Main menu

Background

Monday, 1 Apr 2024

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော     စိုက်ပျိုးရေးလုပ်ငန်းများတွင် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းသည်  တစ်ခုအပါ အဝင်ဖြစ်သည်။         ယခင်နှစ်ပေါင်းများစွာက ကွမ်းသီးအမှည့်အရင့်ကိုသာ   ရောင်းဝယ်ခဲ့ကြ သည်။  ယခုအခါတွင် ဈေးကွက်ဝယ်လိုအားရှိသော ကွမ်းသီးနုများမှာ အရောင်းအဝယ်ဖြစ်၍ ကွမ်းသီး စိုက်တောင်သူများအတွက်  များစွာ အထောက် အကူပြုလျက်ရှိသည်။

Monday, 4 Mar 2024

ယောဒေသထွက်လုံချည်ကွင်းများကို ယော ဒေသဖြစ်သော ဂန့်ဂေါမြို့ပေါ်တွင်သာမက နယ် များတွင်လည်း ယောလုံချည် “ကျား”ဝတ်၊ “မ”ဝတ် များ ရက်လုပ်လျက်ရှိသည်။ ယောလုံချည်  ကျား ဝတ်၊ မဝတ်များကို အသုံးပြုသော   ချည်များမှာ အများအားဖြင့် အိန္ဒိယ ချည်များကို  အသုံးပြုကြ ပြီး အပွင့်ကောက်လေးများကို ပိုးချည်၊ ရိုးရိုးချည် များကို အသုံးပြု၍ ရက်လုပ်ကြသည်။  ယောချည် ထည်များ ယက်လုပ်ရာတွင်  “မ”ဝတ်ပွင့်ကောက် လုံကွင်းများကို တစ်ရက်လျှင်   တစ်ထည်နှုန်းဖြင့် တောင်သူလုပ်ငန်းများနှင့်တွဲဖက်၍ လုပ်ကိုင်ကြ သည်။   လုပ်သားခအနေဖြင့် လုံချည်အမျိုးအစား လိုက်၍ တစ်ကွင်းလျှင်   ကျပ်  ၅၀ဝ၀  မှ  ၁၀ဝ၀ဝထိ ရှိကြောင်း ရက်ကန်း လ

Monday, 5 Feb 2024

ဆောင်းနေကြာ
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်း ရေရှားရပ်ဝန်းတွင်တည်ရှိပြီး   ရေမြေရာသီဥတုအခြေအနေအရ စပါးစိုက်ဧကနည်းပြီးဝမ်းစာဖူလုံအောင်စိုက်ပျိုးနိုင်ခြင်းမရှိသော် လည်း ဆီထွက်သီးနှံများဖြစ်သည့် ဆီထွက်သီးနှံ၊ပဲမျိုးစုံ၊ ဝါ၊ နေကြာ နှင့် ကြက်သွန်နီသီးနှံများ   အဓိကထားစိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။

Monday, 5 Feb 2024

ဗိုလ်ကိတ်
ပြည်ပဲဈေးကွက်မှာ ဆောင်းပဲသီးနှံတစ်မျိုး ဖြစ်သည့် ဗိုလ်ကိတ်ပဲသီးနှံကလည်း နေ့စဉ်ဝင်ရောက် လျက်ရှိသည်ကို တွေ့ရသည်။ ပြည်အနီးတစ်ဝိုက် ဒေသများမှ ဝင်ရောက်ကြပြီး   လက်လီလက်ကား ရောင်းဝယ်မှုဖြစ်သည်ဟု  သိရသည်။ ပဲအဝင် နေ့စဉ်အိတ် ၅၀ ကျော် ၁၀ဝအဝင်ရှိသလို လက်လီ အပြင် လက်ကား သမားများလည်း ဝယ်ယူကြသည့် အတွက် အဝင်ရှိသလောက်  အရောင်းအဝယ်ဖြစ် ခဲ့သည်။

Monday, 15 Jan 2024

တောင်ငူခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် စားသုံးသူရေးရာ  ဦးစီး ဌာန  တောင်ငူခရိုင်   ဦးစီးမှူးတို့သည် ဇန်နဝါရီလ ၈ ရက်     မွန်းလွဲပိုင်းက တောင်ငူခရိုင်    ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ    ကော်ဖီလုပ်ငန်းသို့  သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် စားသုံးသူရေးရာဦးစီးဌာန   ခရိုင် ဦးစီးမှူးတို့သည်  ကော်ဖီစက်ရုံအတွင်း ကော်ဖီစေ့အခွံချွတ်ခြင်း၊    ကော်ဖီစေ့ လှော်ခြင်း၊     ကော်ဖီမှုန့်ကြိတ်ခွဲခြင်း စသည့်      ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ထုပ်ပိုးမှုစနစ် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်   ထုပ်ပိုးမှုစနစ် ကို ကောင်းမွန်အောင်  

Monday, 15 Jan 2024

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းတွင် အိုးလုပ်ငန်းလုပ်ကိုင်သော ဖောင်း ကံရွာလေး တည်ရှိသည်။ ထိုဖောင်းကံရွာလေးသည်  အိုးလုပ်ငန်း ကို မိရိုးဖလာလုပ်ကိုင်လျက်ရှိရာ နှစ်ပေါင်းများစွာ  ကြာမြင့်ခဲ့ပြီးဖြစ် သည်။ ထိုရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူ  ၅၀ ဦးထက်မနည်းရှိပြီး စီးပွားဖြစ် လုပ်ကိုင်ကြသည်။ 

Monday, 1 Jan 2024

အုန်းပင်သည်  မြန်မာနိုင်ငံအနှံ့တွင် ပေါများစွာ ပေါက်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝပေါက်ရောက်သည့် အပင်နှင့် ပြုပြင်မွမ်းမံ၍ စိုက်ပျိုးရရှိသော အုန်းပင်များစွာရှိသည်။ 

Wednesday, 20 Dec 2023

လိမ္မော်သီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ယခုလို မိုးအကုန်ဆောင်းအကူးရာသီဥတုတွင် ပေါ်ဦးပေါ်ဖျားဖြစ်သော ရာသီစာ သီးနှံတစ်မျိုးဖြစ်ပြီး ရှမ်း(တောင်)၏ဈေးကွက်တွင် ဈေးကောင်းရရှိနေသောအသီးတစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် လိမ္မော်သီးကိုရပ်စောက်မြို့၊ ရွာငံ၊ ပင်လောင်း၊ တောင်ကြီးမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပြီး တောင်ကြီးမြို့ရှိ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းကျေးရွာမှထွက်ရှိသော လိမ္မော်သီးမှာအလုံးကြီး၍ အရသာချိုကြောင်း သိရှိရသည်။ကျောက်တလုံးလိမ္မော်သီးသည် လိမ္မော်ပင်များမှ ကိုင်းဆက် မစိုက်ပျိုးခြင်းမဟုတ်ဘဲ သဘာဝအတိုင်း စိုက်ပျိုးကြခြင်းဖြစ်သ

Wednesday, 20 Dec 2023

ကရင်ပြည်နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစား ပြောင်းကိုလည်း တောင်သူများအနေဖြင့် စီးပွားဖြစ် စိုက်ပျိုးကြ သည်။ စိုက်ပျိုးမှုအနေဖြင့်၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင်ဖူးစား ပြောင်း ၂၄၈၆ ဧက စိုက်ပျိုးထားရှိကြောင်း  လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ   သိရှိရ သည်။  ဖူးစားပြောင်း စိုက်ပျိုးမှုတွင် တစ်ဧက ကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း ကျပ် ၄၈၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊ ဖူးစားပြောင်းကို ဘားအံခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်နှင့် မြဝတီခရိုင်တို့တွင် စီးပွားဖြစ်  စိုက် ပျိုးကြပြီး ကျန်ခရိုင်များတွင်လည်း မိသားစုစားသုံးရန်အတ

Wednesday, 20 Dec 2023

တိုက်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြသော်လည်း စိုက်ပျိုး ရေးလုပ်ငန်းတွင် မပါမဖြစ် တောင်သူကြီးများ အသုံးပြုသော ခမောက်လုပ်ငန်းကိုလည်း လုပ်ကိုင် ဆောင်ရွက်ကြသည်။ 

Pages