Main menu

Background

ရွှေဈေးနှုန်းများထပ်မံကျဆင်းလာ

Thu, 04/01/2010 - 07:48 -- Anonymous (not verified)

     ယခုလတ်တလော ရွှေဈေးနှုန်းများထပ်မံကျဆင်းလာပြီး အရောင်းအဝယ်မှာလည်း အေးလျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။      ''ရွှေဈေးက ကျဆင်းလာတာနှစ်ပတ်ဆက်တိုက်ရှိနေပြီ။ ငွေက ခိုင်မာလာတဲ့အတွက် ရွှေဈေးကကျလာတာ၊ ဆိုင်သမားတွေဆိုရင်လည်း ကျပ်ခြောက်သိန်းနဲ့ မိထား တဲ့လူတွေများတဲ့အတွက် ယခုဈေးနဲ့ ပြန်ထုတ်ဖို့ ခက်နေကြတယ်။ အခုနေ ထုတ်မယ်ဆိုရင်လည်း အရှုံးခံပြီး ထုတ်မှရမယ်။ ရွှေဈေးနှုန်းအတက်အကျက ဒီအတိုင်းဆိုရင် မှန်းရ ခက်နေတယ်။ ကမ္ဘာ့ရွှေဈေးလည်း ကျလာတယ်။ ရွှေအရောင်းအဝယ်က မေလလောက်မှပုံမှန်ပြန်လည်ပတ်နိုင်မယ်။ သြင်္ကန်အတွက် ပြင်ဆင်နေကြသလို သြင်္ကန်ပြီးသွားရင် လည်း အနားယူဦးမှာဆိုတော့ ဈေးကွက်က မေလလောက်မှ ပြန်ပြီးကောင်းလာနိုင်မယ်'' လို့ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမှာ ယခင်အခေါက် ရွှေတစ်ကျပ်သားလျှင် ၅၉၈၅ဝဝ ကျပ်မှ ၅၉၆၈ဝဝ ကျပ်သို့ ကျဆင်းလာပြီး၊ ယခုအခါ တစ်ကျပ်သားလျှင် ၅၉၅၅ဝဝ ကျပ်သို့ ထပ်မံကျဆင်းလာကြောင်းနှင့် ကမ္ဘာ့ရွှေ ဈေးနှုန်းမှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၂၃ မှ ၁၁ဝ၃ သို့ဆင်းလာကြောင်း သိရပါတယ်။                                  မင်းသန့်