Main menu

Background

Tuesday, 30 Aug 2022

သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံ သီးနှံနှင့် နှမ်းသီးနှံများအနက်  ပဲတီစိမ်းနှင့် နှမ်းသည်    နေ့စဉ်ဈေးကွက် အတွင်းသို့  ဝင်ရောက်လျက်ရှိသည်။  သြဂုတ်လ တတိယပတ်တွင်  ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင်  ကျပ် ၅၀ဝ၀ဝ ဖြင့်   ဈေးမြင့်တက်လာသော်လည်း  အရောင်းအဝယ်အေးလျက်ရှိသည်။ နှမ်းသီးနှံများမှာလည်း တတိယပတ်တွင်  နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၇၅၀ဝ၀ ဖြစ်ခဲ့ပြီး ယခုတစ်ပတ် တွင်  နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ ဖြစ်၍ ကျပ် ၅၀ဝ၀စီ ဈေးမြင့်တက်လာကြောင်း သိရှိရသည်။

Tuesday, 30 Aug 2022

အရှေ့တောင်အာရှ တစ်ခွင်တွင်  ဒူးရင်းသီးကို သစ်သီး များရဲ့ဘုရင် (King of Fruits) ဟ ုတင်စားခေါ်ဝေါ်ကြပါ တယ်။ ဒူးရင်း (Durian) ဆိုသည့် အမည်ဟာ မလေးဘာသာ (Duri) မှဆိုသည့် စကားရပ်မှ ဆင်းသက်လာတာဖြစ်ပြီး (Duri) ဆိုတာကတော့ "ဆူး" ဆိုတဲ့အဓိပ္ပာယ်ပါ။ ထားဝယ် ရာဇဝင်သမိုင်း ဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား "ဒူရကနတ်သား" မှ နတ်ပြည်မှပါလာသည့် နတ်သစ်သီးအား ဆပ်ကပ်လှူဒါန်းခဲ့သည့် နတ်သစ်သီးမျိုးစေ့ကို လူတို့စိုက် ပျိုးကြရာမှ ထိုအသီးကို "ဒူရကသီး" ဟု ခေါ်တွင်ခဲ့ရာမှ နောက် ပိုင်းတွင် ]ဒူးရင်းသီး}ဟု အမည်တွင်ခဲ့တယ်လို့ ဖတ်ရှုလေ့ လာဖူးပါတယ်။ 

Tuesday, 30 Aug 2022

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ တစ်ရက်လျှင် ၁၅ ပိဿာဝင် အိတ် ၂၀ဝ ခန့် အဝင်ရှိသည်။ အရောင်းအဝယ် အနည်းငယ်အေးနေပြီး ဓားလှီးချင်းဖတ်သမားများနှင့် လက်လီသမားတို့သာ အဝယ်ရှိနေသည်။ သြဂုတ်လ စတုတ္ထပတ် ချင်းဈေးများမှာ ချင်းတက်ပွဲရုံဈေး တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ-၁၅၀ဝ နှင့် လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၃၀ဝ တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်ထက်စာလျှင် တစ်ပိဿာလျှင် ကျပ် ၂၀ဝ ဈေးမြင့်လာသည်။မန်ကျည်းမှည့် ပွဲရုံများတွင် ကျောက်ပန်းတောင်း၊ ပျော်ဘွယ် စသည့် အညာ ဒေသထွက် မန်ကျည်းမှည့်များ ဝင်ရောက်မှု အနည်းငယ်ရှိနေသည်။ မန်ကျည်းမှည့် ဈေးများမှာ ပွဲရုံဈေး  တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဖြစ်ပြီး ဒေသထ

Tuesday, 30 Aug 2022

ကသာခရိုင် မြို့နယ်လေးမြို့နယ်တွင် ယခင်နှစ် မိုးစပါးစိုက်ဧက ၁၇၃၆၀၈ ရှိပြီး ဧရာမင်း စပါးစိုက်ဧက ၃၀၆၇ ရှိကြောင်း သိရှိရသည်။ ဧရာမင်းစပါးသည် အခြားစပါးများထက် ဈေးနှုန်းမြင့်မားပြီး ငွေကြေးတတ်နိုင်သူများသာ စားသုံး ကြသည့်အတွက် ခရိုင်အတွင်း စိုက်ပျိုးမှု အနည်းငယ်သာရှိကြောင်း သိရသည်။ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးမောင်မောင်က  "ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေနဲ့ ဆန်အမာ စားသုံးမှုနည်းပြီး ဆန်အစီးကိုသာ စားသုံးကြတယ်။ တောင်သူအများစုကတော့ ဆင်းဧကရီ(၃) စိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးသူများသလို တရုတ်ပြည်တင်ပို့မှုလည်း ရှိပါတယ်။ ဧရာမင်းဆန်က ဆန်အမာအမျိုးအစားမှာပါတဲ့ အတွက် ဒေသတ

Tuesday, 30 Aug 2022

ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၈၄၀ တင်ပို့ခဲ့ကြောင်း သိရသည်။တင်ပို့မှုအနေဖြင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာ တန်ချိန် ၇၅၂၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၁၇၀၊  ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၉၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၈၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၂၆၀ အသီးသီး တင်ပို့နိုင်ခဲ့သည်။ဇူလိုင်လအတွင်း မြန်မာ-ထိုင်း နယ်စပ်လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၀ကျော်နှင့် မြန်မာ-တရုတ် နယ်စပ်က

Tuesday, 30 Aug 2022

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် သြဂုတ်လ ပထမပတ်မှစ၍  ပဲဈေးများ မြင့်တက် လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲများ ရောင်းဝယ်လျက်ရှိသည်။ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ  ပိဿာ ၂၀ ဝင် တစ်တင်းကို  ကျပ် ၅၄၅၀ဝ-၅၅၀ဝ၀ ဖြင့် တစ်ရက်ကို ၁၅၀၊ ၂၀ဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ရန်ကုန်သို့တင်ပို့မှုရှိခဲ့သည်။ ပြည်ကုန်စည်ဒိုင် တွင် သြဂုတ်လ ဒုတိယပတ်၌ မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို  ကျပ် ၅၈၅၀ဝ-၅၉၀ဝ၀-၅၉၅၀ဝ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။သြဂုတ်လပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၄၉၅၀ဝ-၅၀ဝ၀ဝ-၅၀၅၀ဝ ဒုတိယ ပတ်တွင်  ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀ -၅၈၅၀ဝ-၅၉၀ဝ၀ ဖြင့် တစ်ရက

Tuesday, 30 Aug 2022

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်တွင်   International Rice Market Website  ၌ ဖော်ပြချက်အရ ပါကစ္စတန်  ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၈ ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၄ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၁၀ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆ ဒေါ်လာ ဖြင့်လည်း

Tuesday, 30 Aug 2022

ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက် များက လက်ကားတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ-၂၀ဝ၀၊ လက်လီဈေး တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၄၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်တွင် လက်ကားကျပ် ၁၈၀ဝ-၁၉၀ဝ၊ လက်လီ ကျပ် ၂၅၀ဝ-၂၈၀ဝ ဈေးရှိသည့်အတွက်  ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ ၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀ဝ-၄၀ဝ ဈေးပိုလာသည်ကို တွေ့ရသည်။ 

Tuesday, 30 Aug 2022

ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၃ဒသမ၆၀၂ သန်းတန်ဖိုးရှိရော်ဘာတန်ချိန် ၂၃၅၀ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရော်ဘာတန်ချိန် ၁၅၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၃၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၃၀ နှင့် အင်ဒိုနီးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၆၀ တင်ပို့ခဲ့ကြောင်း သိရသည်။

Tuesday, 30 Aug 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် နမ့်စန်မြို့နယ် အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာနှင့် လွယ်ဆိုင်ရွာတို့တွင် နာနတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျန်သောရွာများ တွင်လည်း အနည်းငယ် စိုက်ပျိုးကြသည်။ နာနတ်သီးအား အပင်အသစ်စိုက်ပျိုးပါက သုံးနှစ်မှ စတင်အသီးသီးပြီး သုံးနှစ် အသီးထွက်ရှိသည်။  အသီးအထွက်  သုံးနှစ်ပြည့်အခင်းမှ အပင်များ တူးထုတ်ပြီး အခင်းအသစ် ပြန်လည်စိုက်ပျိုးသည်။ တောင်သူများအနေဖြင့် နာနတ်စိုက်ခင်းအား မိမိစိုက်မြေပေါ် ကိုမူတည်၍ နှစ်ခင်း၊ သုံးခင်းအားစိုက်ချိန်ခွာ၍ စိုက်ပျိုးကြ သည့်အတွက်ကြောင့် နှစ်စဉ်ဝင်ငွေရရှိသည်။

Pages