Main menu

Background

Monday, 5 Jun 2023

ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခု သည် ရင်းနှီးငွေတိုးချဲ့ ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေမည်ဆို သည်ကို စဉ်းစားရာတွင် ထုတ်ဝေနိုင်သော အမျိုးအစားနှင့် နည်း လမ်းမျိုးစုံကို  တွေ့မြင်နိုင်သည်။ အဆိုပါ နည်းလမ်းများကို ထုတ်ဝေမည့်ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ ဆွေးနွေးကာ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ကြရန်လိုအပ်သည်။ အထူး သဖြင့် ငွေချေးစာချုပ်များ ထုတ်ဝေမည်လား၊ စတော့ရှယ်ယာ များ ထုတ် ဝေမည်လား၊ ရောစပ်ငွေချေးသက်သေခံလက်မှတ်များ Hybrid securities)  ထုတ်ဝေမည်လား  ဆိုသည်ကို အကျေ အလည် စဉ်းစားကြရန်လိုအပ်သည်။

Monday, 5 Jun 2023

ကွမ်းသီးပင်ကို   အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ    ကျွန်းများတွင် ပူ၍ စိုထိုင်းသောဒေသများ၌  စိုက်ပျိုးသည်။  မြန်မာ နိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး၍  ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့်စစ်တွေခရိုင်များဖြစ်ကြ သည်။ ကွမ်းသီးပင်သည်   ပင်လယ်မိုင် ၂၀ဝခန့် အတွင်း အမြင့်ပေ၃၀ဝ၀ အောက်ရှိသော အရပ် ဒေသတို့တွင် ရေဖောဖောသီသီရရှိ၍  ရေမဝပ် လျှင် အထူးဖြစ်ထွန်းသည်။နုန်းမြေသည်ကွမ်းသီး ပင်စိုက်ပျိုးရန် အထူး သင့်လျော်သည်။             ထို့ကြောင့်  ကွမ်းသီးပင်   စိုက်ခင်းများကို မြစ်ချောင်းကမ်းပါးတစ်လျှောက်နှင့်  တောင်ချိုင

Monday, 5 Jun 2023

မြန်မာ့သနပ်ခါးသည် “သနပ်ခါး”ဟူသော  စကားရပ်မှ ဆင်း သက်လာပြီး “သန”ဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရသည်။ “ခါး”ဆိုသည်မှာစွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် သနပ်ခါးသည် မကောင်းသော အညစ်အကြေးများကို  စွန့်ထုတ်ပေး သည့်အရာဟု သိရှိရသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါး ကို လွန်ခဲ့သောနှစ်ပေါင်း ၂၀ဝ၀ ကျော်ကတည်းက  လိမ်းကာ အလှ ချယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။  မြန်မာ နိုင်ငံတွင် မည်သည့်နေရာသွားသွား သနပ်ခါးလိမ်းထားသောမျက်နှာ များကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင်ဖြစ်သည်။ 

Tuesday, 23 May 2023

ကော်ပိုရိတ်ဖွဲ့စည်းမှု ပြင်ဆင်ခြင်းဆိုရာတွင် ကုမ္ပဏီများ ဒေဝါလီခံယူခြင်းနှင့်ဆက်နွှယ်သောကိစ္စများ (သို့မဟုတ်)  ဗျူဟာ မြောက် အခွင့်အလမ်းများ ဖန်တီးခြင်း စသည်တို့ပါဝင်ပါသည်။ အထူးသဖြင့် ကုမ္ပဏီ၏ ဖွဲ့စည်းမှုပုံသဏ္ဌာန်များကို ပြောင်းလဲ လိုက်ခြင်းကြောင့် ရှယ်ယာရှင်တို့၏ ပိုင်ဆိုင်မှုတန်ဖိုး မည်မျှမြင့် တက်လာမည်ကို လေ့လာတွက်ချက်သည့် လုပ်ငန်းဖြစ်ပါသည်။ ကုမ္ပဏီ၏ လက်အောက်ခံဌာနခွဲတစ်ခုကို မိခင်ကုမ္ပဏီမှ ခွဲထုတ် ရောင်းချလိုက်ခြင်းကြောင့်  ကုမ္ပဏီဒေဝါလီခံရမည့်  အရေးမှ မည်သို့ ကင်းဝေးစေနိုင်မည်၊ ရှယ်ယာရှင်တို့၏ တန်ဖိုး မည်သို့ အမြင့်ဆုံးရောက်ရှိနိုင်မည်  ဆိုသည်ကို စီမံခန့်ခွဲရေးအဖွဲ့ (သို့) ဒါရိုက်တာအဖွဲ

Wednesday, 10 May 2023

နံ့သာငါးပါးထဲတွင် ပါဝင်သော စန္ဒကူး(ခေါ်)နံ့သာဖြူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းပင် အာရှဒေသများတွင် အလေးအနက်ထား သုံးစွဲခဲ့ကြသည့် အပင်တစ်မျိုးဖြစ်သည်။ ၎င်းအပင်သည် ဆေးဖက်ဝင်သကဲ့သို့ အမွှေးနံ့သာအဖြစ်လည်း အသုံးပြုလျက်ရှိကြပြီး အချို့သော ဘာသာရေး အခမ်းအနားများတွင်လည်း အမွှေးနံ့သာအဖြစ် အသုံးပြုကြသည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင်တည်ရှိသော သမိုင်းဝင်ကျောင်းတော်ရာဘုရားကြီး၌ စန္ဒကူးပင် စုစုပေါင်း ၂၅၀ဝ ခန့် စိုက်ပျိုးထားရှိပြီး အမှတ်စဉ်များ တပ်ကာ စိုက်ပျိုးထားလျက်ရှိရာ နံပါတ်စဉ်(၉)သည် အခြားအပင်များထက် လွန်စွာမွှေးပျံ့ကြိုင်လှိုင်လျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။ ဘုရားဝင

Tuesday, 25 Apr 2023

ကမ္ဘာပေါ်တွင် ရေ ၊ မြေ၊ သစ်တောနှင့် သယံဇာတများကို ထိန်းသိမ်းရန်အတွက်  တစ်နှစ်လျှင် ဒေါ်လာ ၄၀ဝ မှ ၆၀ဝ ဘီလီယံအထိ လိုအပ်သလို  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ စွမ်းအင်ထုတ်လုပ်နိုင်ရေးအတွက် တစ်နှစ်လျှင် ဒေါ်လာ ၃၅၀ ဘီလီယံလိုအပ်လျက်ရှိသည်။ လက်တွေ့တွင် အဆိုပါလိုအပ်နေသည့် ငွေကြေးပမာဏ၏ ၁၅ ရာခိုင်နှုန်းသာလျှင် ဖြည့်ဆည်းနိုင်ပြီး ယင်းငွေကြေးမှာလည်း အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများထံမှ ရရှိခြင်းဖြစ်သည်။ နောက်ဆုံးရရှိသည့် စာရင်းများအရ ရာသီဥတု ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၌ပင် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ ၇၀ ခန့် ဘဏ္ဍာငွေဖြည့်တင်းရန် လိုအပ်လျက်ရှိသည်။ သို့အတွက် အဆိုပါ သဘာ

Monday, 3 Apr 2023

အမေရိကန်၏ အဆင့် (၁၆) ရှိ Silicon Valley ဘဏ်နှင့် အဆင့် (၃၂) ရှိ Signatura ဘဏ်တို့၏ ပြိုကွဲမှုသည် တစ်ကမ္ဘာလုံး ဆိုင်ရာ စတော့ဈေးကွက်နှင့် ငွေကြေးဈေးကွက်တို့ကို သွယ်ဝိုက်၍ ထိခိုက်စေခဲ့သည်။ အချို့က ဤကိစ္စသည် စနစ်ကြီးတစ်ခုလုံးကို ထိခိုက်စေနိုင်လောက်သည်အထိ   ပျံ့နှံ့နိုင်ခြင်း ၊ ၂၀ဝ၈ ခုနှစ် ကမ္ဘာ့ စီးပွားရေးအကျပ်အတည်းကဲ့သို့ ဖြစ်ပေါ်နိုင်ခြင်း  မရှိဟု သုံးသပ်ကြသည်။

Friday, 17 Mar 2023

တရုတ်နိုင်ငံ၏ရေထွက်ကုန်ဈေးကွက်မှာကမ္ဘာပေါ်တွင် အကြီး မားဆုံးနှင့် အလျင်မြန်ဆုံး ဖွံ့ဖြိုးလာသည့်ဈေးကွက်ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်များမှစ၍ ပြုပြင်ပြောင်းလဲလာခဲ့သည့်  တရုတ်နိုင်ငံ၏ ရေ လုပ်ငန်းကဏ္ဍသည် ၁၉၇၉ခုနှစ်တွင် ဟက်တာပေါင်း  ၂ ဒသမ ၈၆ သန်းမှ ရေထွက်ကုန်တန်ချိန်  ၁ ဒသမ ၂၃ သန်းသာ ထုတ်လုပ်နိုင်ခဲ့ သော်လည်း၊ ၂၀ဝ၂ခုနှစ်တွင် ဟက်တာပေါင်း ၁၃ ဒသမ ၄၅ သန်းရှိ လာခဲ့ကာ ရေထွက်ကုန် တန်ချိန် ၁၂ ဒသမ ၁၃ သန်းအထိ  ထုတ်လုပ် လာနိုင်ခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှုန်း   ၁၅ ရာခိုင်နှုန်းခန့်ရှိခဲ့သည်ကို တွေ့ရသည်။ 

Wednesday, 15 Mar 2023

ကမ္ဘာ့ပေါင်းစည်းမှုဖြစ်စဉ် သို့မဟုတ် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)  သည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေ ကြောင်း ဝေဖန်ဆွေးနွေးမှုများ မြင့်တက်နေသည်။ သို့သော်လည်း လက်ရှိတွင် ကမ္ဘာ့ကုန်သွယ်ရေး၏ ကြံ့ကြံ့ခံနိုင်စွမ်းကြောင့် ကမ္ဘာ တစ်ဝန်း၌ ကုန်သွယ်မှု တိုးတက်နေသည်။ လက်ရှိ တိုးတက်မှုအရ ဂလိုဘယ်လိုက်ဇေးရှင်း အထွတ်အထိပ်ရောက်နေပြီဟု ပြောဆိုနိုင် သည်။ တစ်နည်းအားဖြင့်  လွန်ခဲ့သည့် ဆယ်စုနှစ်  သုံးခုအတွင်း ဖြစ်ပေါ်တိုးတက်ခဲ့သော ဂလိုဘယ်လိုက်ဇေးရှင်း ပြောင်းပြန်ဖြစ်သွား ပြီဟူသော သုံးသပ်ချက်မှာ မှားယွင်းနေသည်။

Friday, 3 Mar 2023

ဆေးရွက်ကြီးကို   မြန်မာနိုင်ငံအလယ်ပိုင်း ပူးပြင်းသော  ဒေသများတွင် အများဆုံး စိုက်ပျိုး ဖြစ်ထွန်းလေ့ရှိသည်။  မူလဒေသက  အမေရိကတိုက်မှဖြစ်ပြီး မြန်မာနိုင်ငံသို့၁၇ရာစုခန့်က အိန္ဒိယ နိုင်ငံမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ နွယ် မြက်သစ်ပင် ဆေးဖက်ဝင်ဆိုစကားနှင့်အညီ  ယခု ဆေးရွက်ကြီးပင်ကို မြန်မာနိုင်ငံသို့ ရောက်ရှိစက ဆေးပင်ဟု ခေါ်ဝေါ်သမုတ်ကြသည်။  ဆေးရွက် ကြီးပင်သည် ချုံပင်အမျိုးအစားဖြစ်ပြီး  အရွက်တို့ သည်  ရွက်ထီးများဖြစ်ကာ   ရွက်လွဲတည်ရှိသည်။ ရွက်ကြောရိုးထီးတည်းနှင့်  လှံသွားပုံရှိပြီး  မျက်နှာ ပြင်တွင် အမွေးနုကလေးများရှိသည်။  ဆေးရွက် ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှု

Pages