Main menu

Background

Monday, 27 Feb 2023

မွန်ပြည်နယ်၏ စီးပွားရေးလုပ်ငန်းအများ စုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြ သည်။ ထို့ပြင် သဘာဝသယံဇာတများစွာ ထွက်ရှိ သည့်   ဒေသတစ်ခုလည်းဖြစ်သည်။  သို့သော် အဆိုပါ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝသယံ ဇာတများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများမှာ ကုန်ကြမ်းများသာဖြစ်ကြသည်။ အဆိုပါကုန်ကြမ်း များကို ပြည်တွင်း/ပြည်ပများ၌ ရောင်းဝယ်ဖောက် ကားရာတွင် ကုန်ချောများနှင့်ယှဉ်ပါက ဈေးနှုန်း/ ဈေးကွက်ကွာဟမှု   များစွာရှိကြောင်း တွေ့ရှိရ သည်။ ထို့ကြောင့် ကုန်ကြမ်းအဆင့်မှ ကုန်ချော အဆင့်သို့ တန်ဖိုးမြှင့်ထုတ်လုပ်ရန် လိုအပ်သည်။ ထိုကဲ့သို့ တန်ဖိုးမြှ

Thursday, 16 Feb 2023

(ယခင်တစ်ပတ်မှအဆက်)
   
အဆင့်(၄)  ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာဖြစ်ကြောင်း  
စစ်ဆေးချက် နှင့်  အကောက်ခွန်ရှင်းလင်းခြင်း (CIQ)
တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းရောက်ရှိသည်နှင့် စားသောက်ကုန် များ၏သင်္ဘောတင်အထောက်အထားများနှင့်   အညွှန်းတပ်ဆင်ရ မည့် လိုအပ်ချက်များ ပြည့်စုံခြင်းရှိ၊ မရှိတို့အား ပြန်လည်သုံးသပ်ရေး အတွက် အကောက်ခွန်အရာရှိများက စစ်ဆေးမှု ပြုလုပ်ပါသည်။
၎င်းလုပ်ငန်းစဉ်မှာ  ပထမအကြိမ်  တင်ပို့သူများအတွက် ပိုမို ရှုပ်ထွေးသော်လည်း ပထမအကြိမ် အောင်မြင်စွာ တင်သွင်းပြီးနောက်  နောင်တင်သွင်းမှုများတွင် များစွာလွယ်ကူသက်သာသွားမည်ဖြစ်ပါသည်။

Thursday, 16 Feb 2023
, ,

ပဲစင်းငုံ တင်ပို့မှုမြင့်တက်လာပြီး ပြည်တွင်း ပဲစင်းငုံဈေးနှုန်းများသည်လည်း လိုက်ပါမြင့်တက်လာသည်ကို တွေ့နိုင်သည်။ ပဲစင်းငုံသည် ဒီဇင်ဘာတွင် အပြီးသတ်ထွက်ပေါ်သည်ဟု ဆိုနိုင်သဖြင့် ဒီဇင်ဘာလကုန်တွင် ဈေးနည်းတတ်သည်။ သို့ရာတွင် ယခုနှစ်တွင် ဇန်နဝါရီလမှစ၍ပင် ဈေးများမြင့် တက်လာသည်ကို တွေ့ရသည်။ မန္တလေးကုန်စည်ဒိုင်၏နေ့စဉ်ဈေးနှုန်းများအရ ၂၀၂၂ခုနှစ် ဒီဇင်ဘာ  ၃၀ ရက်တွင် ပိဿာ ၆၀၊ သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၆၅၀ဝ၀ ဖြစ်သည်။  ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပိဿာ ၆၀၊ သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၆၆၅၀ဝ မှ ၁၆၇၅၀ဝ အထိ ဖြစ်ပေါ်လာသည်။ ဇန်နဝါရီ ၁၇ ရက်တွင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ကျပ် တ

Monday, 13 Feb 2023

လျှပ်စစ်ကားများ ခေတ်စားလာချိန်တွင် ဟိုက်ဒရိုဂျင်ကားကို စီးပွားဖြစ် ထုတ်လုပ်အသုံးပြုလာကြသဖြင့် ဟိုက်ဒရိုဂျင် စီးပွားရေး လုပ်ငန်းများရဲ့  အနာဂတ်အလားအလာကို စိတ်ဝင်စားလာခဲ့ကြပါတယ်။
အစားထိုးလောင်စာ (Alternative fuel) များအနက် အစိမ်း ရောင်စွမ်းအင်တစ်ခုဖြစ်သော ဟိုက်ဒရိုဂျင်လောင်စာကို ဒုံးပျံများ လွှတ်တင်ရာမှာသာမက ၁၉၈၈ ခုနှစ်ခန့်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်အထိ ထုတ်လုပ်ခဲ့ ဖူးပါတယ်။

Monday, 13 Feb 2023

ဗဟိုဘဏ်များ  အလုံးအရင်းဖြင့် ဝယ်ယူမှုကြောင့်  ရွှေဝယ်လိုအားသည် ၂၀၂၂ ခုနှစ်အတွင်း ထူးခြားစွာ မြင့်တက်ခဲ့ကာ ၁၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ (World Gold Council, WGC)က ထုတ်ပြန်ခဲ့သည်။ နှစ်အလိုက်ရွှေဝယ်လိုအားမှာ (ကောင်တာများတွင် ရောင်းဝယ်မှု များ မပါဝင်) ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၄၇၄၁ တန်အထိ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၂ ခု စတုတ္ထကွာတားတွင် ၁၃၃၇ တန်အထိ ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း သိရသည်။ 

Thursday, 2 Feb 2023

(ယခင်တစ်ပတ်မှအဆက်)
အသိအမှတ်ပြုခန့်အပ်တာဝန်ပေးအပ်ခြင်း (Accreditation)

Thursday, 19 Jan 2023

(ယခင်တစ်ပတ်မှအဆက်)
GACC အမိန့်အမှတ် ၂၄၈ [၂၀၂၁] နှင့် ၂၄၉ [၂၀၂၁] ၊ အပိုဒ် ၂၈ အရ ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်များ တရုတ်နိုင်ငံသို့ ဆိုက်ရောက်လာချိန်၌  အောက်ဖော်ပြပါတို့ကို စစ်ဆေးမည် ဖြစ်ပါ သည် -
-        သယ်ယူပို့ဆောင်ရေးကိရိယာများနှင့် သိုလှောင်သည့်နေရာ များမှာ ဘေးကင်းရေးနှင့်သန့်ရှင်းရေး   လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ 
-    ကွန်တိန်နာနံပါတ်၊ တံဆိပ်နံပါတ်၊ အတွင်းနှင့် အပြင်ထုပ်ပိုးမှု တွင် တံဆိပ်ကပ်ခြင်းနှင့်    ကုန်စည်၏အမှန်တကယ်အခြေ အနေသည် ကြေညာချက်နှင့် ပူးတွဲပါ စာရွက်စာတမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ၊

Thursday, 19 Jan 2023

အော်ဂဲနစ် တိုးတက်မှု (Organic Growth) ဆိုသည်မှာ ကုမ္ပဏီတစ်ခု လုပ်ငန်းဆောင်ရွက်ရာမှ ရရှိလာသည့် ဝင်ငွေ အရင်းအမြစ်များကို ရင်းနှီးငွေအဖြစ် ပြန်လည်အသုံးပြုကာ တဖြည်းဖြည်းချင်း ကြီးပွားတိုးတက်ခြင်းကိုဆိုသည်။ အော်ဂဲနစ် တိုးတက်မှု နည်းစနစ်သည် နှေးကွေးပြီး အဆင့်တစ်ခုသို့ရောက် ရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည်။ ထိုသို့ ကုမ္ပဏီတစ်ခု ၏တိုးတက်ကြီးပွားမှုနှုန်း နှေးကွေးသဖြင့် လုပ်ငန်းများချဲ့ထွင်ရန် အချိန်ကြာမြင့်ပြီး အခြားသော ပြည်တွင်းကုမ္ပဏီများ၊ ပြည်ပ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရာတွင် အသာစီး မရရှိနိုင်၊ ဈေးနှုန်းနှင့် အရည်အသွေး၊ ဝန်ဆောင်မှုများတွင်လည်း မယှဉ်ပြိုင်နိုင်၊ ဈေးက

Tuesday, 10 Jan 2023

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင်  ဖော်ထုတ်ချက် ၄၃ ချက် အနက်  ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများနှင့်  ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ကုန်စည်ဒိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တိုင်းဒေသကြီး/ ပြည် နယ်အစိုးရအဖွဲ့များ ပူးပေါင်းကာ  ဦးစားပေးဆောင်ရွက်ရန် အချက်နှင့်ပတ်သက်၍  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်  စားသုံးသူရေးရာဦးစီးဌာန  အစည်းအဝေးခန်းမ၌  ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေ

Tuesday, 10 Jan 2023

နိုင်ငံတစ်ခု၏ စတော့ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ ဆွဲ‌ဆောင်မှုရှိသည့် ဈေးကွက်တစ်ခုဖြစ်စေရေးနှင့် အရောင်းအဝယ်သွက်လက်မှုရှိစေရေးအတွက် ‌ဆောင်ရွက်သင့်သည့်အချက် ငါးချက်ရှိသည်။ ၎င်းတို့မှာ ဈေးကွက်၏ Supply Side တွင်ရှိနေသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ စတော့ဈေးကွက်သို့ ပိုမိုပါဝင်လာစေရေး၊ ဈေးကွက်ဝင်စတော့များ၏ အရည်အသွေးမြင့်မားရေး၊ Demand Side တွင်ရှိနေသည့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူ အရေအတွက် မြှင့်တင်ရေး၊ ဈေးကွက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက် ထုတ်ပြန်မှုများ အရည်အသွေး မြင့်မားရေးတို့ဖြစ

Pages