုအပတ် အတွင်း ဓာတ်ဆီ၊ ဒီဇယ် တစ်ဂါလန်လျှင် အက်ဖ်အီးစီ ၃ ဒသမ ၂ ဒေါ်လာဝန်းကျင်ဖြင့် ဈေးတန်းငြိမ်ငြိမ်ရောင်းချနေပါတယ်။ ဒါပေမဲ့ ပြင်ပ ဈေးကွက်မှာတော့ သြင်္ကန်ကာလနီးကပ်လာပြီဖြစ်တဲ့အတွက် ယခင်နှစ်များကဲ့သို့ ဈေးအတက် မကြမ်းနိုင်ပေမဲ့ အဝယ်အဆွဲကောင်းမှာဖြစ်တဲ့အတွက် တက်ရိပ်ရှိနေကြောင်း ဈေးကွက်ဝယ်လက်များက မှန်းဆပြောဆိုခဲ့ပါတယ်။