Main menu

Background

ရွှေဈေးကွက် မေလလောက်တွင် အရောင်းအဝယ် ပြန်လည်ကောင်းမွန်နိုင်

Sat, 05/01/2010 - 07:48 -- Anonymous (not verified)

   သြင်္ကန်မတိုင်မီကာလအတွင်း ရွှေဈေးကွက် အရောင်းအဝယ် ပြန်လည် ကောင်းမွန်ခဲ့သော်လည်း သြင်္ကန်ပြီးကာလတွင် အရောင်း အဝယ်  အေးလျက်ရှိကြောင်း ရွှေရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။   ယခုအခါတွင် ရွှေဈေးကွက်မှာ သြင်္ကန်ပြီးကာလ ဖြစ်သောကြောင့် အနားယူကြချိန်ဖြစ်၍  အရောင်းအဝယ်အေးနေခြင်းဖြစ်ပြီး မေလလောက်တွင်သာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်နိုင်ကြောင်း သိရသည်။   ''နှစ်စဉ်ဒီအချိန်ဆိုရင် ရွှေဈေးကွက် အရောင်းအဝယ်က အေးနေကြပဲ။ လူတွေက သြင်္ကန်မှာ  ပျော်ကြပြီး  အနားယူကြတဲ့ အချိန် ဆိုတော့ ဝယ်သူလည်း သိပ်မရှိသလို ဆိုင်သမားတွေကလည်း အလုပ်သိပ်မလုပ်ကြသေးဘူး။ နှစ်စဉ် မေလ၊ ဇွန်လလောက်ဆိုရင် တော့ အရောင်းအဝယ်က ပြန်ပြီးကောင်းနေကြပဲ။ ဒီနှစ်လည်း မေလလောက်ဆိုရင် အရောင်းအဝယ် ပြန်ကောင်းမယ်လို့ခန့်မှန်းနေကြ တယ်'' ဟု ယင်းကပြောသည်။   ယခုလတ်တလော ရွှေဈေးကွက်အတွင်း ဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ် သားလျှင် ၅၉၅ဝဝဝ ဝန်းကျင်ရှိကြောင်း၊ ရွှေဝယ် ယူစုဆောင်းသူအများ စုမှာ ကျပ် ခြောက်သိန်းဖြင့် ဝယ်ယူစုဆောင်းမိထားသောကြောင့် ရွှေဈေး ကျပ်ခြောက်သိန်း အထက် ရောက်ရှိ ရန်စောင့်ကြည့်လျက်ရှိကြောင်းနှင့်ရွှေဈေးနှုန်းမှာတစ်ဆယ့်နှစ်ရာသီပွဲတော်များပေါ်မူတည်၍ပြောင်းလဲမှုရှိကြောင်းသိရသည်။                                                       မင်းသန့်