Main menu

Background

လောင်စာဆီနဲ့ ပဲပုပ်ဆီဈေးမြင့်တက်လို့ အာရှစားအုန်းဆီကြမ်းဈေးနှုန်း မြင့်တက်

Thu, 04/01/2010 - 08:13 -- Anonymous (not verified)

     လောင်စာဆီဈေးနဲ့ ပဲပုပ်ဆီဈေး မြင့်တက်ခြင်းအပြင် စားအုန်းဆီ ပြည်ပတင်ပို့မှု ပိုမိုလာတာကြောင့် မတ်လ ၂၅ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။  ဇွန်လစာခုျပ်ဈေးနှုန်းဟာ တစ်တန်ကို ရင်းဂစ် ၁၅ မြင့်တက်ပြီး ရင်းဂစ် ၂၅၇၅ (ကန်ဒေါ်လာ ၇၇၇) ဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ မတ်လ ၁ ရက်မှ ၂၅ ရက်အထိ ပြည်ပတင်ပို့မှုဟာ ယခင်လ ထက် ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၁၁ သန်းခန့်ရှိမယ်လို့ ပြည်ပတင်ပို့သူများက ဆိုပါတယ်။      ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံကလည်း လက်ရှိပြည်ပတင်ပို့ခွန် ၃ ရာခိုင်နှုန်းမှ ဧပြီလမှာ ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။လက်ငင်းဈေးကွက်မှာ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာအတွက် စားအုန်းဆီခဲဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၇၉၂ဒသမ ၅ဝ ဈေးရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ သင်္ဘောတင်အတွက် စားအုန်း ဆီကြမ်း လက်ငင်းဈေးကလည်း တစ်တန်ကို ရင်းဂစ် ၃ဝ မြင့်တက်ပြီး ရင်းဂစ် ၂၆၄ဝ (ကန်ဒေါ်လာ ၇၉၇) ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ယုဇန Sources: moneycontrol.com